ကချင်ပြည်နယ် ထူးချွန်ကြက်ခြေနီ တပ်ဖွဲ့ဝင်(၈)ဦးအား ပြည်နယ်အစိုးရမှ ငွေကျပ်လေးသိန်းချီးမြှင့်ဂုဏ်ပြု

ကချင်ပြည်နယ် ထူးချွန်ကြက်ခြေနီ တပ်ဖွဲ့ဝင်(၈)ဦးအား ပြည်နယ်အစိုးရမှ ငွေကျပ်လေးသိန်းချီးမြှင့်ဂုဏ်ပြု
 
EPN   
မြစ်ကြီးနား ဒီဇင်ဘာ ၁၁
  • ယခုနှစ် ၂၀၁၇ခု မြန်မာနိုင်ငံလုံးဆိုင်ရာ ထူးချွန်ကြက်ခြေနီ တပ်ဖွဲ့ဝင်များ တွေ့ဆုံပွဲကို ပြင်ဦးလွင်မြို့၌ ကျင်းပပြုလုပ်မည်ဖြစ်ရာ  ပြင်ဦးလွင်မြို့သို့ သွားရောက်မည့် ကချင်ပြည်နယ် ကိုယ်စားပြု ထူးချွန်ကြက်ခြေနီ တပ်ဖွဲ့ဝင် (၈)ဦးကို ကချင်ပြည်နယ်အစိုးရအဖွဲ့ဝင် လူမှုရေးဝန်ကြီး ဒေါက်တာသင်းလွင်မှ ဂုဏ်ပြုအမှာစကားပြောကြားပြီး ပြည်နယ်အစိုးရအဖွဲ့ကိုယ်စား ငွေကျပ်(၄)သိန်း ချီးမြှင့်ခဲ့ကြောင်း သိရသည်။
  • "ကြက်ခြေနီဆိုတာ မြန်မာမှာကော ကမ္ဘာမှာပါ သမိုင်းအစဉ်အလာကြီးမားတဲ့ လူမှုအကျိုးပြု အဖွဲ့အစည်းဖြစ်ပါတယ်။ ထူးချွန်ကြက်ခြေနီ တွေ့ဆုံပွဲဆိုတာကလဲ လူမှုဂရုဏာလုပ်ငန်းတွေမှာ ထူးချွန်စွာ ပါဝင်ခဲ့တဲ့သူတွေကို ဂုဏ်ပြုတဲ့အနေနဲ့ ကျင်းပတာဖြစ်ပြီး၊ လူမှုရေးလုပ်ငန်းတွေမှာ ယခုထက်ပိုမိုဦးဆောင်ပါဝင်လာနိုင်စေရေး၊ အချင်းချင်း တွေ့ဆုံပြီး အတွေ့အကြုံဖလှယ်ပြီး ကောင်းမွန်တဲ့ အတွေ့အကြုံတွေ ရှိလာအောင် ကြိုးစားကြပါလို့ တိုက်တွန်းချင်ပါတယ်။"ဟု ကချင်ပြည်နယ် လူမှုရေးဝန်ကြီး ဒေါက်တာသင်းလွင် ကထူးချွန် ကြက်ခြေနီတွေ့ဆုံပွဲ တက်ရောက်ရန်သွားမည့် တပ်ဖွဲဝင်များကို တိုက်တွန်းအမှာစကားပြောကြားသည်။
  • ၎င်းအပြင် ကချင်ပြည်နယ် ကြက်ခြေနီကြီးကြပ်မှု ကော်မတီ အတွင်းရေးမှူးမှလည်း တပ်ဖွဲ့ဝင်များကို အဓိကအားဖြင့် တပ်ဖွဲ့မှချမှတ်ထားသော စည်းကမ်းများကို တသဝေမတိမ်း လိုက်နာကြရန် ထပ်လောင်းမှာကြားခဲ့သည်။
၁၉၇၁ ခုနှစ်မှစတင်ကာ လူမှုဂရုဏာ လုပ်ငန်းများတွင် စွမ်းစွမ်းတမံ ဆောင်ရွက်ခဲ့ကြသော လူမှုစေတနာ့လုပ်အားရှင်များကို ဂုဏ်ပြုသောအားဖြင့် စံပြကြက်ခြေနီစခန်းများ ဖွင့်လှစ်ဂုဏ်ပြခဲ့ကြပြီး၊ ၁၉၉၃ ခုမှစတင်၍ ထူးချွန်ကြက်ခြေနီတွေ့ဆုံပွဲဟု ပြောင်းလဲ ဂုဏ်ပြုခေါ်ဝေါ်ခဲ့သည်ဟု သိရသည်။
  • ထူးချွန်ကြက်ခြေနီ တွေ့ဆုံပွဲ တက်ရောက်ခွင့်ရရန်အတွက် မြို့နယ်အဆင့်တွင် ရေးဖြေ ဖြေဆိုပြီး အောင်မြင်သူများကို ပြည်နယ်အဆင့်တွင် ရေးဖြေ၊ စစ်ရေးပြ၊ လက်တွေ့၊ အထွေထွေ ဗဟုသုတ စသည်တို့ကို ထူးချွန်စွာအောင်မြင်သူများထဲမှ (၈)ဦးကို အဆင့်ဆင့်ရွေးချယ်ခေါ်ယူခဲ့ခြင်း ဖြစ်သည်ဟုသိရသည်။
  • ၂၀၁၇ ခု ထူးချွန်ကြက်ခြေနီ တပ်ဖွဲ့ဝင်များတွေ့ဆုံပွဲကို မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်မြို့နယ်၊ ဥစ်တော ကြက်ခြေနီသင်တန်းကျောင်းတွင် (၁၄.၁၂.၁၇)မှ(၁၈.၁၂.၁၇)ထိ ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။



