ယခုနှစ်အတွင်း မြစ်ကြီးနားမြို့ဆေးရုံကြီး၏ သားဖွားဆောင်နှင့် ကလေးဆောင်တိုးချဲ့ရန် အစီအစဉ်မရှိ

ယခုနှစ်အတွင်း မြစ်ကြီးနားမြို့ဆေးရုံကြီး၏ သားဖွားဆောင်နှင့် ကလေးဆောင်တိုးချဲ့ရန် အစီအစဉ်မရှိ

EPN
မြစ်ကြီးနား၊ ဖေဖော်ဝါရီ ၁၂
  • ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၏ ဒူကထောင်ရပ်ကွက်အတွင်းရှိ ကုတင်၅၀၀ဆံ့အထွေထွေရောဂါကု ပြည်သူ့ ဆေးရုံအတွင်းရှိ အမျိုးသမီး သားဖွားဆောင်နှင့် ကလေးဖျားနာဆောင်ကို ယခုနှစ်အတွင်း တိုးချဲ့ရန်အစီအစဉ်မရှိသေး ကြောင်း အဆိုပါဆေးရုံ၏ ဆေးရုံအုပ်ကြီးထံမှ သိရသည်။
  • အဆိုပါဆေးရုံကြီး၏ သားဖွားမီးယပ်ဆောင်နှင့် ကလေးဖျားနာဆောင်များ၏  အခန်းများတွင် သတ်မှတ်ထားသည့် လူနာဦးရေထက် ကျော်လွန်များပြားနေသောကြောင့် ဆေးရုံလာတက်သည့် လူနာများမှာ အဆင်မပြေမှုများ ကြုံတွေ့ နေရသည့်အကြောင်း မေးမြန်းရာမှ ထိုကဲ့သို့ဖြေကြားခြင်းဖြစ်သည်။ 
  • ``၂၀၁၈ထဲတော့ တိုးနိုင်လောက်မှာ မဟုတ်သေးဘူး၊ ဒီဆေးရုံဝင်းထဲမှာ လေးထပ်ဆောင်အသစ်ဆောက်နေတာ အပေါ်ဆုံးထပ်က ခွဲစိတ်ခန်းပါတယ် အောက်ကလူနာဆောင်၊ ခွဲစိတ်ခန်းနဲ့ဆက်နွယ်တဲ့ လူနာဆောင်တွေပေါ့ ခွဲစိတ်ဆောင်တို့ အရိုးဆောင်တွေပေါ့ အဲ့ဒီဘက်က လေးထပ်အသစ်အဆောင်ပြီးသွားရင်တော့ ရွေ့လို့ရပြီ ဒီအဆောင် အဟောင်းဘက်က ခွဲစိတ်ဆောင်တို့ အရိုးဆောင်တွေ ၊လွတ်သွားတဲ့နေရာမှာ  ကလေးဆောင်တို့ သားဖွားမီးယပ်ဆောင် တို့ရွေ့မယ် ယာယီရွေ့ပြောင်းလို့ရတဲ့နေရာတွေ ရှိလာပြီဆိုရင်တော့ အဆောင်တွေကလည်း ကြာလာပြီဆိုတော့လေ အသစ်ဆောက်ဖို့တော့ရှိတယ်၊ လူကျပ်တာမျိုးလည်းရှိပါတယ်၊ မိုးတွင်းဆို ကလေးဆောင်က ဝမ်းပျက်ဝမ်းလျောရောဂါနဲ့ သွေးလွန်တုပ်ကွေး ရာသီဆို လူများတယ်၊ သားဖွားမီးယပ်ဆောင်ကတော့ အမြဲတမ်းလိုလိုလူများတယ် အဆောင်တိုးချဲ့ ဖို့တော့ လိုအပ်နေတယ်၊ နှစ်ကာလကြာပြီဆိုတော့ အထပ်မြင့်အဆောက်အအုံတော့ ရေရှည်မှာလိုအပ်လာမှာ အမှန်ပဲ လေ´´ဟု မြစ်ကြီးနားမြို့၊ ကုတင်၅၀၀ဆံ့ အထွေထွေရောဂါကုပြည်သူ့ဆေးရုံ၏ ဆေးရုံအုပ်ကြီး ဒေါက်တာဘုန်းမော် ကပြောသည်။
  • မြစ်ကြီးနားမြို့ ၊ကုတင်၅၀၀ဆံ့ဆေးရုံကြီး၏ သားဖွားမီးယပ်ဆောင်နှင့် ကလေးဖျားနာအဆောင်ရှိ လူနာအခန်းများ တွင် လူနာများလာပါက ယာယီကုတင်များဖြင့် နေကြရပြီး အဆင်မပြေမှု အခက်အခဲများ ကြုံနေရကြောင်း သိရသည်။
  • ``အခုနောက်ပိုင်း ဒီဆေးရုံကြီးကို ပြည်သူတွေက ပိုအားကိုးလာကြတာနဲ့ ဆိုင်မယ်ထင်တယ်  တချို့ဆေးတွေက အခမဲ့ရတယ် အရင်ကထက်လည်း ကုန်ကျစရိတ် သက်သာလာတယ် ဒါပေမယ့် ကျွန်မဆေးရုံတက်တဲ့အခါ ပုံမှန်ဆိုရင် ကုတင် အလုံး၂၀လောက်ပဲ ဆန့်တဲ့အခန်းမှာ ကြားထိုးတဲ့ကုတင်တွေနဲ့ လူနာ၃၀ယောက်လောက် နေခဲ့ရတယ်´´ဟု သားဖွားမီးယပ်ဆောင်မှ ဆေးရုံလာတက်သူ ဒေါ်ချိုလွင်ကပြောသည်။
  • မြစ်ကြီးနားမြို့၊ အထွေထွေရောဂါကုဆေးရုံကြီး ပြင်ပလူနာဌာနတွင် တစ်ရက်လျှင်လူဦးရေ ၄၀၀ကျော် လာရောက်ပြသနေပြီး  တစ်နေ့လျှင်ပျဉ်းမျှ လူနာအရေအတွက် ၁၀၀ခန့် အဆိုပါဆေးရုံတွင် ဆေးရုံတက်ကုသနေကာ ၊ အဆိုပါဆေးရုံကြီးထဲတွင် ပြင်ပလူနာဌာန၊ ဖျားနာဆောင်၊ သားဖွားမီးယပ်ဆောင်၊ အရိုးဆောင်၊ ကလေးဆောင်၊ မျက်စိကုသဆောင်၊ ဓာတ်မှန်ဌာန ၊ ကင်ဆာဆောင်၊ တီဆာင်၊ ARTကုသဆောင်၊ ခြေတုလက်တုဌာန၊ စိတ်ရောဂါကုသ ဆောင်၊ ထောင်ဆေးဆောင် များရှိကြောင်း သိရသည်။
                                             မီးမီး

