ဒေသခံပြည်သူများ လျှပ်စစ်မီးအသုံးပြုနိုင်ရေးအတွက်  ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်မှ ကိုယ်ပိုင်ငွေဖြင့် ဆောင်ရွက်

EPN
ဖီမော်၊ ဇန်နဝါရီ ၇

  • ကချင်ပြည်နယ်၊ချီဖွေမြို့နယ်၊ ထန်းဒုံကျေးရွာနှင့် ဂလန်ကျေးရွာအထိလျှပ်စစ်မီးရရှိရေးအတွက် ဇန်နဝါရီ ၄ ရက်နေ့ မှစ၍ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်မှ အကုန်းအကျခံဆောင်ရွက်နေကြောင်း သိရသည်။
  • အဆိုပါ လျှပ်စစ်မီးလင်းရေးအတွက် ဇန်နဝါရီ(၄)ရက်နေ့ မှစ၍လူအင်းအား(၁၀)ယောက်ကျော်ဖြင့် ဆန်းလင်း အင်တာနေရှင်နယ်ကုမ္ပဏီမှ တာဝန်ယူဆောင်ရွက်နေပြီး ကုန်ကျစရိတ်အားလုံးကို ပြည်နယ်လွှတ်တော် ကိုယ်စား လှယ် ဦးဇခုန်ယိန်းဆောင်က အကုန်အကျခံဆောင်ရွက်ပေးခြင်းဖြစ်သည်။
  • "  ဒီဒေသဟာ အလွန်ဝေလံခေါင်းဖျားပြီး ဒေသဖွံ့ဖြိုးရေး နောက်ကျနေတဲ့ဒေသပါ။ ဒေသခံပြည်သူတွေဟာ ရိုးသားတယ်၊ ပွင့်လင်းတယ်၊ အရှိကိုအရှိအတိုင်းပြောတတ်တယ်၊ အဲအပေါ်မှာ ကိုယ်ချင်းလဲစားတယ် ဒါကြောင့် ဒေသခံပြည်သူတွေ လျှပ်စစ်မီးအသုံးပြုလို့ရအောင်လို့ ကျွန်တော်ကိုယ်ပိုင်ငွေနဲ့ပဲ အကုန်အကျခံ ဆောင်ရွက်ပေးနေ တာပါ " ဟု ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးဇခုန်ယိန်းဆောင်ကပြောသည်။
  • ထန်းဒုံကျေးရွာနှင့်ဂလန်ကျေးရွာ ဒေသခံပြည်သူများ လျှပ်စစ်မီးအသုံးပြုနိုင်ရေးအတွက် ဓာတ်တိုင်များ စိုက်ထူး၍ မီးကြိုများသွယ်တန်ခြင်းကို  ချီဖွေမြို့နယ်မဲဆန္ဒ(၂) ပြည်နယ်လွတ်တော် ကိုယ်စားလှယ် ဦးဇခုန်ယိန်းဆောင်မှမိမိပိုင်ငွေဖြင့်အကုန်းအကျခံဆောင်ရွက်ပေးနေခြင်းဖြစ်သည်
  • "အခုလို ကျွန်တော်တို့ဒေသ လျှပ်စစ်မီးရရှိရေးအတွက်စေတနာထားဆောင်ရွက်ပေးနေတာ မြင်တွေ့ရတော့ ဝမ်းသာတယ်။ကြည်နူးတယ်ပေါ့ဗျာ။ကျွန်တော်တို့လူရွေးမမှားဘူးပေါ့နော်။ကျွန်တော်တို့ရွေးချယ်လိုက်တဲ့ မဲတစ်ပြား ဟာ ကျွန်တော်တို့ရဲ့ အလင်းရောင်းဖြစ်တယ်ဆိုတာ အခုလက်တွေ့ပါပဲ "ဟု ဂလန်ကျေးရွာမှ ဒေသခံ ဦးခေါလန်း ကပြောသည်။
  • အဆိုပါ လျှပ်စစ်မီးလင်းရေးအတွက် ဖီမော်ကျေးရွာမှ(၆)မိုင်ကျော်ဝေးသော ဂလန်ကျေးရွာအထိ ဓာတ်တိုင် (၄၀)ကျော်စိုက်ထူ၍ ဓာတ်ကြိုများသွယ်တန်းခြင်းအတွက် စုစုပေါင်းကုန်းကျငွေ သိန်းသုံးရာ့သုံးဆယ်ကျပ်ခန့်ကုန် ကျမည်ဖြစ်ကြောင်း သိရသည်။
                             စိုင်းဆိုင်မင်း








Comments

သတင်းခေါင်းစဉ်များ

အင်တာနက်ကို အကျိုးရှိရှိ လုံလုံခြုံခြုံ အသုံးပြုတတ် စေရန် ရည်ရွယ်၍ Telenorမြန်မာဆက်သွယ်ရေးကုမ္ပဏီမှ ပညာပေးဟောပြောပွဲ ပြုလုပ်

မိုးညှင်းပြည်သူ့ဆေးရုံတွင်အချုပ်သားဆေးကုသဆောင်တည်ဆောက်မည့် တွက်ချက်လျာထားချက် မြေပုံတို့ကို မတင်ပြနိုင်သေး

ပြည်နယ်လုံးဆိုင်ရာနှစ်သစ်ကူးပွဲတော်တွင်တကွင်းရှမ်းစာပေနှင့်ယဉ်ကျေးမှုမှကျင်းပပြုလုပ်သောပထမအကြိမ်ကံစမ်းမဲဖွင့်လှစ်

ဗန်းမော်မြို့တွင် စစ်ဘေးတိမ်းရှောင်စခန်းနေ နဝမတန်းကျောင်းသားတစ်ဦး ဓားခုတ်ခံရ၍ သေဆုံး

ဆင်ဘိုမြို့ယောဂီဝတ်အသင်းအဖွဲ့မှဝန်းသိုကျောင်းတိုက် ဆရာတော်ဘုရားကြီး၏ရုပ်ကလပ်ကိန်းဝပ်ရာ နိဗ္ဗာန်စံကျေင်းသို့ ပဌာန်း၊ပရိတ်တော်သံဝေဂတို့အား လာရောက်ရွတ်ဖတ်ပူဇော်

မော်ဟန်ကျေးရွာတွင်မှ ထောင်ကျဖူးသူ အမျိုးသမီးမှ မူးယစ်ဆေးရောင်းချသဖြင့် ပြန်လည်ဖမ်းဆီးမိ

ဗန်းမော်တွင် မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် သစ်ပင်နှင့် တောင်ကမ်းပါးယံမြေပြိုကျ၍ လမ်းပိတ်ဆို့မှု

မော်ဟန်-နမ္မချီကားလမ်းတွင် မူးယစ်ဆေးသယ်ဆောင်သူ(၂)ဦးအားဖမ်းဆီးမိ

Northern Green Bike အဖွဲ့ မြစ်ကြီးနားသို့ရောက်ရှိ