(၉၇)နှစ်မြောက်အမျိုးသားနေ့အထိမ်းအမှတ်စာပေဟော ပြောပွဲနှင့်စာပေပြိုင်ပွဲကျင်းပပြုလုပ်

(၉၇)နှစ်မြောက်အမျိုးသားနေ့အထိမ်းအမှတ်စာပေဟော
ပြောပွဲနှင့်စာပေပြိုင်ပွဲကျင်းပပြုလုပ် 

EPN
မိုးကောင်း နိုဝင်ဘာ ၁၃

  • (၉၇)နှစ်မြောက်အမျိုးသားနေ့အထိမ်းအမှတ်စာပေဟောပြောပွဲနှင့်စာပေပြိုင်ပွဲကိုမိုးကောင်းမြို့နယ်စာပေဖွံ့ဖြိုးတိုးတက်ရေးအသင်းမှကြီးမှူး၍(၇)ကြိမ်မြောက်ကျင်းပပါသည်။
  • ကချင်ပြည်နယ်မိုးကောင်းမြို့သာသနာ့ဗိမာန်တွင်တန်ဆောင်မုန်းလပြည့်ကျော်(၁၀)ရက်နေ့ယနေ့ နိုဝင်ဘာ၁၃တွင်ကျရောက်သော(၉၇)နှစ်မြောက်အမျိုးသားနေ့အထိမ်းအမှတ်အဖြစ်စာပေဟောပြောပွဲနှင့်စာပေပြိုင်ပွဲကိုနှစ်ကြိမ်ခွဲ၍ကျင်းပပါသည်။
  • နေ့(၁၂)နာရီအချိန်မှစ၍ကျောင်းသား/သူလူငယ်များအတွက်  ဦးဘုန်း(ဓါတု) ၏ဟောပြောမှုနှင့်အတူကျပမ်းစကားပြောပြိုင်ပွဲကိုကျင်းပပြီးအမျိုးသားနေ့အထိမ်းအမှတ်မြို့နယ်အဆင့်စာစီစာကုံးဆုရှိသူများကိုဆုချီးမြှင့်ပါသည်။
  • "စာဖတ်တဲ့သူဟာအများနဲ့ယှဉ်လိုက်ရင်စီးပွားရေးလူမှုရေးမှာပါဝါတစ်ခုရှိနေတယ်ဆိုတာလူငယ်တွေသိနေဘို့ Reading is Power ဆိုတဲ့ခေါင်းစဉ်နဲ့အသိအမြင်ဖွင့်ပေးခဲ့ပါတယ်"ဟုဦးဘုန်း(ဓာတု)မှပြောပါသည်။
  • ယနေ့ညနေ(၅)နာရီတွင်စာရေးဆရာဦးဘုန်း(ဓာတု)၊ရုပ်ရှင်နှင့်ဗွီဒီယိုသရုပ်ဆောင် အကယ်ဒမီဗေလုဝ၊စာရေးဆရာမ မသီတာ(စန်းချောင်း)တို့မှ စာပေနှင့်ပတ်သက်သည့် သိမှတ်စရာများကို ဟောပြောပြီး ဆောင်းပါးပြိုင်ပွဲနှင့် ကျပမ်းစကားပြောပြိုင်ပွဲ ထည့်သွင်းကျင်းပထားရာဆုရရှိသူများကိုဆုချီးမြှင့်မည်ဖြစ်သည်။
  • "နေ့ပွဲကျင်းပပေးဖြစ်တာကအမျိုးသားနေ့ကျောင်းတွေလဲပိတ်ထားတော့ကျောင်းသား/သူလူငယ်တွေစာဖတ်ခြင်းရဲ့တန်ဘိုးကိုသိရှိနားလည်ဘို့နဲ့အသိပညာဖွံ့ဖြိုးတိုးတက်ပြီးလိမ္မာယဉ်ကျေးလာအောင်ဆိုတဲ့ရည်ရွယ်ချက်ကောင်းထားကျင်းပပေးတာပါ"ဟိုမိုးကောင်းမြို့နယ်စာပေဖွံ့ဖြိုးတိုးတက်ရေးအသင်းအတွင်းရေးမှူးဦးတင်လင်းမှပြောသည်။
  • ယနေ့နေ့လည်စာပေဟောပြောပွဲသို့ကျောင်းသား/သူလူငယ်၁၂၀၀ဦးကျော်လာရောက်နားထောင်ခဲ့သည်။
                                                                   ချိုမောင်



Comments

သတင်းခေါင်းစဉ်များ

မြစ်ကြီးနားမြို့ရှိ KBZဘဏ်လုယက်မှုတွင် မသင်္ကာသူ အမျိုးသား (၃)ဦးအား စစ်ဆေးနေ

မိုးကောင်းမြို့နယ်တွင်သက်တမ်းလွန်အစားအသောက်နှင့်ဆေးဝါးများ ရောင်းချမှုရှိမရှိ FDA မှစစ်ဆေး

ရခိုင်ပြည်နယ်တွင် နေထိုင်၍ သေဆုံးသွားကြသော ဟိန္ဒူဘာသာဝင်များနှင့် အခြားတိုင်းရင်းသားများအတွက်ဆုတောင်းပွဲပြုလုပ်

မြစ်ကြီးနား -ပူတာအို လမ်းပိုင်းပြတ်တောက်မှုကြောင့် မြစ်ကြီးနားမြို့တွင် ဂရိတ်ဖရုသီး ဈေးနှုန်းမြှင့်တက်

ကျောက်စိမ်းမြို့တော်တံခါးဝ မိုးကောင်း သီတင်းကျွတ်

ခွေးရူးပြန်ရောဂါ (Rabies)ကာကွယ်ဆေးအခမဲ့ထိုးပေး

မိုးကောင်းရှိ ပြည်လုံးချမ်းသာရွှေသာလျောင်းမြတ်စွာဘုရားဗုဒ္ဓပူဇနိယပွဲတော်ဖွင့်ပွဲကျင်းပပြုလုပ်

မိုးညှင်းပြည်သူ့ဆေးရုံတွင်အချုပ်သားဆေးကုသဆောင်တည်ဆောက်မည့် တွက်ချက်လျာထားချက် မြေပုံတို့ကို မတင်ပြနိုင်သေး

ဆုတောင်းပြည့်စေတီတော်စိန်ဖူးတော်တင်လှူပွဲနှင့် ရွှေသင်္ကန်းကပ်လှူပွဲကျင်းပမည်