မိုးကောင်းဈေးကြီးအတွင်းမှပိုက်ဆံအိတ်ခိုးယူပြေးလာသူဖမ်းဆီးမိ



မိုးကောင်းဈေးကြီးအတွင်းမှပိုက်ဆံအိတ်ခိုးယူပြေးလာသူဖမ်းဆီးမိ
EPN
မိုးကောင်း နိုဝင်ဘာ ၂၄

  • နယ်မြေလှည့်ကင်းဆောင်ရွက်နေစဉ်မိုးကောင်းဈေးကြီးအတွင်းမှပိုက်ဆံအိတ်ခိုးယူပြေးလာသူကိုဖမ်းဆီးရမိပါသည်။
  • ကချင်ပြည်နယ်မိုးကောင်းမြို့စည်ပင်သာယာမြို့မဈေးကြီးအရှေ့ဘက်အပေါက်တွင်နိုဝင်ဘာ ၂၄ရက် နံနက်၈နာရီကျော်ခန့်ကမိုးကောင်းမြို့မရဲစခန်းမှနယ်ထိန်းခေါင်းဆောင်ရဲအုပ်ဇော်ဝင်း ဒုတကသူရှိန် ၊ဒုတကဇော်ဇော်တို့သည်နယ်မြေလုံခြုံရေးဆောင်ရွက်နေစဉ်ဈေးကြီးအရှေ့ဘက်အပေါက်မှလူတစ်ဦး
  • ယာဘက်လက်မှပိုက်ဆံအိတ်ကိုင်ကာပြေးထွက်လာသဖြင့်ဝိုင်းဝန်းဖမ်းဆီးစစ်ဆေးရာအင်းတော်မြို့နယ်
  • စစ်ပိန်းကျေးရွာနေကိုမျိုးသူအောင်(၂၅)နှစ်ဖြစ်ကြောင်းထွက်ဆိုပြီးယင်းကိုင်ဆောင်လာသောအိတ်နှင့်
  • ပါတ်သက်၍ပိုင်ဆိုင်ကြောင်းတစ်စုံတစ်ရာသက်သေမပြနိုင်သဖြင့်သက်သေများရှေ့ဖွင့်၍စစ်ဆေးရာ
  • အိတ်အတွင်းမှကျပ်ငွေရောရာ(၁၂၅၅၀၀)ကျပ်နှင့်ဒေါ်နွဲ့နွဲ့ဌေးအမည်ပါယာဉ်မောင်းလိုင်စင်ကိုတွေ့ရှိပါသည်။

  • "နယ်မြေလုံလုံခြုံရေးဆောင်ရွက်နေတုံးဈေးအရှေ့ဘက်အပေါက်ကပြေးထွက်လာတာနောက်ကလဲဈေးအဖွဲ့တွေကလိုက်နေလို့သင်္ကာလို့ဖမ်းဆီးစစ်မေးလိုက်တာ အိတ်နဲ့ပါတ်သက်လို့လဲသူပိုင်ဖြစ်ကြောင်းသက်သေ မပြနိုင်ဘူးလေ"ဟုရဲအုပ်ဇော်ဝင်းမှပြောပါသည်။

  • ဖြစ်စဉ်နှင့်ပတ်သက်၍မျိုးသူအောင်ကိုမိုးကောင်းမြို့မရဲစခန်းမှ (ပ)၁၃၈/၂၀၁၇ရာဇသတ်ကြီးပုဒ်မ၃၇၉/ကျင့်၅၄ဖြင့်အရေးယူထားကြောင်းသိရသည်။
  •                                                        ချိုမောင် 

Comments

သတင်းခေါင်းစဉ်များ

မြစ်ကြီးနားမြို့ရှိ KBZဘဏ်လုယက်မှုတွင် မသင်္ကာသူ အမျိုးသား (၃)ဦးအား စစ်ဆေးနေ

မိုးကောင်းမြို့နယ်တွင်သက်တမ်းလွန်အစားအသောက်နှင့်ဆေးဝါးများ ရောင်းချမှုရှိမရှိ FDA မှစစ်ဆေး

ရခိုင်ပြည်နယ်တွင် နေထိုင်၍ သေဆုံးသွားကြသော ဟိန္ဒူဘာသာဝင်များနှင့် အခြားတိုင်းရင်းသားများအတွက်ဆုတောင်းပွဲပြုလုပ်

မြစ်ကြီးနား -ပူတာအို လမ်းပိုင်းပြတ်တောက်မှုကြောင့် မြစ်ကြီးနားမြို့တွင် ဂရိတ်ဖရုသီး ဈေးနှုန်းမြှင့်တက်

ကျောက်စိမ်းမြို့တော်တံခါးဝ မိုးကောင်း သီတင်းကျွတ်

ခွေးရူးပြန်ရောဂါ (Rabies)ကာကွယ်ဆေးအခမဲ့ထိုးပေး

မိုးကောင်းရှိ ပြည်လုံးချမ်းသာရွှေသာလျောင်းမြတ်စွာဘုရားဗုဒ္ဓပူဇနိယပွဲတော်ဖွင့်ပွဲကျင်းပပြုလုပ်

မိုးညှင်းပြည်သူ့ဆေးရုံတွင်အချုပ်သားဆေးကုသဆောင်တည်ဆောက်မည့် တွက်ချက်လျာထားချက် မြေပုံတို့ကို မတင်ပြနိုင်သေး

ဆုတောင်းပြည့်စေတီတော်စိန်ဖူးတော်တင်လှူပွဲနှင့် ရွှေသင်္ကန်းကပ်လှူပွဲကျင်းပမည်