ရခိုင်ပြည်နယ်တွင် နေထိုင်၍ သေဆုံးသွားကြသော ဟိန္ဒူဘာသာဝင်များနှင့် အခြားတိုင်းရင်းသားများအတွက်ဆုတောင်းပွဲပြုလုပ်

                        ရခိုင်ပြည်နယ်တွင် နေထိုင်၍ သေဆုံးသွားကြသော ဟိန္ဒူဘာသာဝင်များနှင့်          အခြားတိုင်းရင်းသားများအတွက်ဆုတောင်းပွဲပြုလုပ်

EPN   
မိုးကောင်း၊အောက်တိုဘာ ၁၅
  • ရခိုင်ပြည်နယ်တွင် နေထိုင်၍ အကြမ်းဖက်ခံရမှုကြောင့် သေဆုံးသွားကြသောဟိန္ဒူ ဘာသာဝင်များနှင့် အခြားတိုင်းရင်းသားများ မကောင်းသော ဘုံဘဝဘုံဌာနသို့ ရောက်ရှိနေပါက ကျွတ်လွှတ်စေရန် အတွက်ဆုတောင်းပွဲ ပြုလုပ်ခဲ့သည်။
  • ကချင်ပြည်နယ် မိုးကောင်းမြို့ဖိုးချစ်ကုန်းဂေါ်ရခါးကျေးရွာ မယ်တော်သူရသတ္တိဓမ္မာရုံတွင် မြန်မာနိုင်ငံလုံးဆိုင်ရာ ဂေါ်ရခါးဟိန္ဒူ ဓမ္မအဖွဲ့ချုပ်မြို့နယ်အသင်းခွဲမှ ဦးစီး၍် အောက်တိုဘာ၁၅ရက် နံနက်၁၀နာရီမှ၁၂နာရီထိ ရခိုင်ပြည်နယ်တွင် နေထိုင်၍ အကြမ်းဖက်ခံရမှုကြောင့် သေဆုံးသွားကြသော အပြစ်မဲ့ပြည်သူ ဟိန္ဒူ ဘာသာဝင်များနှင့် အခြားတိုင်းရင်းသားများ မကောင်းသောဘုံဘဝဘုံဌာနသို့ ရောက်ရှိနေပါက ကျွတ်လွှတ်စေရန်အတွက် ပုဏ္ဏားဆရာပဏ္ဍိတ ဦးနာရာရမ်းမှဆုတောင်းပေးခဲ့သည်။
  • "မီဒီယာမှာတွေ့နေရတဲ့ ဟိန္ဒူ ဘာသာဝင်နှင့် အခြားတိုင်းရင်းသားတွေ သေဆုံးတာ မြင်ရတာ စိတ်မချမ်းသာဘူး။ သူတို့မိသားစုတွေ ကိုယ်တိုင်က ဒုက္ခသည်တွေဖြစ်နေတော့မလုပ်ပေးနိုင်ရင် မလွှတ်မကျွတ်ဖြစ်နေမှာစိုးလို့ ဒီကနေ ဟိန္ဒူ ဓလေ့ထုံးစံအတိုင်း ကျွတ်လွှတ်ပါစေလို့ ဆုတောင်းပေးတာပါ။ ခုလိုဆုတောင်းတဲ့ ဓလေ့က၆ရာစုလောက်ထဲက ကျင့်သုံးလာတာဆိုတော့ နှစ်ပေါင်းများစွာ ကျင့်သုံးခဲ့တဲ့ ဓလေ့ထုံးစံလို့ပြောရမှာ ဖြစ်ပါတယ်"ဟုမြန်မာနိုင်ငံလုံးဆိုင်ရာ ဂေါ်ရခါးဟိန္ဒူ ဓမ္မအဖွဲ့ချုပ် မြို့နယ်အသင်းခွဲ ဥက္ကဌဦးဘသောင်းမှ ပြောသည်။
  • အဆိုပါဆုတောင်းပွဲသို့ အင်အား ၅၀ဦးခန့် တက်ရောက်ခဲ့ပြီး မိုးကောင်းမြို့နယ်တွင် ဂေါ်ရခါးဟိန္ဒူ လူမျိုး အိမ်ခြေ၅၀၀ခန့် နေထိုင်လျက် ရှိကြောင်း သိရသည်။
                                                                 ချိုမောင်

Comments

သတင်းခေါင်းစဉ်များ

မိုးညှင်းပြည်သူ့ဆေးရုံတွင်အချုပ်သားဆေးကုသဆောင်တည်ဆောက်မည့် တွက်ချက်လျာထားချက် မြေပုံတို့ကို မတင်ပြနိုင်သေး

ဗန်းမော်မြို့တွင် စစ်ဘေးတိမ်းရှောင်စခန်းနေ နဝမတန်းကျောင်းသားတစ်ဦး ဓားခုတ်ခံရ၍ သေဆုံး

ဗန်းမော်တွင် မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် သစ်ပင်နှင့် တောင်ကမ်းပါးယံမြေပြိုကျ၍ လမ်းပိတ်ဆို့မှု

မော်ဟန်-နမ္မချီကားလမ်းတွင် မူးယစ်ဆေးသယ်ဆောင်သူ(၂)ဦးအားဖမ်းဆီးမိ