ဖားကန့်မြို့နယ် ဆိတ်မူကျေးရွာရှိ ခရစ်ယာန် မူကြိုကျောင်းဆောင် မီးလောင်မှုဖြစ်ပွား
ဖားကန့်မြို့နယ် ဆိတ်မူကျေးရွာရှိ ခရစ်ယာန် မူကြိုကျောင်းဆောင် မီးလောင်မှုဖြစ်ပွား
EPN
ဖားကန့်၊ ဇန်နဝါရီ ၉
- ကချင်ပြည်နယ် ဖားကန့်မြို့နယ် ဆိတ်မူကျေးရွာအုပ်စု ရပ်ကွက် ၂တွင် နှစ်ခြင်းခရစ်ယာန်ကျောင်းဝင်းအတွင်းရှိ ခရစ်ယာန် မူကြိုကျောင်းဆောင်တစ်လုံးသည် ဇန်နဝါရီလ ၈ ရက်နေ့ ညနေ ၆ နာရီခွဲအချိန်ခန့်က မီးလောင်ကျွမ်းမှု ဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။
- အဆိုပါ ခရစ်ယာန် ဘုရားကျောင်းဝင်းအတွင်းရှိ မီးစက်တဲအတွင်မှ မီးစက်အပူလွန်ကဲပြီး ဝါယာလျှော့ဖြစ်ကာ လောင်ကျွမ်းခြင်းဖြစ်ကြောင်း၊ မီးလောင်မှုကြောင့် ပျဉ်ထောင်သွပ်မိုး နှစ်ထပ်အဆောင်တစ်လုံးမီးလောင်ပျက်စီးခဲ့၍ လူနှင့် တိရိစ္ဆာ ပျက်စီးဆုံးရှုံးမှု တစ်စုံတရာ မရှိခဲ့ကြောင်း ယင်းဒေသခံများထံမှ သိရသည်။
- “ ည ၆ နာရီခွဲအချိန်လောက်က လောင်တယ်ဖြစ်တယ်။ လူတွေနှင့် အခြား တိရိစ္ဆာန်တွေတော့ ပျက်စီးတာမရှိဘူး။ မီးကိုတော့ နာရီဝက်တစ်နာရီလောက်မှ ငြိမ်းသတ်နိုင်ခဲ့တယ်” ဟု ဆိတ်မူကျေးရွာမှ ဒေသခံတစ်ဦးက ပြောသည်။
- အဆိုပါ မီးလောင်မှုကို ဖားကန့်မြို့နယ် မီးသတ်ယာဉ် ၆ စီးနှင့် မီးသတ်တပ်ဖွဲ့ဝင်များ၊ ဒေသခံများတို့က မီးငြိမ်း သတ်ခဲ့ရာ တစ်နာရီခန့်အကြာတွင် မီးငြိမ်းသတ်နိုင်ခဲ့ကြောင်း၊ မီးလောင်မှုနှင့် ပတ်သတ်၍ မီးစက်တာဝန်ခံ ဦးဇော်ဘောက်ကို ပုဒ်မ ၂၈၅ ဖြင့် အမှုဖွင့်ထားကြောင်း သိရသည်။

Comments
Post a Comment