KIA မှတပ်သားသစ်စုဆောင်းခြင်း ခံရသော တက္ကသိုလ်ကျောင်းသား/သူ (၂၆)ဦး ပြန်လည်လွတ်မြောက်ခဲ့



KIA မှတပ်သားသစ်စုဆောင်းခြင်း ခံရသော တက္ကသိုလ်ကျောင်းသား/သူ (၂၆)ဦး ပြန်လည်လွတ်မြောက်ခဲ့

EPN
မြစ်ကြီးနား၊ နိုဝင်ဘာ ၁၄


  • ကချင်လွတ်မြောက်ရေး တပ် KIA မှ နိုဝင်ဘာ(၁၁)ရက်၊ ညနေ(၄)နာရီ အချိန်ခန့်က ဝိုင်းမော်မြို့နယ်၊ ဝါရှောင်ကျေးရွာအနီး ဂွေယွတ်ယန်ကြိုးတံတား၌ မြစ်ကြီးနား တက္ကသိုလ်မှ ကျောင်းသူ/သားများနှင့် အခြားသူများ လူဦးးရေ(၄၀)ကျော်(၅၀)ခန့်ကို တပ်သားသစ်အဖြစ် စုဆောင်းရေးဆွဲ ခေါ်ဆောင်သွားကြောင်း သိရသည်။

  • အဆိုပါဖြစ်စဉ် ဖြစ်လျှင်ဖြစ်ချင်း ကချင်ငြိမ်းချမ်းရေးအကျိုးတော်ဆောင်အဖွဲ့(PCG)မှ ကျောင်းသားများ ပြန်လည်လွတ်မြောက်ရေးအတွက် လိုက်ပါကူညီဆောက်ရွက်ခဲ့ရာ နောက်တစ်နေ့နံနက်(၇)နာရီအချိန်ခန့်၌ ကျောင်းသူ/သား(၂၆)ဦး ပြန်လည်လွတ်မြောက် လာခဲ့ကြောင်း သိရသည်။

  • “သူတို့က(၁၁)ရက်နေ့မှာ အဖမ်းခံရတာပါ။ ဘုန်းဘုန်းက မနက်အစောကြီးကျမှ အင်တာနက်မှာတွေ့တာနဲ့ ကလေးတွေလွတ်ဖို့အရေး သွားပြောမယ်ဆိုပြီးထွက်လာတော့ တံတားအကျော်က ရဲကင်းမှာ ကျောင်းသားတွေ ရောက်နေကြပြီ။ မနက်(၇)နာရီ (၈)နာရီလောက်ပဲရှိဦးမယ် ထင်တယ်။ ဒါနဲ့ PCG က ဦးဂွမ်ဂျာ ကိုဖုန်းဆက်ပြောကြည့်တော့ သူ့သမီးရဲ့သူငယ်ချင်းတွေလဲပါလို့ အကူအညီတောင်းတာနဲ့ လွှတ်ပေးဖို့ ပြောပေးလိုက်ပြီ၊ သူတို့တွေ လွတ်လာလောက်ပြီလို့ပြောတယ်။ အခုကပွင့်လင်းရာသီလဲဖြစ် တက္ကသိုလ် ကျောင်းဖွင့်ချိန်လဲဖြစ်ဆိုတော့ လိုင်းပေါ်မတင်ရင်မဖြစ်ဘူးဆိုပြီး သူတို့ဓါတ်ပုံအရိုက်မခံရဲတာနဲ့ ကျောပေးထားတဲ့ပုံရိုက်ပြီး တင်ပေးလိုက်တာပါ။” ဟု ဝါရှောင်ဆရာတော် ဘဒ္ဒန္တ ဦးဝိဇယ ကမိန့်ကြားသည်။

ဘရန်ဆိုင်း
အဆိုပါ ကျောင်းသူ/သားများ

Comments

  1. PCG ဘာလုပ်နေလဲ နှစ်ဘက်ချွန်

    ReplyDelete

Post a Comment

သတင်းခေါင်းစဉ်များ

မြစ်ကြီးနားမြို့ရှိ KBZဘဏ်လုယက်မှုတွင် မသင်္ကာသူ အမျိုးသား (၃)ဦးအား စစ်ဆေးနေ

မိုးကောင်းမြို့နယ်တွင်သက်တမ်းလွန်အစားအသောက်နှင့်ဆေးဝါးများ ရောင်းချမှုရှိမရှိ FDA မှစစ်ဆေး

ရခိုင်ပြည်နယ်တွင် နေထိုင်၍ သေဆုံးသွားကြသော ဟိန္ဒူဘာသာဝင်များနှင့် အခြားတိုင်းရင်းသားများအတွက်ဆုတောင်းပွဲပြုလုပ်

မြစ်ကြီးနား -ပူတာအို လမ်းပိုင်းပြတ်တောက်မှုကြောင့် မြစ်ကြီးနားမြို့တွင် ဂရိတ်ဖရုသီး ဈေးနှုန်းမြှင့်တက်

ကျောက်စိမ်းမြို့တော်တံခါးဝ မိုးကောင်း သီတင်းကျွတ်

ခွေးရူးပြန်ရောဂါ (Rabies)ကာကွယ်ဆေးအခမဲ့ထိုးပေး

မိုးကောင်းရှိ ပြည်လုံးချမ်းသာရွှေသာလျောင်းမြတ်စွာဘုရားဗုဒ္ဓပူဇနိယပွဲတော်ဖွင့်ပွဲကျင်းပပြုလုပ်

မိုးညှင်းပြည်သူ့ဆေးရုံတွင်အချုပ်သားဆေးကုသဆောင်တည်ဆောက်မည့် တွက်ချက်လျာထားချက် မြေပုံတို့ကို မတင်ပြနိုင်သေး

ဆုတောင်းပြည့်စေတီတော်စိန်ဖူးတော်တင်လှူပွဲနှင့် ရွှေသင်္ကန်းကပ်လှူပွဲကျင်းပမည်