မိုးကောင်းမြို့နယ်တွင်သက်တမ်းလွန်အစားအသောက်နှင့်ဆေးဝါးများ ရောင်းချမှုရှိမရှိ FDA မှစစ်ဆေး
မိုးကောင်းမြို့နယ်တွင်သက်တမ်းလွန်အစားအသောက်နှင့်ဆေးဝါးများ ရောင်းချမှုရှိမရှိ FDA မှစစ်ဆေး
EPN
မိုးကောင်းနိုဝင်ဘာ ၂၉
- အစားအသောက်များနှင့်ဆေးဝါးများသည် အဏုဇီဝ သတ်မှတ်ချက်နှင့် ကိုက်ညီမှုမရှိခြင်း၊ ခွင့်မပြုဆိုး ဆေးပါဝင်နေပါကစားသုံးရန်မသင့်သည့် အစားအသောက်များနှင့် ပတ်သက်ပြီး ကချင်ပြည်နယ်မိုးကောင်းမြို့ မြို့မဈေးအတွင်း နိုဝင်ဘာ ၂၉ရက်၊ မနက် ၁၀ နာရီအချိန်က ပြည်နယ် အစားအသောက်နှင့် ဆေးဝါးကွပ်ကဲ ရေးဌာန (FDA)ကစစ်ထားခဲ့သည်။
- အဆိုပါစစ်ဆေးမှု ကို ပြည်နယ်FDA မှ လက်ထောက်ညွန် ကြားရေးမှူး ဒေါက်တာတင်ထွန်းဦး ဦးစီး အဖွဲ့ မြို့နယ်ထွေအုပ် ကျန်းမာရေးဦးစီးဌာနနှင့်ဈေးစည်ပင်တို့ ပူးပေါင်းပြီးနှစ်ဖွဲ့ခွဲ၍ ကုန်ခြောက်ဆိုင်များနှင့်အလှကုန်ဆိုင်များဆေးဆိုင်များတွင်သက်တမ်းလွန်အစားအသောက်နှင့်ဆေးဝါးများ ရောင်းချမှုရှိမရှိကိုရှောင်တခင် ဝင်ရောက်စစ်ဆေးခဲ့ခြင်းဖြစ်ပါသည်။
- ဈေးဆိုင်များတွင်ရက်လွန်မှိုတက်ဆိုးဆေးများအလွန်အကျွံသုံးစွဲထားသောစားသောက်ကုန်များကိုစစ် ဆေးပြီးရက်လွန်အစားအသောက်များမရောင်းချရန်ပညာပေးပြောကြားခဲ့သည်။
- "ပညာပေးရုံလာတဲ့ခရီးစဉ်မို့ပြဒါးပါတဲ့အလှကုန်အလှကုန်အနည်းငယ်နဲ့ရက်လွန်ပစ္စည်းတွေတွေ့ပေမဲ့ မရောင်းချဖို့နဲ့ဆက်လက်ရောင်းချမယ်ဆိုရင်အရေးယူမည်ဖြစ်ကြောင်းသတိပေးပညာပေးဆောင်ရွက်ခဲ့ပါတယ်"ဟုအတူလိုက်ပါစစ်ဆေးသူမြို့နယ်ကျန်းမာရေးဌာနမှကျန်းမာရေးမှူး အဆင့်(၁)ဦးလကြုံဘရန်မှပြောပါသည်။
- အစားအသောက်ထုတ်လုပ်ဖြန့်ဖြူးရောင်းချသူများသည် အစားအသောက်တွင်သုံးစွဲရန် ခွင့်မပြုသော ဆိုးဆေးများကိုလုံးဝမသုံးစွဲရန် နှင့် လိုက်နာဆောင်ရွက်ခြင်းမပြုပါက အမျိုးသားအစားအသောက် ဥပဒေ ပုဒ်မ ၂၈(က)အရ အရေးယူမည်ဖြစ်ကြောင်းသတိပေးထားသည်။



Comments
Post a Comment