Comments

သတင်းခေါင်းစဉ်များ

မျိုးဆက်သစ်လူငယ်များ မူးယစ်ဆေးသားကောင်မဖြစ်ရေး ACHC/SPIC ကုမ္ပဏီ၏ကူညီပံ့ပိုးမှုဖြင့် အောင်မြင်သာ အုပ်ချုပ်ရေးမှူးဖလား ဘောလုံးပြိုင်ပွဲ ကျင်းပ

ဘဏ္ဍာရေး ကိစ္စများဆွေးနွေးညှိနှိုင်းရန် KIO အဖွဲ့မှစာဖြင့်ဆင့်ခေါ်

ဗန်းမော် မြို့ ၌ ရခိုင်ပြည်နယ်အတွင်းလူသားချင်းစာနာမှု ထောက်ပံ့ ကူညီလှူဒါန်းရေး အလှူငွေ ပေးအပ်ပွဲ ကျင်းပ

ACHC/SPIC ကုမ္ပဏီမှ ကူညီပံ့ပိုးမှုဖြင့် ချစ်ကြည်ရေး မိုးရာသီ ဘောလုံးပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကျင်းပ

မြေပြင်အခြေအနေအမှန်ကို သိရှိနိုင်ရန် Base Line Data ကောက်ခံခြင်းဆိုင်ရာ သင်တန်းဖွင့်လှစ်

ဗန်မော်-မန္တလေး ပြေးဆွဲလျှက်ရှိသော ရေယာဉ်ကြီးများ ဗန်းမော်တပ်ကလေးဆိပ်ကမ်းမှ စတင်ထွက်ခွာပြေးဆွဲပေးနေ

မိုးကောင်းမြို့နယ်တွင်သက်တမ်းလွန်အစားအသောက်နှင့်ဆေးဝါးများ ရောင်းချမှုရှိမရှိ FDA မှစစ်ဆေး

လိုင်စင်မဲ့ကားများကို မြို့အဝင်ဂိတ်များတွင် ပညာပေးကာလသာ ပြုလုပ် ထားဟုဆို

ရှမ်းတိုင်းရင်းသားများ၏ရိုးရာအစားအစာ“ဆီတိုဟူး”ကို မိရိုးဖလာနည်းပညာအတိုင်းသာပြုလုပ်နေ ကြဆဲ

ပြည်နယ်အမျိုးသမီးရေးရာအဖွဲ့ လူကုန်ကူးမှု ၊ လူမှောင်ခိုမှု၊ အမျိုးသမီးများအကြမ်း ဖက်မှုမှကာကွယ်ရေး အသိပညာပေးဟောပြော