မိုးညှင်းတွင် “မြန်မာ့အသံချစ်သူများ” အဖွဲ့ဝင်များ နှင့်တွေ့ဆုံပွဲပြုလုပ်ရန် ကြော်ငြာ ဗီနိုင်း စိုက်ထူ”
မိုးညှင်းတွင်
“မြန်မာ့အသံချစ်သူများ” အဖွဲ့ဝင်များ နှင့်တွေ့ဆုံပွဲပြုလုပ်ရန် ကြော်ငြာ ဗီနိုင်း စိုက်ထူ”
EPN
မိုးညှင်း၊
နိုဝင်ဘာ ၂၂
- မိုးညှင်းမြို့ပေါ်တွင် ပြန်ကြားရေး ၀န်ကြီးဌာန မြန်မာ့အသံချစ်သူများ မှ အဖွဲ့ဝင်များ နှင့်တွေ့ဆုံပွဲပြုလုပ် ရန် နေ့ရက်များသတ်မှတ်သည့် ကြော်ငြာ ဗီနိုင်း များကို စတင် စိုက်ထနေ ကြောင်းသိရသည်။ အဆိုပါ ကြော်ငြာဗီနိုင်းမှာ ဒီဇင်ဘာ(၁၆)ရက်နေ့မိုးညှင်းမြို့တော်ခန်းမတွင် ပြုလုပ် ကျင်းပမည့် ပြန်ကြားရေးဝန်ကြီးဌာန မြန်မာ့အသံ နှင့် ရုပ်မြင်သံကြား ဌာန MRTV အဖွဲ့က ကချင်ပြည်နယ် အတွင်း မြန်မာ့အသံချစ်သူများ အဖွဲ့ ၀င်များ နှင့်တွေ့ဆုံပွဲပြုလုပ်နိုင်ရန် အတွက် နိုဝင်ဘာ ၂၂ရက်နေ့ ဒီနေ့ ညနေ၂နာရီမှ စတင် စိုက်ထူခဲ့ခြင်းဖြစ်သည်။
- "မြန်မာ့အသံချစ်သူများ အဖွဲ့ဝင်များနှင့် တွေ့ဆုံပွဲ ကြော်ငြာ Viny ကို မိုးညှင်းမြို့စည်ပင်ကော်မတီ အဖွဲ့ တွေနဲ့ပေါင်းစပ်ပြီး စတင်စိုက်ထူနေပါပြီ ၊ မိုးညှင်းမြို့ပေါ်မှာ ကြော်ငြာ နေရာ(၅)ခု စိုက်ထူကြေငြာ သွားမှာဖြစ် ပါတယ။် တက်ရောက်လိုသူတွေ က ကျွန်တော်ဆီမှာသော်လည်းကောင်း မြန်မာ့အသံ အသံလွှင်ဌာနဆီမှာ သော်လည်းကောင်း စာရင်းပေးကြစေလိုပါတယ်"ဟု ပွဲဖြစ်မြောက်ရေးအတွက် ကူညီပံ့ပိုးသူ ကချင်ပြည်နယ် မှုခင်းသတင်းထောက် ဒုပြည်နယ်တာဝန်ခံ ဦးသန်းထွန်းအောင်က ပြောသည်။
- အဆိုပါအခမ်းအနားသို့တက်ရောက်ရန်သက် ဆိုင်ရာသို့အမည်စာရင်းပေးသွင်းထားသည့် ရေဒီယို ချစ်သူများ အဖွဲ့ဝင်များကို ပြန်ကြားရေးဝန်ကြီးဌာန MRTVအဖွဲ့က ရေဒီယိုများနှင့် လက်ဆောင်ပစ္စည်းများပြန် လည်ပေးအပ်သွား မည်ဖြစ်ကြောင်း သိရသည်။
- မကြာမှီကျင်းပတော့မည့် အဆိုပါအခမ်းအနားတွင် မြန်မာ့အသံမှ Radio Star များအဖွဲ့အင်အား(၅၀)ခန့်က မိုးညှင်းမြို့ သို့လာရောက်ကြ့ပီး နည်းပညာကောလိပ်ကျောင်းအနီးရှိ မြို့တော်ခန်းမကြီးတွင် ရေဒီယို သောတ ရှင်များကို တွေ့ဆုံကာ သီဆိုဖျော်ဖြေပေးမည်ဖြစ်ကြောင်း မြန်မာ့အသံ နှင့်ရုပ်မြင်သံကြားဌာန လက်ထောက် ညွှန်ကြားရေးမှူးဦးဥာဏ်ထွန်းကပြော သည်။
- “မိုးညှင်းမြို့မှာ ရေဒီယိုချစ်တဲ့သူတွေနဲ့တွေ့ဆုံပွဲပါ ပြည်သူတွေကို MRTVမှာတင်ဆက်သလို မိုးညှင်း ကမြို့တော်ခန်းမထဲမှာ မြန်မာ့အသံကRadio Star တွေကိုယ်တိုင်သွားရောက်ဖျော်ဖြေပေးမှာပါ ထုတ်လွှင်မှု အစီအစဉ်အနေနဲ့ ပြည်သူ့အသံဂဏ္ဍကိုလည်းထည့်သွင်းတင်ပြသွားပြီး ပြည်သူတွေဖြစ်စေချင်တဲ့အကြံပြုချက် တွေကိုတောင်းဆိုသွားမှာပါ ”ဟု လက်ထောက်ညွှန်ကြားရေးမှူးဦးဥာဏ်ထွန်းကပြော သည်။
- မိုးညှင်းမြို့ပေါ်တွင် ကချင်ပြည်နယ် တစ်ခုလုံး ကိုယ်စားပြု အနေနှင့် ပြန်ကြားရေး ၀န်ကြီးဌာနမှ မြန်မာ့အသံချစ်သူများ မှ အဖွဲ့ဝင်များ နှင့်တွေ့ဆုံပွဲပြုလုပ်ရန် ကချင်ပြည်နယ်မှုခင်းသတင်းထောက်အဖွဲ့ ဦးပြုံးမြင့်(ဘီလူးမြို့)ဖောင်ဒေးရှင်းကကူညီဆောင်ရွက်ပေးနေကြောင်းသိရသည်။
သီဟ


Comments
Post a Comment