မိုးညှင်းပြည်သူ့ဆေးရုံတွင်အချုပ်သားဆေးကုသဆောင်တည်ဆောက်မည့် တွက်ချက်လျာထားချက် မြေပုံတို့ကို မတင်ပြနိုင်သေး

မိုးညှင်းပြည်သူ့ဆေးရုံတွင်အချုပ်သားဆေးကုသဆောင်တည်ဆောက်မည့်                                   တွက်ချက်လျာထားချက် မြေပုံတို့ကို မတင်ပြနိုင်သေး  
          
EPN
မိုးညှင်း၊ စက်တင်ဘာ ၈
  • ကချင်ပြည်နယ် မိုးညှင်းခရိုင် ပြည်သူ့ဆေးရုံကြီးတွင် အချုပ်သားများအားလုံခြုံစွာ ဆေးကုသ နိုင်ရေးအတွက် အချုပ်သားဆေးကုသဆောင် တည်ဆောက်နိုင်ဖို့ သက်ဆိုင်ရာပြည်နယ်အဆင့်ဆင့်သို့ တင်ပြနိုင်ရန် အဆိုပါ အချုပ်သားဆေးကုသဆောင်၏ တွက်ချက်လျာထားချက်မြေပုံတို့ကို မတင်ပြနိုင်သေး သဖြင့် အချုပ်သားလူနာများနှင့် ရဲတပ်ဖွဲ့ဝန်ထမ်းများအတွက် အခက်အခဲဖြစ်နေသေးကြောင်း မိုးညှင်းမြို့မရဲစခန်းမှသိရသည်။
  •  “ဆေးရုံတက်နေရတဲ့အချုပ်သားတွေထဲမှာ မီးဖွားနေရတဲ့အချုပ်သားတွေလည်းပါနေတယ်  အခုလောလောဆယ်တော့ မီးဖွားလူနာတွေဆိုသူတို့ရဲ့ခြေထောက်ကို သံခြေကျင်းနဲ့ခတ်ထားရတော့ သူတို့အတွက် အဆင်မပြေဘူး။ အချုပ်ဆေးကုသဆောင်အမြန်ရမှသာ မီးဖွားလူနာတွေနဲ့ လုံခြုံရေး ၀န်ထမ်းတွေအတွက် အဆင်ပြေနိုင်ပါမယ်” ဟု မိုးညှင်းမြို့မရဲစခန်း ဒုစခန်းမှူးရဲအုပ်ညွှန်လှိုင်ကပြောသည်။
  • မိုးညှင်းအချုပ်ခန်းအတွင်းရှိ အချုပ်ကျလူနာများနှင့် မိုးညှင်းအကျဉ်းထောင်ရှိ လူနာများကို မိုးညှင်း ပြည်သူ့ဆေးရုံကြီး၌ ဆေးဝါးကုသနေကြရာလူနာများအား သံခြေချင်းနှင့် လက်ထိတ်များ ခတ်ထားရပြီး လုံခြုံရေး ရဲဝန်ထမ်းများကို တင်းကြပ်စွာထားရှိနေရသေးကြောင်းသိရသည်။
  • “ဆေးရုံအချုပ်သားကုသဆောင်အတွက် မြေပုံကြမ်းနဲ့တွက်ချက်မှုတွေရေးဆွဲပေးဖို့ကျမဆီလာပြီး အကူအညီတောင်းလာလို့ ကူညီရေးဆွဲပေးမှာပါ  တကယ်တမ်းတော့ ဌာနအနေနဲ့ တာဝန်မရှိပါဘူး ကျမ တို့ဌာနအနေနဲ့ လမ်းတံတားတွေ အရေးပေါ်ပုံကြမ်းတွက်ချက်မှုတွေ ရေးဆွဲနေရလို့ ဆေးရုံအချုပ် ကုသဆောင်အတွက် ကြန့်ကြာနေတာပါ အခုကနေစပြီး ၃ရက်၎ရက်အတွင်းပြီးအောင်ရေးဆွဲပေးပါမယ်” ဟု မိုးညှင်းမြို့နယ် ပြည်သူ့ ဆောက်လုပ်ရေးဦးစီးဌာနက အငယ်တန်းအင်ဂျင်နီယာ ဒေါ်စုစုခိုင်က ပြောသည်။
  • အချုပ်ကလူနာတွေကို ဆေးကုသပေးဖို့ ဆေးရုံအချုပ်ခန်းမြေပုံကြမ်းနဲ့တွက်ချက်မှုတွေကို အထက် ကအမြန်ပေးပို့ပေးဖို့ တောင်းခံထားပါတယ် ကျွန်တော်တို့ဌာနကလည်း မြေပုံတွေတွက် ချက်မှုတွေနဲ့ ပါတ်သက်လို့ ရေးဆွဲဖို့ဆိုတာ မဖြစ်နိုင်လို့ မြို့နယ်ပြည်သူ့ဆောက်လုပ်ရေးဦးစီးဌာနကို အကူအညီ တောင်းခံထားပါတယ် အဲဒါတွေရမှသာ ပြည်နယ်အဆင့်ဆင့်ကိုတင်ပြ နိုင်မှာပါ ဟု မိုးညှင်းခရိုင် ဆေးရုံ အုပ်ကြီးဒေါက်တာမြင့်ကျော်ကပြောသည်။
  • အဆိုပါ တင်ပြသွားမည့် ဆေးကုသဆောင်တည်ဆောက်ပြီးပါက အပေါ်ထပ်တွင် HIVလူနာများ အတွက် ART စင်တာ၊ အောက်ထပ်တွင်ဂါတ်ဝပ်၊ အပေါ်ထပ်နှင့် အောက်ထပ်တွင်ရေချိုးခန်းအိမ်သာပါရှိပြီး RC အဆောက်အဦးအဖြစ် လျာထားကြောင်းဆက်လက်ရှင်းပြသည်။
  • အဆိုပါ တင်ပြမည့် မူကြမ်းပုံမှာ အလျား၃၆ပေ အနံ၂၄ပေရှိ  ၁၂ပေခန်း၊  ၃ခန်း၊ ၂ခန်း၊ RC ကွန်ကရစ်နှစ်ထပ်အဆောက်အဦး၊ အပေါ်ထပ်တွင် ၀ရန်တာပါမည်ဖြစ်ပြီး ရေချိုးခန်းအိမ်သာ ပါရှိမည် ဖြစ်ကြောင်းသိရသည်။
                                                               သူရ