ဘရန်ဆိုင်း

Comments

သတင်းခေါင်းစဉ်များ

မြစ်ကြီးနားမြို့ရှိ KBZဘဏ်လုယက်မှုတွင် မသင်္ကာသူ အမျိုးသား (၃)ဦးအား စစ်ဆေးနေ

မိုးကောင်းမြို့နယ်တွင်သက်တမ်းလွန်အစားအသောက်နှင့်ဆေးဝါးများ ရောင်းချမှုရှိမရှိ FDA မှစစ်ဆေး

ရခိုင်ပြည်နယ်တွင် နေထိုင်၍ သေဆုံးသွားကြသော ဟိန္ဒူဘာသာဝင်များနှင့် အခြားတိုင်းရင်းသားများအတွက်ဆုတောင်းပွဲပြုလုပ်

မြစ်ကြီးနား -ပူတာအို လမ်းပိုင်းပြတ်တောက်မှုကြောင့် မြစ်ကြီးနားမြို့တွင် ဂရိတ်ဖရုသီး ဈေးနှုန်းမြှင့်တက်

ကျောက်စိမ်းမြို့တော်တံခါးဝ မိုးကောင်း သီတင်းကျွတ်

ခွေးရူးပြန်ရောဂါ (Rabies)ကာကွယ်ဆေးအခမဲ့ထိုးပေး

မိုးကောင်းရှိ ပြည်လုံးချမ်းသာရွှေသာလျောင်းမြတ်စွာဘုရားဗုဒ္ဓပူဇနိယပွဲတော်ဖွင့်ပွဲကျင်းပပြုလုပ်

မိုးညှင်းပြည်သူ့ဆေးရုံတွင်အချုပ်သားဆေးကုသဆောင်တည်ဆောက်မည့် တွက်ချက်လျာထားချက် မြေပုံတို့ကို မတင်ပြနိုင်သေး

ဆုတောင်းပြည့်စေတီတော်စိန်ဖူးတော်တင်လှူပွဲနှင့် ရွှေသင်္ကန်းကပ်လှူပွဲကျင်းပမည်