“ မိုးညှင်းခရိုင်တွင်နိုင်ငံတော်ပိုင်မြန်မာ့အသံ မှသတင်းများနားဆင်နိုင်ရန် ရေဒီယိုFMလိုင်းထပ်ဆင့်လွင့်စက်တပ်ဆင်ပေးရန်လိုအပ်နေ”
“ မိုးညှင်းခရိုင်တွင်နိုင်ငံတော်ပိုင်မြန်မာ့အသံ မှသတင်းများနားဆင်နိုင်ရန် ရေဒီယိုFMလိုင်းထပ်ဆင့်လွင့်စက်တပ်ဆင်ပေးရန်လိုအပ်နေ”
မိုးညှင်း နိုဝင်ဘာ ၁၂
- မိုးညှင်းမြို့သည် ခရိုင်အဆင့်ရှိမြို့ကြီးဖြစ်သော်လည်း နိုင်ငံတော်ပိုင်မြန်မာ့အသံ သတင်းဌာနမှ ထုတ်လွင့်သော ရေဒီယို FM လိုင်းထပ်ဆင့်လွင့်စက် တပ်ဆင်ပေးမှု မရရှိသေးသဖြင့် မိုးညှင်းခရိုင်အတွင်း မြန်မာ့အသံမှထုတ်လွင့်သောအမြို့မြို့အနယ်နယ်အရပ်ရပ်မှတင်ပြသောသတင်းများကိုနားထောင်နိုင်ရန်ခက်ခဲနေကြောင်းမိုးညှင်းခရိုင်ဒေသခံများကပြောသည်
- မိုးညှင်းခရိုင်မှာ မြန်မာ့အသံဆိုလို့ နန်းမားဒေသက ထပ်ဆင့်လွင့်စက်ရုံကလွင့်နေတဲ့ ရုပ်သံကိုဘဲကြည့်ကြ ရတယ် တောင်သူတွေ လယ်တောထဲမှာအလုပ်လုပ်ရင် ရေဒီယိုနားထောင်ရင် လိုင်းတို ကဘဲနားထောင်ကြရတော့အသံကမရှင်းဘူးသေသေချာချာနားထောင်နေကြရတယ် လေသံတွေနဲ့ဆူညံနေတော့အဆင်မပြေဘူးဟု မိုးညှင်းဒေသခံတောင်သူ ဦးကြွယ်ကပြောသည်။
- အဆိုပါကိစ္စနှင့်ပါတ်သက်၍ ပြန်ကြားရေးဝန်ကြီးဌာန ၊ မြန်မာအသံ နှင့်ရုပ်မြင်သံကြား အသံလွှင့်ဌာန မှ မိုးညှင်းခရိုင်အုပ်ချုပ်ရေးမှူးဦးခင်မောင်လေးနှင့်နိုဝင်ဘာ(၈)ရက်နေ့ မနက်(၁၀)နာရီကတွေ့ဆုံဆွေးနွေးခဲ့ကြောင်း အသံလွှင့်ဌာန ညွှန်ကြားရေးမှူးဦးဇေယျာကပြောသည်။
- မြန်မာ့အသံလိုင်း ကို နန်းမားက ရုပ်သံ ထပ်ဆင့်လွင့်စက်မှာ FM လိုင်း လွင့်စက်တပ်ပေးလိုက်ရင်အသံကြည်ကြည်လွင်လွင်နဲ့နားဆင် သိခွင့်ရကြပါမယ် အစိုးရအနေနဲ့လည်းကုန်ကျစရိတ် မများဘဲပြည်သူတွေအတွက်အဆင်ပြေသွားပါမယ် အစိုးရ က လွင့်ပေးတဲ့သီချင်းတွေ၊ ရာသီဥတုသတင်းတွေနဲ့ အမြို့မြို့အနယ်နယ်က သတင်းတွေကို ခရိုင်အတွင်းကနေရာအနှံ့ မှာ ကုန်ကျစရိတ်သက်သာစွာနားဆင်နိုင်ကြမှာဖြစ်ပါတယ် ဒါကြောင့် ကိုယ့်ရဲ့ပြည်နယ်အတွင်း လွှတ်တော်ကိုယ်စားလှယ်တွေက လွှတ်တော်မှာဆွေးနွေးတင်ပြကြရင်ဖြင့် မြန်ဆန်ပါလိမ့်မယ်ဟုမြန်မာ့အသံ အသံလွှင့်ဌာန ညွှန်ကြားရေးမှူးဦးဇေယျာကပြောသည် ။
- မိုးညှင်းခရိုင်ထွေအုပ်ရုံးတွင်ဆွေးနွေးမှုများတွင် MRTV ရုပ်သံလိုင်းများမှာ ခရိုင်ရုံး စိုက်ထားသည့် မိုးညှင်းမြို့ပေါ်တွင်ကြည်လင်စွာမရရှိကြသည့်အပြင် FM လိုင်း ထပ်ဆင့်လွင့်ပေးနိုင်ရန် မြို့ပေါ်တွင်ထပ်ဆင့်လွင့်စက်တပ်ဆင်နိုင်မည့်တာဝါတိုင်တည်ဆောက်နိုင်ရန်အတွက်ဆွေးနွေးမှုများပြုလုပ်ခဲ့ကြကြောင်းသိရသည်။
- မြန်မာ့အသံကိုကိုပြည်သူတွေကြည်လင်စွာနားဆင်နိုင် ဖို့ကိစ္စကို ကျွန်တော်နေပြည်တော်ကပြန်လာရင်တာဝန်ရှိသူတွေနဲ့ဆက်လက်ဆွေးနွေးပေးပါ့မယ် လွှတ်တော်မှာတင်ပြဆွေးနွေးသင့်ရင်လည်းတင်ပြပေးမှာပါဟုကချင်ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်ဦးတင်အေးကပြောသည်။
- အဆိုပါမြန်မာ့အသံFMလိုင်း မှ ထပ်ဆင့်လွင့်တင်ဆက်မှုများ ကို ကချင်ပြည်နယ်အတွင်း မြစ်ကြီးနားခရိုင် ဗန်မော်ခရိုင် နှင့် ပူတာအိုခရိုင် တို့တွင် နားဆင်နိုင်ကြပြီး မိုးညှင်းခရိုင်တွင် FMလိုင်းဖြင့် ကြည်လင်စွာ နားဆင်နိုင်မှုမရှိသေးကြောင်းသိရသည်။




Comments
Post a Comment