အင်းတော်ကြီးဒေသ ခလရ(၁၅)ခြေလျင်တပ်ရင်းတွင် ရှမ်းမျိုးနွယ်စုရေးရာအဖွဲ့(S.E.A)မှ ဦးဆောင်၍ ဌာနေပြည်သူ့စစ်သင်တန်းဖွင့်
အင်းတော်ကြီးဒေသ ခလရ(၁၅)ခြေလျင်တပ်ရင်းတွင် ရှမ်းမျိုးနွယ်စုရေးရာအဖွဲ့(S.E.A)မှ ဦးဆောင်၍ ဌာနေပြည်သူ့စစ်သင်တန်းဖွင့်
EPNအင်းတော်ကြီး အောက်တိုဘာ ၂
- အင်းတော်ကြီးဒေသ ခလရ(၁၅)ခြေလျင်တပ်ရင်းတွင် ရှမ်းမျိုးနွယ်စုရေးရာအဖွဲ့(S.E.A)မှ ဦးဆောင်၍ ဌာနေပြည်သူ့စစ်သင်တန်းဖွင့်လှစ်နေကြောင်း မြန်မာပြည်မြောက်ပိုင်း ရှမ်းမျိုးနွယ်စုရေးရာ အဖွဲ့(S.E.A)မှ သိရသည်။
- "ဒီနေ့သင်တန်းစပေးတာပါ။ ဌာနေပြည်သူ့စစ်တွေကို နယ်မြေအခြေအနေပေါ်မူတည်ပြီး ဖွဲ့စည်း ဆောင်ရွက်နေတာဖြစ်တယ်" ဟု မြန်မာပြည်မြောက်ပိုင်း ရှမ်းမျိုးနွယ်စုရေးရာအဖွဲ့(S.E.A) မှ ဒုဥက္ကဋ္ဌ ဦးစိုင်းခင်မောင်အေးမှ ပြောသည်။
- ဌာနေပြည်သူ့စစ်တပ်ဖွဲ့ဝင်များသည် မိမိဒေသကို ချစ်မြတ်နိုးတဲ့စိတ်တွေနဲ့ အစစအရာရာဖျက်ဆီး နှောက်ယှက်နေတဲ့ အဖျက်သမားရန်ကို ကာကွယ်ဖို့ဖွဲ့စည်းထားခြင်းဖြစ်ပြီး ခလရ(၁၅)ခြေလျင်တပ်ရင်း တွင် ရှမ်းမျိုးနွယ်စုရေးရာအဖွဲ့(S.E.A)မှ ဦးဆောင်၍ အောက်တိုဘာလ(၂)ရက် နံနက်(၉)နာရီ၌ စတင်၍ ဌာနေ ပြည်သူ့စစ်သင်တန်း ဖွင့်လှစ်ခြင်းဖြစ်သည်။
- "အခုဆိုရင် ဌာနေပြည်သူ့စစ်တပ်ဖွဲ့ဝင်များသည် မိမိဒေသကိုချစ်မြတ်နိုးတဲ့ စိတ်တွေနဲ့ကိုယ့်ဒေသ ဖွံ့ဖြိုး တိုးတက်ဖို့၊ လမ်းပမ်းဆက်သွယ်ရေးကောင်းမွန်ဖို့ အစစအရာရာ ဖျက်ဆီးနှောက်ရှက်နေတဲ့ အဖျက်သမား ရန်ကို ကာကွယ်ဖို့ သူတို့တစ်ဦးချင်စီးမှာ ခံယူချက်တွေ ယုံကြည်ချက်တွေနဲ့ တက်ကြွစွာ ပူးပေါင်းပါဝင် လာလို့ သက်ဆိုင်ရာအဖွဲ့အစည်းအဆင့်ဆင့်ကို တင်ပြ၍ ခုလိုသင်တန်းပေးခြင်း ဖြစ်တယ်" ဟု ၄င်းမှ ဆက်လက်ပြောသည်။
- အဆိုပါ ကျေးရွာများသည် ကေအိုင်အို/ကေအိုင်အေ တို့၏ ဆက်ကြေးကောက်ခံခြင်း၊ လူသစ် စုဆောင်းခြင်းနှင့် ကေအိုင်အေတို့၏ ဒေသခံပြည်သူများအပေါ် လူ့အခွင့်အရေး အများဆုံး ချိုးဖောက်ခံနေရ သော ဒေသများ ဖြစ်ကြောင်း သိရသည်။
- "ခုလိုဒေသလုံခြုံရေးအတွက် ရှမ်းမျိုးနွယ်စုရေးရာအဖွဲ့က ဦးဆောင်ပြီး သင်တန်းလာရောက်ပေးတဲ့ အခါကျတော့ ဒေသခံတွေ စိတ်အားတက်ကြွစွာနဲ့ ပူးပေါင်းဆောင်ရွက်လာတဲ့အတွက် ခုလိုသင်တန်း ဖွင့်လှစ်နိုင်တာပါ" ဟု သင်တန်းတာဝန်ခံ စိုင်းဘုန်းကျော် ကပြောသည်။
- အဆိုပါ ဌာနေပြည်သူ့စစ်သင်တန်းအား ချောင်းဝကျေးရွာမှ ကျား(၂၀)ဦးနှင့် မပြင်ကျေးရွာမှ ကျား(၃၀)ဦး စုစုပေါင်းအင်အား(၅၀)ဦး အခြေခံပြည်သူ့စစ်သင်တန်း တက်ရောက်နေကြောင်း မြန်မာပြည် မြောက်ပိုင်း ရှမ်းမျိုးနွယ်စုရေးရာအဖွဲ့(S.E.A)မှ သိရသည်။



Comments
Post a Comment