KIA မှတပ်သားသစ်စုဆောင်းခြင်း ခံရသော တက္ကသိုလ်ကျောင်းသား/သူ (၂၆)ဦး ပြန်လည်လွတ်မြောက်ခဲ့
KIA
မှတပ်သားသစ်စုဆောင်းခြင်း ခံရသော တက္ကသိုလ်ကျောင်းသား/သူ (၂၆)ဦး ပြန်လည်လွတ်မြောက်ခဲ့
EPN
မြစ်ကြီးနား၊
နိုဝင်ဘာ ၁၄
- ကချင်လွတ်မြောက်ရေး တပ် KIA မှ နိုဝင်ဘာ(၁၁)ရက်၊ ညနေ(၄)နာရီ အချိန်ခန့်က ဝိုင်းမော်မြို့နယ်၊ ဝါရှောင်ကျေးရွာအနီး ဂွေယွတ်ယန်ကြိုးတံတား၌ မြစ်ကြီးနား တက္ကသိုလ်မှ ကျောင်းသူ/သားများနှင့် အခြားသူများ လူဦးးရေ(၄၀)ကျော်(၅၀)ခန့်ကို တပ်သားသစ်အဖြစ် စုဆောင်းရေးဆွဲ ခေါ်ဆောင်သွားကြောင်း သိရသည်။
- အဆိုပါဖြစ်စဉ် ဖြစ်လျှင်ဖြစ်ချင်း ကချင်ငြိမ်းချမ်းရေးအကျိုးတော်ဆောင်အဖွဲ့(PCG)မှ ကျောင်းသားများ ပြန်လည်လွတ်မြောက်ရေးအတွက် လိုက်ပါကူညီဆောက်ရွက်ခဲ့ရာ နောက်တစ်နေ့နံနက်(၇)နာရီအချိန်ခန့်၌ ကျောင်းသူ/သား(၂၆)ဦး ပြန်လည်လွတ်မြောက် လာခဲ့ကြောင်း သိရသည်။
- “သူတို့က(၁၁)ရက်နေ့မှာ အဖမ်းခံရတာပါ။ ဘုန်းဘုန်းက မနက်အစောကြီးကျမှ အင်တာနက်မှာတွေ့တာနဲ့ ကလေးတွေလွတ်ဖို့အရေး သွားပြောမယ်ဆိုပြီးထွက်လာတော့ တံတားအကျော်က ရဲကင်းမှာ ကျောင်းသားတွေ ရောက်နေကြပြီ။ မနက်(၇)နာရီ (၈)နာရီလောက်ပဲရှိဦးမယ် ထင်တယ်။ ဒါနဲ့ PCG က ဦးဂွမ်ဂျာ ကိုဖုန်းဆက်ပြောကြည့်တော့ သူ့သမီးရဲ့သူငယ်ချင်းတွေလဲပါလို့ အကူအညီတောင်းတာနဲ့ လွှတ်ပေးဖို့ ပြောပေးလိုက်ပြီ၊ သူတို့တွေ လွတ်လာလောက်ပြီလို့ပြောတယ်။ အခုကပွင့်လင်းရာသီလဲဖြစ် တက္ကသိုလ် ကျောင်းဖွင့်ချိန်လဲဖြစ်ဆိုတော့ လိုင်းပေါ်မတင်ရင်မဖြစ်ဘူးဆိုပြီး သူတို့ဓါတ်ပုံအရိုက်မခံရဲတာနဲ့ ကျောပေးထားတဲ့ပုံရိုက်ပြီး တင်ပေးလိုက်တာပါ။” ဟု ဝါရှောင်ဆရာတော် ဘဒ္ဒန္တ ဦးဝိဇယ ကမိန့်ကြားသည်။
ဘရန်ဆိုင်း
အဆိုပါ
ကျောင်းသူ/သားများ

PCG ဘာလုပ်နေလဲ နှစ်ဘက်ချွန်
ReplyDelete