မြစ်ကြီးနားမြို့တွင် ရပ်ကွက်နေ ပြည်သူများကို အောက်တိုဘာလတွင် ဆိုင်ကယ် ယာဉ်မောင်းလိုင်စင် ပြုလုပ်ပေးမည်

မြစ်ကြီးနားမြို့တွင် ရပ်ကွက်နေ ပြည်သူများကို အောက်တိုဘာလတွင် ဆိုင်ကယ် ယာဉ်မောင်းလိုင်စင် ပြုလုပ်ပေးမည်

EPN
မြစ်ကြီးနား၊ အောက်တိုဘာ ၈
  •     မြစ်ကြီးနား မြို့ပေါ်ရပ်ကွက် ၂၈ရပ်ကွက်မှ ပြည်သူများကို ဆိုင်ကယ် ယာဉ်မောင်းလိုင်စင် ပြုလုပ် ပေးမည် ဟု မြစ်ကြီးနားမြို့နယ် အုပ်ချုပ်ရေးမှူးရုံးမှ သိရသည်။
  •     အဆိုပါ ဆိုင်ကယ်ယာဉ်မောင်းလိုင်စင်ကို အောက်တိုဘာလတွင် စတင်၍ ရပ်ကွက်နေပြည်သူများ လိုအပ်ချက်အရ ဆက်လက် လုပ်ဆောင်ပေးမည်ဖြစ်ပြီး လူဦးရေများသည့် ရပ်ကွက်များ၏ ဘုန်းကြီး ကျောင်းနှင့် ဓမ္မာရုံများတွင် စုပေါင်း လုပ်ဆောင်ပေးမည်ဟု သိရသည်။
  •     “(က)လိုင်စင်ပေါ့ အပြီးအစီး တစ်သောင်းကျပ်လောက် ကုန်ကျမယ်လို့ ခန့်မှန်းထားတယ် ကညနရုံးမှာ ဖြေသလို စာမေးပွဲလဲဖြေရမယ်  ဝန်ထမ်းတွေကိုတော့ ရပ်ကွက်မှာ မလုပ်ပေးဘဲ စုပေါင်းရုံးမှာ လုပ်ပေးမယ်” ဟု မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသန်းဝင်းကပြောသည်။
  •     အဆိုပါ ယာဉ်မောင်းလိုင်စင်ကို ရုံးဖွင့်ရက်၏ ရုံးချိန်များအတွင်း ပြုလုပ်ပေးမည်ဖြစ်ပြီး စုပေါင်းရုံး တွင်လည်း ဝန်ထမ်းများကို ပြုလုပ်ပေးရန် အောက်တိုဘာလအတွင်း စီစဉ်ထားကြောင်း သိရသည်။
  •     (က)ယာဉ်မောင်း လိုင်စင်ပြုလုပ်ရန်အတွက် မှတ်ပုံတင်မိတ္တူနှင့် လိုင်စင်ပုံ၂ပုံ လိုအပ်မည်ဖြစ်ပြီး (က)လိုင်စင် ပြုလုပ်ပြီး ၃လအကြာတွင်(ခ)လိုင်စင် လျှောက်ထားနိုင်မည်ဖြစ်ပြီး (ခ)လိုင်စင် ပြုလုပ်စဉ် ၃၀၀၀၀မှ ၄၀၀၀၀အထိ ကုန်ကျနိုင်ကြောင်း သိရသည်။
                                                                  မီးမီး

Comments

သတင်းခေါင်းစဉ်များ

မြစ်ကြီးနားမြို့ရှိ KBZဘဏ်လုယက်မှုတွင် မသင်္ကာသူ အမျိုးသား (၃)ဦးအား စစ်ဆေးနေ

မိုးကောင်းမြို့နယ်တွင်သက်တမ်းလွန်အစားအသောက်နှင့်ဆေးဝါးများ ရောင်းချမှုရှိမရှိ FDA မှစစ်ဆေး

ရခိုင်ပြည်နယ်တွင် နေထိုင်၍ သေဆုံးသွားကြသော ဟိန္ဒူဘာသာဝင်များနှင့် အခြားတိုင်းရင်းသားများအတွက်ဆုတောင်းပွဲပြုလုပ်

မြစ်ကြီးနား -ပူတာအို လမ်းပိုင်းပြတ်တောက်မှုကြောင့် မြစ်ကြီးနားမြို့တွင် ဂရိတ်ဖရုသီး ဈေးနှုန်းမြှင့်တက်

ကျောက်စိမ်းမြို့တော်တံခါးဝ မိုးကောင်း သီတင်းကျွတ်

ခွေးရူးပြန်ရောဂါ (Rabies)ကာကွယ်ဆေးအခမဲ့ထိုးပေး

မိုးကောင်းရှိ ပြည်လုံးချမ်းသာရွှေသာလျောင်းမြတ်စွာဘုရားဗုဒ္ဓပူဇနိယပွဲတော်ဖွင့်ပွဲကျင်းပပြုလုပ်

မိုးညှင်းပြည်သူ့ဆေးရုံတွင်အချုပ်သားဆေးကုသဆောင်တည်ဆောက်မည့် တွက်ချက်လျာထားချက် မြေပုံတို့ကို မတင်ပြနိုင်သေး

ဆုတောင်းပြည့်စေတီတော်စိန်ဖူးတော်တင်လှူပွဲနှင့် ရွှေသင်္ကန်းကပ်လှူပွဲကျင်းပမည်