ဗန်းမော်မြို့ သံတဲရိပ်သာ အဆောက်အဦးပန္နက်တင်မင်္ဂလာ ကျင်းပ

ဗန်းမော်မြို့ သံတဲရိပ်သာ အဆောက်အဦးပန္နက်တင်မင်္ဂလာ ကျင်းပ

EPN
ဗန်းမော်၊ အောက်တိုဘာ ၁၇
  • ကချင်ပြည်နယ် ဗန်းမော်မြို့တွင် မြို့နယ်အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန သံတဲရိပ်သာ အဆောက်အဦး ပန္နက်တင်မင်္ဂလာကို အောက်တိုဘာ ၁၇ ရက်နေ့ နံနက် ၈ နာရီတွင် ညောင်ပင်ရပ်ကွက်   သံတဲရိပ်သာဝန်းအတွင်း၌ ကျင်းပခဲ့သည်။
  • ရှေးဦးစွာ ပြည်နယ်လွှတ်တော်  ဥက္ကဋ္ဌ ဦးထွန်းတင်၊ ပြည်နယ် စီမံဘဏ္ဍာရေး ဝန်ကြီး  ဦးဝေလင်း၊ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးဇော်သင်း ခရိုင်အုပ်ချုပ်ရေးမှူး ဦးထွေးမြင့် တို့က သတ်မှတ် နေရာများတွင် အသီးသီး နေရာယူခဲ့ကြ၍ မင်္ဂလာအချိန် ကျရောက်သည့် နံနက်၈ နာရီတွင် ပန္နက် ရိုက်ခဲ့ ကြပြီး အမွှေးနံ့သာရည်များပက်ဖြန်းခဲ့ကြသည်။
  • ဆက်လက်၍  ပန္နက်တင် မင်္ဂလာအခမ်းအနား ကျင်းပရာ ASIM CMI  ကုမ္ပဏီ လီမိတက် တာဝန်ခံအင်ဂျင်နီယာ ဦးဝဏ္ဏကိုကိုက သံတဲဆောက်လုပ်ခြင်းနှင့် ပတ်သက်၍ Work Schedule ဆောက်ရွက်မည့် အစီအစဉ်များကိုရှင်းလင်း တင်ပြခဲ့သည်။
  • သံတဲ ရိပ်သာသည် (၈၀ ပေ×၉၂ ပေ×၂၆ ပေခွဲ)ဖြစ်၍ အာရ်စီနှစ်ထပ် ဖြစ်ပြီး  ကချင်ပြည်နယ် အစိုးရအဖွဲ့၏ ၂၀၁၇ /၂၀၁၈ ဘဏ္ဍာရေးနှစ် ငွေလုံးငွေရင်းခွင့်ပြု ရန်ပုံငွေ ကျပ် ၂၅၂ ဒသမ ၆၂၅သန်းဖြင့် ASIM CMIကုမ္ပဏီက တာဝန်ယူတည်ဆောက်မည်ဖြစ်ကြောင်း ကုမ္ပဏီတာဝန်ခံ အင်ဂျင်နီယာထံမှ သိရှိရသည်။
  • သံတဲရိပ်သာ ဆောက်လုပ်ပြီးပါက ကချင်ပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာများ၊ တိုင်းနှင့် ပြည်နယ်အသီးသီးရှိ တာဝန်ရှိသူများ၊ ဌာနဆိုင်ရာများ၊ ခရိုင်အတွင်းရှိ မိုးမောက်၊ မန်စီ၊ ရွှေကူ မြို့နယ်များမှ ဝန်ထမ်းများ ဗန်းမော်မြိုသို့ ရောက်ရှိပါက တည်းခိုမှု အဆင်ပြေမည်ဖြစ်ကြောင်း မြို့နယ် အထွေထွေ အုပ်ချူပ်ရေးဦးစီးဌာနထံမှ သိရှိရသည်။
                                                       ဗန်းမော် သုခမိန်

Comments

သတင်းခေါင်းစဉ်များ

မြစ်ကြီးနားမြို့ရှိ KBZဘဏ်လုယက်မှုတွင် မသင်္ကာသူ အမျိုးသား (၃)ဦးအား စစ်ဆေးနေ

ရခိုင်ပြည်နယ်တွင် နေထိုင်၍ သေဆုံးသွားကြသော ဟိန္ဒူဘာသာဝင်များနှင့် အခြားတိုင်းရင်းသားများအတွက်ဆုတောင်းပွဲပြုလုပ်

မြစ်ကြီးနား -ပူတာအို လမ်းပိုင်းပြတ်တောက်မှုကြောင့် မြစ်ကြီးနားမြို့တွင် ဂရိတ်ဖရုသီး ဈေးနှုန်းမြှင့်တက်

ခွေးရူးပြန်ရောဂါ (Rabies)ကာကွယ်ဆေးအခမဲ့ထိုးပေး

မိုးညှင်းပြည်သူ့ဆေးရုံတွင်အချုပ်သားဆေးကုသဆောင်တည်ဆောက်မည့် တွက်ချက်လျာထားချက် မြေပုံတို့ကို မတင်ပြနိုင်သေး

ဆုတောင်းပြည့်စေတီတော်စိန်ဖူးတော်တင်လှူပွဲနှင့် ရွှေသင်္ကန်းကပ်လှူပွဲကျင်းပမည်

မိုးကောင်းမြို့နယ်တွင်စိုက်ပျိုးရန်ပြင်ဆင်နေသောလျှော်ဖြူ (ခေါ်)ဆေးကုလားမပင်

ဗန်းမော်မြို့တွင် စစ်ဘေးတိမ်းရှောင်စခန်းနေ နဝမတန်းကျောင်းသားတစ်ဦး ဓားခုတ်ခံရ၍ သေဆုံး

ဟိုပင်မြို့အတွင်းရှိလမ်းတံတားအားEhpenlionဂျိုင်းဆက်ပြုပြင်တပ်ဆင်

အင်းတော်ကြီးဒေသ ခလရ(၁၅)ခြေလျင်တပ်ရင်းတွင် ရှမ်းမျိုးနွယ်စုရေးရာအဖွဲ့(S.E.A)မှ ဦးဆောင်၍ ဌာနေပြည်သူ့စစ်သင်တန်းဖွင့်