မီးသတ်သီးသန့်တပ်ဖွဲ့အကြိုအခြေခံသင်တန်း(၁/၂၀၁၈)ဖွင့်လှစ်
မီးသတ်သီးသန့်တပ်ဖွဲ့အကြိုအခြေခံသင်တန်း(၁/၂၀၁၈)ဖွင့်လှစ်
EPN
မိုးကောင်း ဖေဖေါ်ဝါရီ ၂
- ပုဂ္ဂလိကဘဏ်များ၊ စက်သုံးဆီဆိုင်ကြီးများ မြို့မဈေးမှဝန်ထမ်းများကို မီးဘေးကြိုတင်ကာကွယ်ရေးနှင့် မီးငြိမ်းသတ်ရေးလုပ်ငန်းများ တတ်ကျွမ်းစေရန်အတွက် ဖွင့်လှစ်သင်ကြားပေးခြင်းဖြစ်သည်။
- ကချင်ပြည်နယ်၊ မိုးကောင်းမြို့ အရန်မီးသတ်တပ်ရင်းရုံးတွင် ဖေဖေါ်ဝါရီ(၂)ရက် နံနက်၁၀နာရီအချိန်က မီးသတ်သီးသန့်တပ်ဖွဲ့အကြိုအခြေခံသင်တန်း(၁/၂၀၁၈)ကို ဖွင့်လှစ်ရာ ပုဂ္ဂလိကဘဏ်များ၊ စက်သုံးဆီဆိုင်ကြီးများ မြို့မဈေးမှဝန်ထမ်းများကို မီးဘေးကြိုတင်ကာကွယ်ရေးနှင့် မီးငြိမ်းသတ်ရေးလုပ်ငန်းများ တတ်ကျွမ်းစေရန်အတွက် အခြေခံမီးငြိမ်းသတ်နည်း မီးသတ်ဆေးဘူးအမျိုးမျိုးနှင့် မီးသတ်ပစ္စည်းကိရိယာများအကြောင်း မီးသတ်ဆေးဘူး အသုံးပြုနည်း၊ ပိုက်လိပ်ပိုက်ခေါင်းကောက်နည်း၊ ချနည်း၊ ဖြန့်နည်း၊ မီးသတ်စက်ကလး၊ စက်ကြီး လေ့ကျင့်ခန်းများကို သင်ကြားပို့ချမည်ဖြစ်ကာ ဖွင့်ပွဲတွင် မြို့နယ်ဒုအုပ်ချုပ်ရေးမှူး ဦးမြတ်သူအောင်မှ အဖွင့်အမှာစကားပြောကြား၍ မီးသတ်ဒုဦးစီးမှူးချမ်းငြိမ်းသူနှင့် မြို့နယ်မီးသတ်အရန် ဒု-တပ်ရင်းမှူးဦးဆိုင်းနော်မှ သင်တန်းဖွင့်လှစ်ရခြင်း ရည်ရွယ် ချက်ကိုရှင်းလင်းပါသည်။
- "မီးသတ်သီးသန့်တပ်ဖွဲ့က အရင်ထဲကမြို့နယ်မှာ ဖွဲ့စည်းထားပါတယ် အခုကပြန်စုစည်းပြီး သင်တန်းပေး တာပါ"ဟု မီးသတ်ဒု-ဦးစီးမှူးချမ်းငြိမ်းသူမှ ဆိုသည်။
- အဆိုပါသင်တန်းကို ဖေဖေါ်ဝါရီ(၂)ရက်မှ (၁၁)ရက်နေ့ထိ သင်ကြားမည်ဖြစ်၍ သင်တန်းသား(၃၀)ဦး တက်ရောက်မည်ဖြစ်ပြီး ဖွင့်ပွဲအခမ်းအနားသို့ မြို့နယ်ဒုအုပ်ချုပ်ရေးမှူး ဦးမြတ်သူအောင်၊ ဒုမြို့နယ်ရဲတပ်ဖွဲ့မှူး ဒုရဲမှူးလှချို၊ စည်ပင်အမှုဆောင်အရာရှိ ဦးမျိုးသန့်စင်၊ မီးသတ်ဒု-ဦးစီးမှူး ချမ်းငြိမ်းသူ၊ မီးသတ်အရန်ဒု-တပ်ရင်းမှူးဦးဆိုင်းနော်၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ဘဏ်မန်နေဂျာများ စက်သုံးဆီလုပ်ငန်းရှင်များ သင်တန်းသားများ တက်ရောက်ကြသည်။




Comments
Post a Comment