ရခိုင်​ပြည်​နယ်​အတွင်း အကူအညီပေးရန် မြစ်ကြီးနားမြို့နယ် ပြည်သူများထံမှ သိန်း၂၀၀ကျော်ရရှိ



ရခိုင်​ပြည်​နယ်​အတွင်း အကူအညီပေးရန် မြစ်ကြီးနားမြို့နယ် ပြည်သူများထံမှ သိန်း၂၀၀ကျော်ရရှိ

EPN
မြစ်ကြီးနား နိုဝင်ဘာ ၂၀

  • ရခိုင်ပြည်နယ်အတွင်းရှိ ပြည်သူများကို လူသားချင်းစာနာမှု အကူအညီ အထောက်အပံ့ပေးရေးအတွက် မြစ်ကြီးနားမြို့နယ်ရှိ ပြည်သူများထံမှ အလှူငွေသိန်းနှစ်ရာကျော် ရရှိထားကြောင်း မြစ်ကြီးနားမြို့နယ် အုပ်ချုပ် ရေးမှုးရုံးမှ သိရသည်။

  • အဆိုပါ အလှုငွေများကို မြစ်ကြီးနားမြို့နယ်အတွင်းရှိ ရပ်ကွက်နေပြည်သူများ၊အစိုးရ၊ အရပ်ဘက်လှုမှု ရေးအဖွဲ့အစည်းများ၊နိုင်ငံရေးပါတီများ၊လှုမှုရေးအသင်းအဖွဲ့များမှ စုပေါင်းလှုဒါန်းကြခြင်းဖြစ်သည်။

  • ``အစိုးရ အဖွဲ့ရဲ့ ညွှန်ကြားချက်အရလွန်ခဲ့တဲ့ တစ်ပတ်လောက်က ရပ်ကွက်အုပ်ချပ်ရေးမှုးတွေကို အဖွဲ့ဝင်တွေနဲ့ ဖွဲ့စည်းပြီး ကောက်ခံခဲ့တာပါ အခုလိုရပ်ကွက်နေပြည်သူတွေ ထည့်ဝင်ပေးတဲ့အတွက်လည်း အရမ်းကျေးဇူးတင်ပါတယ်´´ဟု မြစ်ကြီးနားမြို့နယ် အုပ်ချုပ်ရေးမှုး ဦးသန်းဝင်းကပြောသည်။

  • မြစ်ကြီးနားမြို့နယ်အဆင့် ဌာနဆိုင်ရာများမှ အလှုငွေ ( ၆၄၄၅၅၀)ကျပ်ရရှိ၍ ဆင်ဘိုမြို့ဌာနဆိုင်ရာ များနှင့် ရပ်ကွက်နေသူများထံမှ (၁၂၃၉၀၀၀)ကျပ်နှင့် မြစ်ကြီးနားမြို့နယ် အတွင်းရှိ ရပ်ကွက်ကျေးရွာများရှိ ပြည်သူများ ထံမှ (၁၉၆၅၆၀၀၀)ကျပ်ရရှိခဲ့သည်။

  • အဆိုပါ အခမ်းအနားကို ဧရာရပ်ကွက်ရှိ စုပေါင်းရုံးတွင် အောက်တိုဘာ ၂၀ရက် နံနက်၁၀နာရီတွင် ကျင်းပခဲ့ပြီး ကောက်ခံရရှိသည့် အလှုငွေများကို ရခိုင်ပြည်နယ်အတွင်း လူသားချင်း စာနာမှု အကူအညီ အထောက်အပံ့ပေးရေး ပြန်လည်နေရာချထားရေးနှင့် ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများတွင် အသုံးပြုသွား မည်ဖြစ်ကြောင်း သိရသည်။

  • ယခုနှစ်ပြီးခဲ့သည့်  သုံးလကတင် ရခိုင်ပြည်နယ် အတွင်းဖြစ်ပွားနေသော ARSA အကြမ်းဖက် မှုများ ကြောင့် ရခိုင်ပြည်နယ်ဒေသခံ အများအပြား စာဝတ်နေရးအခက်တွေ့နေရကြောင်း သိရသည်။

                                                                မီးမီး






Comments

သတင်းခေါင်းစဉ်များ

မြစ်ကြီးနားမြို့ရှိ KBZဘဏ်လုယက်မှုတွင် မသင်္ကာသူ အမျိုးသား (၃)ဦးအား စစ်ဆေးနေ

မိုးကောင်းမြို့နယ်တွင်သက်တမ်းလွန်အစားအသောက်နှင့်ဆေးဝါးများ ရောင်းချမှုရှိမရှိ FDA မှစစ်ဆေး

ရခိုင်ပြည်နယ်တွင် နေထိုင်၍ သေဆုံးသွားကြသော ဟိန္ဒူဘာသာဝင်များနှင့် အခြားတိုင်းရင်းသားများအတွက်ဆုတောင်းပွဲပြုလုပ်

မြစ်ကြီးနား -ပူတာအို လမ်းပိုင်းပြတ်တောက်မှုကြောင့် မြစ်ကြီးနားမြို့တွင် ဂရိတ်ဖရုသီး ဈေးနှုန်းမြှင့်တက်

ကျောက်စိမ်းမြို့တော်တံခါးဝ မိုးကောင်း သီတင်းကျွတ်

ခွေးရူးပြန်ရောဂါ (Rabies)ကာကွယ်ဆေးအခမဲ့ထိုးပေး

မိုးကောင်းရှိ ပြည်လုံးချမ်းသာရွှေသာလျောင်းမြတ်စွာဘုရားဗုဒ္ဓပူဇနိယပွဲတော်ဖွင့်ပွဲကျင်းပပြုလုပ်

မိုးညှင်းပြည်သူ့ဆေးရုံတွင်အချုပ်သားဆေးကုသဆောင်တည်ဆောက်မည့် တွက်ချက်လျာထားချက် မြေပုံတို့ကို မတင်ပြနိုင်သေး

ဆုတောင်းပြည့်စေတီတော်စိန်ဖူးတော်တင်လှူပွဲနှင့် ရွှေသင်္ကန်းကပ်လှူပွဲကျင်းပမည်