မျက်စိရောဂါများ အခမဲ့ကုသရန် နယ်ဝေးမှလူနာများဖုန်းဆက်၍ စာရင်းပေးသွင်းနိုင်



မျက်စိရောဂါများ အခမဲ့ကုသရန် နယ်ဝေးမှလူနာများဖုန်းဆက်၍ စာရင်းပေးသွင်းနိုင်

EPN
မြစ်ကြီးနား နိုဝင်ဘာ ၂၁

  • မြစ်ကြီးနားမြို့တောင်တန်းသာသနာပြု သီတဂူစက္ကူဒါနဆေးရုံတော်မှ မျက်စိနှင့် ပတ်သက်သည့် ရောဂါများကို ကုသလိုပါက နယ်ဝေးမှ လူနာများမှာ ဖုန်းဆက်၍ အမည်စာရင်း ပေးသွင်းနိုင်ပြီး ၄ရက်ကြာ အခမဲ့ ကုသမှုပေးမည်ဖြစ်ကြောင်းအဆိုပါဆေးရုံ၏ စီမံအုပ်ချုပ်ရေးမှုးအဖွဲ့ထံမှ သိရသည်။

  • အဆိုပါဆေးရုံတွင် မျက်စိပြသလိုသည့် လူနာ၏ အမည်၊အသက်၊အဖအမည်၊နေရပ်လိပ်စာတို့ကို မြစ်ကြီးနားမြို့ ရန်ကြီးအောင်ရပ်ကွက်ရှိ အံတော်ရှင်ဝင်း အတွင်း၌ တောင်တန်းသာသနာပြု သီတဂူစက္ကူဒါန ဆေးရုံတော်တွင် နိုဝင်ဘာ၂၅ရက်နေ့ နံနက်၉နာရီမှ၁၂နာရီထိတစ်ကြိမ် နေ့လည်၁နာရီမှ ၄နာရီထိတစ်ကြိမ် စာရင်း လက်ခံပေးမည်ဖြစ်ပြီး နယ်ဝေးမှ လူနာများမှာ ဖုန်းနံပတ်(၀၇၄_၂၅၂၉၅၀၀နှင့် ၀၇၄_၂၅၂၉၅၀၅)ထံသို့ စာရင်းပေးသွင်းနိုင်ကြောင်း သိရသည်။

  • ``နယ်ဝေးက လူဆိုရင်တော့ လူနာစာရင်းကို ဖုန်းဆက်ပြီး ပေးလို့ရတယ် လူနာအရေအတွက် တစ်နေ့ကို ၃၅၀လောက်ပဲ ကြည့်ပေးမှာပါကုသမှုတွေကတော့ မျက်​စဉ်းခတ်​ဆေးနဲ့ ရတဲ့သူကို ဆေးပေးပြီး ပြန်လွှတ်တာမျိုးတို့ မျက်​မှန်​ပါဝါ တိုင်းပေးတာမျိုးပေါ့ မျက်မှန်တော့မပေးဘူး ခွဲစိတ်ရမယ့် လူနာကတော့ အိမ်က ဘာမှယူလာစရာ မလိုဘူး  ထမင်း၊စောင် ၊အိပ်ရာခင်း အားလုံး အခမဲ့ စီစဉ်ပေးထားပါတယ် ´´ဟု အဆိုပါဆေးရုံ၏ စီမံအုပ်ချုပ်ရေးမှုးအဖွဲ့မှ အတွင်းရေးမှုး ဦးမြင့်ဝေကပြောသည်။

  • မျက်စိအထူးကု ဆရာဝန်ကြီး ပါ​မောက္ခ (ငြိမ်း) ဒေါက်တာဦးမြအောင် ဦးစီးသည့် အဖွဲ့များမှ ဒီဇင်ဘာ ၄ရက်နေ့မှ ၇ရက်နေ့အထိ လူမျိုးမရွေး ဘာသာမရွေး အခမဲ့ ကုသပေးမည်ဖြစ်ပြီး မျက်စိခွဲစိတ်ရမည့် လူနာ သည် ထိုဆေးရုံတွင် ၂ညအိပ် တက်ရောက်ကုသရမည်ဖြစ်သည်။

  • မြစ်ကြီးနားမြို့တွင် ယခုကဲ့သို့ လာရောက်ကုသမှုပေးခြင်းသည် ၈ကြိမ်မြှောက်ဖြစ်ပြီး ၂၀၁၆ခုနှစ်တွင် လူနာစုစုပေါင်း၁၇၀၀ကျော် ကြည့်ရှုကုသပေးခဲ့ရာ ခွဲစိတ်ရသည့်လူနာ ၃၀၀ကျော်ရှိ၍ သီတဂူဆရာတော် ဘုရားကြီးမှ စက်​ပစ္စည်းနှင့် ဆရာဝန်များ အခမဲ့ကုသပေးခြင်းဖြစ်ပြီး မြစ်ကြီးနားမြို့ပေါ်မှ အလှုရှင်များက နေထိုင်စားသောက်စရိတ်များကို ပံ့ပိုးကူညီခြင်းဖြစ်ကြောင်း ဦးမြင့်ဝေကပြောသည်။

                                                                မီးမီး




Comments

သတင်းခေါင်းစဉ်များ

မြစ်ကြီးနားမြို့ရှိ KBZဘဏ်လုယက်မှုတွင် မသင်္ကာသူ အမျိုးသား (၃)ဦးအား စစ်ဆေးနေ

မိုးကောင်းမြို့နယ်တွင်သက်တမ်းလွန်အစားအသောက်နှင့်ဆေးဝါးများ ရောင်းချမှုရှိမရှိ FDA မှစစ်ဆေး

ရခိုင်ပြည်နယ်တွင် နေထိုင်၍ သေဆုံးသွားကြသော ဟိန္ဒူဘာသာဝင်များနှင့် အခြားတိုင်းရင်းသားများအတွက်ဆုတောင်းပွဲပြုလုပ်

မြစ်ကြီးနား -ပူတာအို လမ်းပိုင်းပြတ်တောက်မှုကြောင့် မြစ်ကြီးနားမြို့တွင် ဂရိတ်ဖရုသီး ဈေးနှုန်းမြှင့်တက်

ကျောက်စိမ်းမြို့တော်တံခါးဝ မိုးကောင်း သီတင်းကျွတ်

ခွေးရူးပြန်ရောဂါ (Rabies)ကာကွယ်ဆေးအခမဲ့ထိုးပေး

မိုးကောင်းရှိ ပြည်လုံးချမ်းသာရွှေသာလျောင်းမြတ်စွာဘုရားဗုဒ္ဓပူဇနိယပွဲတော်ဖွင့်ပွဲကျင်းပပြုလုပ်

မိုးညှင်းပြည်သူ့ဆေးရုံတွင်အချုပ်သားဆေးကုသဆောင်တည်ဆောက်မည့် တွက်ချက်လျာထားချက် မြေပုံတို့ကို မတင်ပြနိုင်သေး

ဆုတောင်းပြည့်စေတီတော်စိန်ဖူးတော်တင်လှူပွဲနှင့် ရွှေသင်္ကန်းကပ်လှူပွဲကျင်းပမည်