သာယာကုန်းကျေးရွာ လမ်းမပေါ်၌ လမ်းလျှောက်လာသူအမျိုးသားတစ်ဦးထံမှ မူးယစ်ဆေးဝါးဖမ်းဆီးရမိ
သာယာကုန်းကျေးရွာ လမ်းမပေါ်၌ လမ်းလျှောက်လာသူအမျိုးသားတစ်ဦးထံမှ မူးယစ်ဆေးဝါးဖမ်းဆီးရမိ
EPN
ဗန်းမော် ဒီဇင်ဘာ ၂၂
EPN
ဗန်းမော် ဒီဇင်ဘာ ၂၂
- ကချင်ပြည်နယ်၊ ဗန်းမော်မြို့နယ်သာယာကုန်းကျေးရွာ လမ်းမပေါ်တွင်လမ်းလျှောက်လာသူအမျိုးသားတစ်ဦးထံမှ မူးယစ်ဆေးဝါးများရှာဖွေေ တွ့ရှိဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
- ဖြစ်စဉ်မှာ ဒီဇင်ဘာ ၂၂ ရက် နံနက် ၁၀ နာရီခန့်က ဗန်းမော်မြို့မရဲစခန်းမှ နယ်ထိန်းခေါင်းဆောင် ဒုရဲအုပ်မျိုးမင်း နှင့်အဖွဲ့သည် ဗန်းမော်မြို့နယ်၊ မံမလင်းကျေးရွာအုပ်စု၊ သာယာကုန်းကျေးရွာ၊ ရွာလယ်လမ်းမပေါ်တွင် တွေ့ရှိသူ
- ယောင်ထုံ အားစစ်ဆေးရှာဖွေရာ ၎င်းဝတ်ဆင်ထားသည့် အနွေးထည်အင်္ကျီယာဘက်အိတ်ကပ်အတွင်းအမည်းရောင် ကြွပ်ကြွပ်အိတ်ဖြင့် ထုပ်ပိုးထားသည့် Love is Flower စာတန်းပါအပြာရောင်ဆပ်ပြာခွက်အတွင်းထည့်ထားသော ဘိန်းဖြူ မှုန့်အလေးချိန် ၁၂ ဒသမ ၅ ဂရမ် အားရှာဖွေတွေ့ရှိခဲ့ကြသည်။
- ဖြစ်စဉ်နှင့်ပတ်သက်၍ ယောင်ထုံ(၄၄)နှစ်၊ ကောင်ဂျာကျေးရွာ၊ပါပေါင်းကျေးရွာအုပ်စု၊ ဗန်းမော်မြို့နယ် နေထိုင်သူ ကို ဗန်းမော်မြို့မရဲစခန်းက မယ(ပ)၁၇၃/၂၀၁၇ မူးစိတ်ပုဒ်မ ၁၅/၁၉(က)အရ အမှုဖွင့်ခဲ့ပြီးအမှုစစ်ဒုရဲအုပ်ဖြိုးရတနာဇော် က စစ်ဆေးအရေးယူဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။

Comments
Post a Comment