Comments

သတင်းခေါင်းစဉ်များ

အင်တာနက်ကို အကျိုးရှိရှိ လုံလုံခြုံခြုံ အသုံးပြုတတ် စေရန် ရည်ရွယ်၍ Telenorမြန်မာဆက်သွယ်ရေးကုမ္ပဏီမှ ပညာပေးဟောပြောပွဲ ပြုလုပ်

ပြည်နယ်လုံးဆိုင်ရာနှစ်သစ်ကူးပွဲတော်တွင်တကွင်းရှမ်းစာပေနှင့်ယဉ်ကျေးမှုမှကျင်းပပြုလုပ်သောပထမအကြိမ်ကံစမ်းမဲဖွင့်လှစ်

ဗန်းမော်မြို့တွင် စစ်ဘေးတိမ်းရှောင်စခန်းနေ နဝမတန်းကျောင်းသားတစ်ဦး ဓားခုတ်ခံရ၍ သေဆုံး

ဆင်ဘိုမြို့ယောဂီဝတ်အသင်းအဖွဲ့မှဝန်းသိုကျောင်းတိုက် ဆရာတော်ဘုရားကြီး၏ရုပ်ကလပ်ကိန်းဝပ်ရာ နိဗ္ဗာန်စံကျေင်းသို့ ပဌာန်း၊ပရိတ်တော်သံဝေဂတို့အား လာရောက်ရွတ်ဖတ်ပူဇော်

မော်ဟန်ကျေးရွာတွင်မှ ထောင်ကျဖူးသူ အမျိုးသမီးမှ မူးယစ်ဆေးရောင်းချသဖြင့် ပြန်လည်ဖမ်းဆီးမိ

ဗန်းမော်တွင် မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် သစ်ပင်နှင့် တောင်ကမ်းပါးယံမြေပြိုကျ၍ လမ်းပိတ်ဆို့မှု

မော်ဟန်-နမ္မချီကားလမ်းတွင် မူးယစ်ဆေးသယ်ဆောင်သူ(၂)ဦးအားဖမ်းဆီးမိ

Northern Green Bike အဖွဲ့ မြစ်ကြီးနားသို့ရောက်ရှိ