ပန်ဝါမြို့တွင် လာချိဒ်မျိုးနွယ်စု ဘာသာစကား/ စာများ သင်ကြားပေးနိုင်ရန် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်မှ မတည်ငွေ လှူဒါန်း

ပန်ဝါမြို့တွင် လာချိဒ်မျိုးနွယ်စု ဘာသာစကား/ စာများ သင်ကြားပေးနိုင်ရန် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်မှ မတည်ငွေ လှူဒါန်း
 
EPN
ပန်ဝါ ဇန်နဝါရီ ၈

  • ကချင်ပြည်နယ် အထူးဒေသ(၁) ပန်ဝါမြို့တွင်ပထမဆုံးအကြိမ်  လာချိဒ်မျိုးနွယ်စု ဘာသာစကား/ စာများ သင်ကြားပေးနိုင်ရန် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်မှ မတည်ငွေလှူဒါန်းပေးခဲ့ကြောင်းသိရသည်။
  • ပန်ဝါမြို့ စိန်ပေါလ် ကက်သစ်လစ် ဘုရားကျောင်း၌ပထမဆုံးအကြိမ် လာချိဒ်မျိုးနွယ်စု ဘာသာစကား/ စာများ သင်ကြားပေးနိုင်ရန် ယမန်နေ့ နေ့လည်(၁)နာရီတွင် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်ဦးဇခုန်ယိန်းဆောင် မှ မတည်ငွေအဖြစ် တရုတ်ငွေယွမ်(၂၅၀၀၀) လှူဒါန်းပေးရာ လာချိဒ်စာပေ/ ယဉ်ကျေးမှုမှ Doctor ဂျီယိန်ဘောမ်မှ လက်ခံရယူခဲ့သည်။
  • အဆိုပါ ဘုရားကျောင်းတွင် Doctor ဂလောင်ယိန်းဘောမ် နှင့် ဆရာမကျန်းဝမ် တို့မှ  ကက်သလစ်ဆုတောင်း မေတ္တာအား လာချိဒ်စာပေ/စကားဖြင့် သင်ကြားခြင်း၊ ဆုတောင်းခြင်း action sound များဖြင့် သင်ကြားနေခြင်းဖြစ် သည်။
  • " လာချိဒ်မျိုးနွယ်စု ဘာသာစကား/စာတွေကို ဒေသမှာရှိတဲ့ ပြည်သူတွေ သင်ကြားနိုင်အောင်နဲ့ လိုအပ်တဲ့ နေရာမှာ အသုံးပြုနိုင်အောင် မတည်ငွေအဖြစ်လှူဒါန်းခဲ့တာပါ "ဟု ချီဖွေမြို့နယ်အမှတ်(၂)မဲဆန္ဒနယ် ပြည်နယ် လွတ်တော်ကိုယ်စားလှယ် ဦးဇခုန်ယိန်းဆောင် ကပြောသည်။
  • ပထမဆုံးကြိမ် စိန်ပေါလ် ကက်သစ်လစ် ဘုရားကျောင်း၌ လာချိဒ်မျိုးနွယ်စု ဘာသာစကား/ စာများကို သင်ကြားနိုင်ရန် Doctor ဂလောင် ယိန်းဘောမ် နှင့် ပန်ဝါ KBC ဘုရားကျောင်းမှ ဆရာမ ကျန်းဝမ် တို့မှ ကချင်အထူး ဒေသ(၁) ရှိ ဒေသအသီးသီးမှ သင်တန်းသား/သင်တန်းသူ(၂၃ )ဦးကို  သင်ကြားပေးနေခြင်းဖြစ်ပြီး အဆိုပါ သင်တန်းမှာ တစ်လခန့်ကြာမည် ဖြစ်ကြောင်း သိရသည်။
                                 စိုင်းဆိုင်မင်း







Comments

သတင်းခေါင်းစဉ်များ

အင်တာနက်ကို အကျိုးရှိရှိ လုံလုံခြုံခြုံ အသုံးပြုတတ် စေရန် ရည်ရွယ်၍ Telenorမြန်မာဆက်သွယ်ရေးကုမ္ပဏီမှ ပညာပေးဟောပြောပွဲ ပြုလုပ်

မိုးညှင်းပြည်သူ့ဆေးရုံတွင်အချုပ်သားဆေးကုသဆောင်တည်ဆောက်မည့် တွက်ချက်လျာထားချက် မြေပုံတို့ကို မတင်ပြနိုင်သေး

ပြည်နယ်လုံးဆိုင်ရာနှစ်သစ်ကူးပွဲတော်တွင်တကွင်းရှမ်းစာပေနှင့်ယဉ်ကျေးမှုမှကျင်းပပြုလုပ်သောပထမအကြိမ်ကံစမ်းမဲဖွင့်လှစ်

ဗန်းမော်မြို့တွင် စစ်ဘေးတိမ်းရှောင်စခန်းနေ နဝမတန်းကျောင်းသားတစ်ဦး ဓားခုတ်ခံရ၍ သေဆုံး

ဆင်ဘိုမြို့ယောဂီဝတ်အသင်းအဖွဲ့မှဝန်းသိုကျောင်းတိုက် ဆရာတော်ဘုရားကြီး၏ရုပ်ကလပ်ကိန်းဝပ်ရာ နိဗ္ဗာန်စံကျေင်းသို့ ပဌာန်း၊ပရိတ်တော်သံဝေဂတို့အား လာရောက်ရွတ်ဖတ်ပူဇော်

မော်ဟန်ကျေးရွာတွင်မှ ထောင်ကျဖူးသူ အမျိုးသမီးမှ မူးယစ်ဆေးရောင်းချသဖြင့် ပြန်လည်ဖမ်းဆီးမိ

ဗန်းမော်တွင် မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် သစ်ပင်နှင့် တောင်ကမ်းပါးယံမြေပြိုကျ၍ လမ်းပိတ်ဆို့မှု

မော်ဟန်-နမ္မချီကားလမ်းတွင် မူးယစ်ဆေးသယ်ဆောင်သူ(၂)ဦးအားဖမ်းဆီးမိ

Northern Green Bike အဖွဲ့ မြစ်ကြီးနားသို့ရောက်ရှိ