စပါးရိတ်သိမ်းခြွေလှေ့စက်သရုပ်ပြပွဲနှင့်စပါးအစွမ်းရှိစိုက်နည်းစံနစ်(SRI)စံကွက်ရိပ်သိမ်းခြင်းသရုပ်ပြ
စပါးရိတ်သိမ်းခြွေလှေ့စက်သရုပ်ပြပွဲနှင့်စပါးအစွမ်းရှိစိုက်နည်းစံနစ်(SRI)စံကွက်ရိပ်သိမ်းခြင်းသရုပ်ပြ
EPN
မိုးကောင်း
နိုဝင်ဘာ ၁၆
- စက်မှုလယ်ယာဦးစီးဌာနနှင့်စိုက်ပျိုးရေးဦးစီးဌာနပူးပေါင်း၍စပါးရိတ်သိမ်းခြွေလှေ့စက်သရုပ်ပြပွဲနှင့်စပါးအစွမ်းရှိစိုက်နည်းစံနစ်(SRI)စံကွက်ရိပ်သိမ်းခြင်းသရုပ်ပြခြင်းကိုမန်ရွက်ကျေးရွာတွင်ပြုလုပ်ပါသည်။
- ကချင်ပြည်နယ်မိုးကောင်းမြို့နယ်မန်ရွက်ကျေးရွာရှိတောင်သူဦးကျော်၏လယ်ယာတွင် နိုဝင်ဘာ ၁၆ နံနက်၁၀နာရီခွဲအချိန်ကစပါးရိတ်သိမ်းခြွေလှေ့စက်သရုပ်ပြပွဲနှင့်စပါးအစွမ်းရှိစိုက်စံနစ်(SRI)စံကွက်ရိပ်သိမ်း ခြင်းကိုပြသရာကျေးရွာရှိတောင်သူများစိတ်ဝင်စားစွာလာရောက်ကြည့်ရှုကြသည်။
- "စပါးအစွမ်းရှိစိုက်နည်းစံနစ်မှာပျိုးသက်ကို(၁၄)ရက်သာထားပါတယ်။ရာသီဥတုပြောင်းလဲမှု လုပ်သား ရှားပါးပြီးလုပ်ခကြီးမြှင့်မှု ရေလိုအပ်ချက်ကိုခြိုးခြံခြွေတာပြီးမျိုးစေ့အကုန်အကျသက်သာပါတယ် တစ်ဧကမျိုးစေ့ (၁၀)ပြီသာသုံးရပြီးအထွက်နှုန်းလဲပိုပါတယ်"ဟုမြို့နယ်စိုက်ပျိုးရေးဦးစီးမှူးဦးစိန်လွင်မှဆိုသည်။
- အဆိုပါအခမ်းအနားသို့ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်ဒေါ်မြသွေးစံပြည်နယ်စက်မှုလယ်ယာလက်ထောက်ညွန်မှူး ဦးတင်ဦးမြို့နယ် အုပ်ချုပ်ရေးမှူး ဦးရန်နိုင်ထွန်းမြို့နယ်စက်မှုလယ်ယာဦးစီးမှူး ဦးသွယ်မောင်မောင်ထွန်းမြို့နယ်စိုက်ပျိုးရေးဦးစီးမှူးဦးစိန်လွင်နှင့်ဝန်ထမ်းများ တောင်သူများစုစုပေါင်း ၅၀ဦးခန့်တက်ရောက်ပါသည်။
- အဆိုပါကောက်ကွက်တွင်ဆင်းဧကရီ(၃)စပါးကိုစိုက်ပျိုးခဲ့ပြီးတစ်ဧကအထွက်တင်း(၁၁၀)ထွက်ရှိ ကြောင်းသိရသည်။
- "ဒီနှစ်ဒါမျိုးမစိုက်ဖြစ်တာကမျိုးမရတာရယ်လက်လီစိတ်ပြုစုရတာဆိုတော့လူအင်အားလဲမရှိလို့ပါ။ ကောက်ရိတ်တာကတော့လူအားနဲ့ရိတ်လိုက်ပါတယ်။ကောက်လွှာလဲနေလှန်းပြီးသားကောက်လှိုင်းလဲနေပြပြီးသားဆိုတော့ခြွေပြီးတာနဲ့တိုက်ထဲထည့်လိုက်ရုံပါဘဲ။စက်နဲ့ရိတ်တာကကောက်ရိုးတော့မရတော့ဘူးပေါ့။မြန်တာတော့သိပါတယ်။နောက်ဆိုရင်တော့သုံးဖြစ်မယ်ထင်ပါတယ် ခုထိတော့မိရိုးဖလာနည်းဘဲသုံးဖြစ်နေပါတယ်"ဟု လယ်ဧက၄၀လုပ်ကိုင်နေသူဦးဗိုလ်လေးမှဆိုသည်။
- မိုးကောင်းမြို့နယ်တွင်မိုးစပါးစိုက်ဧက(၇၅၁၁၆)နှင့်နွေစပါး(၂၂၈)ဧေကစိုက်ပျိုးလျှက်ရှိပြီးရိတ်သိမ်းခြွေလှေ့စက်ဌာနပိုင်(၃)စီးနှင့်ပုဂ္ဂလိကပိုင်(၁၇)စီးခန့်ရှိကြောင်းသိရသည်။
ချိုမောင်










Comments
Post a Comment