ဟိုပင်နယ်မြေရဲစခန်းတပ်ဖွဲ့ဝင်များက ပြည်သူ့ဘဝလုံခြုံရေးအတွက် လှည့်ကင်း၊ဝတ်ကင်းများဆောက်ရွက်
ဟိုပင်နယ်မြေရဲစခန်းတပ်ဖွဲ့ဝင်များက ပြည်သူ့ဘဝလုံခြုံရေးအတွက် လှည့်ကင်း၊ဝတ်ကင်းများဆောက်ရွက်
EPNမိုးညှင်း ဒီဇင်ဘာ၂၆
- မိုးညှင်းမြို့နယ်၊ဟိုပင်နယ်မြေရဲစခန်းမှတပ်ဖွဲ့ဝင်များသည်ယမန်နေ့ည(၇)နာရီအချိန်မှစတင်ကာ မြို့ပေါ်ရပ်ကွက် များအတွင်းသို့ပြည်သူ့ဘဝလုံခြုံရေးအတွက်လှည့်ကင်း၊ ဝတ်ကင်း များ ဆောင်ရွက်မှုပြုလုပ်နေကြောင်းသိရသည်။
- မြန်မာနိုင်ငံရဲတပ်ဖွဲ့၏ရည်မှန်းချက်တာဝန်များဖြစ်သောတရားဥပဒေစိုးမိုးရေး၊ ရပ်ရွာအေးချမ်းသာယာရေး၊ မူးယစ်ဆေးဝါးအန္တရာယ်တာဆီးကာကွယ်နှိမ်နှင်းရေး၊ပြည်သူ့အကျိုးပြုလုပ်ငန်းများဆောင်ရွက်ရေးဆိုသည့်ဆောင်ပုဒ်နှင့် အညီ ပြုလုပ်ဆောင်ရွက်နေကြောင်းဟိုပင်ရဲတပ်ဖွဲ့ဝင်များကဆိုသည်။
- ”အဓိကတော့မြို့ပေါ်မှာ ခိုး၊ဆိုး၊နှိုက်တွေ လုယက်မှုတွေအုပ်စုဖွဲ့ရမ်းကားတာတွေကို တားဆီးကာကွယ်နိုင်ဖို့ ပါဘဲ”ဟုလှည့်ကင်း၊ဝတ်ကင်းတွင်ပါဝင်ဆောင်ရွက်နေသူ ဒုရဲအုပ် အောင်ကျော်မျိုးကပြောသည်။
- ယခုလိုနှစ်သစ်ကူးအချိန်နီးကပ်လာသည်နှင့်ညအချိန်မြို့ပေါ်တွင်လူငယ်များအုပ်စုဖွဲ့ကာအရက်သေစာသောက် စားမူးယစ်တတ်ခြင်း၊ဆိုင်ကယ်အိတ်ဇောကိုဖြုတ်ကာအသံဆူညံစွာမောင်းနှင်ခြင်း၊ဆိုင်ကယ်စတန့်ထွင်မောင်းနှင်ခြင်းတို့ ကြောင့်၊မိဘပြည်သူများစိတ်အေးချမ်းစွာအနားယူရန်အတွက်အနှောက်အယှက်ဖြစ်လာနိုင်ပြီးကျောင်းသား/သူများက လည်းအေးချမ်းစွာကျောင်းစာကိုလေ့ကျင့်ကျက်မှတ်ခြင်းများအတွက်အခက်အခဲဖြစ်လာနိုင်သောကြောင့်လှည့်ကင်း၊ဝတ် ကင်းများကိုဆောင်ရွက် ရခြင်းဖြစ်သည်ဟုရဲတပ်ဖွဲ့ဝင်များကဆိုသည်။
- ”သည်လိုမျိုးရဲတွေကဆောင်ရွက်နေတယ်ဆိုရင်ကိုရပ်ကွက်ထဲမှာတော်တော်လေး အေးချမ်းပါတယ်၊ မဟုတ်ရင် ညညဆိုဆိုင်ကယ်သံတွေကဆူညံနေတာဘဲ”ဟု မြဇေယျာရပ်ကွက်နေ ဒေါ်ခင်မိုးဝေကပြောသည်။
- အဆိုပါလှည့်ကင်း၊ဝတ်ကင်းများဆောက်ရွက်ခြင်းကိုဟိုပင်နယ်မြေရဲစခန်းတပ်ဖွဲ့ဝင် များကမှုခင်းကျဆင်းရေးနှင့် ကြိုတင်ကာကွယ်နိုင်ရေးအတွက်ဟိုပင်မြို့ပေါ်တွင်မကြာခဏဆိုသလိုပြုလုပ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်းသိရသည်။



Comments
Post a Comment