မိုးကောင်းရှိ ပြည်လုံးချမ်းသာရွှေသာလျောင်းမြတ်စွာဘုရားဗုဒ္ဓပူဇနိယပွဲတော်ဖွင့်ပွဲကျင်းပပြုလုပ်
မိုးကောင်းရှိ ပြည်လုံးချမ်းသာရွှေသာလျောင်းမြတ်စွာဘုရားဗုဒ္ဓပူဇနိယပွဲတော်ဖွင့်ပွဲကျင်းပပြုလုပ်
EPN
မိုးကောင်း၊ ဖေဖေါ်ဝါရီ ၈
EPN
မိုးကောင်း၊ ဖေဖေါ်ဝါရီ ၈
- ကချင်ပြည်နယ်၊ မိုးကောင်းမြို့၊ မြို့ကျက်သရေဆောင် ပြည်လုံးချမ်းသာ ရွှေသာ လျောင်းမြတ်စွာဘုရား ဗုဒ္ဓပူဇနိယပွဲတော်ဖွင့်ပွဲကို ဖေဖေါ်ဝါရီ(၈)ရက်က ကျင်းပပြုလုပ်ရာ ရှေးဦးစွာ နံနက်(၆) နာရီ အချိန်၌ ဗုဒ္ဓါဘိသေက မင်္ဂလာပွဲကို မြို့ပေါ်ကျောင်းတိုက်(၂၃)ကျောင်းမှ ဆရာတော်ကြီးများ သံဃာတော်များအပါး (၃၀)ပါး ကြွရောက်၍ ဗုဒ္ဓါဘိသေက အနေကဇာတင် မင်္ဂလာပွဲကို ကျင်းပခဲ့ကြောင်းသိရသည်။
- ထို့နောက် မွန်းလွှဲ(၁)နာရီအချိန်တွင် ရွှေသာလျောင်းမြတ်စွာဘုရားဗုဒ္ဓပူဇနိယပွဲတော်ဖွင့်ပွဲကို ရွှေသာ လျောင်းမြတ်စွာဘုရား အာရုဏ်ခံ တန်ဆောင်းအတွင်း၌ ကျင်းပရာ ကြွရောက်လာသော ဆရာတော် သံဃာတော် များနှင့် ဧည့်ပရိတ်သတ်များမှ နမောတဿ သုံးကြိမ် ဘုရားကန်တော့ ဖွင့်လှစ်ပြီး မြို့နယ် သံဃနာယက ဥက္ကဌ နမ္မတီးမြို့၊ မြို့သစ်ကျောင်းဆရာတော် ဘဒ္ဒန္တဥတ္တမထံမှ ငါးပါးသီလကို ခံယူဆောက်တည်ခဲ့သည်။
- ယင်းနောက် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးရန်နိုင်ထွန်းမှ သာသနာရေးရာများကို လျောက်ထားပြီး ရွှေသာလျောင်းမြတ်စွာဘုရားကြီးအား ရတုသံစမ်းကဗျာများဖြင ရွတ်ဆိုပူဇော်ကြ၍ ကြွရောက်လာသော ဆရာတော်သံဃာတော်များကို လှူဖွယ်ဝတ္ထုများ ဆက်ကပ်လှူဒါန်းပါသည်။
- ဆက်လက်၍ မြို့နယ်သံဃနာယက အတွင်းရေးမှူး ပစ္ဆိမာရုံကျောင်း ဆရာတော်ဘဒ္ဒန္တသာသနမှ သြဝါဒစကား ချီးမြှင့်ပြီး လှူဒါန်းမှုအစုစုအတွက် ရေစက်သွန်းချအမျှဝေကာ ဗုဒ္ဓသာသနံစိရံတိဌတု သုံးကြိမ်ရွတ်ဆို၍ အခမ်းအနားကို ပိတ်သိမ်းကာ ဖွင့်ပွဲကို သတ်မှတ်ထားသောနေရာတွင် ဖဲကြိုးဖြတ် ဖွင့်လှစ်ခဲ့ကြောင်းသိရသည်။
- အဆိုပါဖွင့်ပွဲသို့ မြို့နယ်သံဃနာယကဆရာတော်ကြီးများ ပင့်ဖိတ်ထားသော ဆရာတော်ကြီးများ မြို့နယ် အုပ်ချုပ်ရေးမှူး ဦးရန်နိုင်ထွန်း၊ မြို့နယ်မှူးယာယီရဲမှူး ဝင်းမြင့်အောင်နှင့် ဌာနဆိုင်ရာအရာရှိကြီးများ ဧည့်သည် တော်များ ဝတ်အသင်းသူ/သားများ ရှမ်းရိုးရာယဉ်ကျေးမှုအဖွဲ့များ (၆၀၀)ဦး ခန့်တက်ရောက်ခဲ့ကြောင်းသိရသည်။







Comments
Post a Comment