ဗန်းမော်မြို့တွင် စစ်ဘေးတိမ်းရှောင်စခန်းနေ နဝမတန်းကျောင်းသားတစ်ဦး ဓားခုတ်ခံရ၍ သေဆုံး

ဗန်းမော်မြို့တွင် စစ်ဘေးတိမ်းရှောင်စခန်းနေ နဝမတန်းကျောင်းသားတစ်ဦး ဓားခုတ်ခံရ၍ သေဆုံး

EPN
ဗန်းမော်၊ စက်တင်ဘာ ၉
  • ကချင်ပြည်နယ် ဗန်းမော်မြို့တွင် ရောဘတ်စစ်ဘေး တိမ်းရှောင်စခန်းနေ နဝမတန်းကျောင်းသား တစ်ဦး ဓားခုတ်ခံရ၍ ဓားဒဏ်ရာရရှိပြီး သေဆုံးမှု စက်တင်ဘာလ ၈ရက်နေ့ ညပိုင်းက ဖြစ်ပွားခဲ့ကြောင်း သိရှိရသည်။
  • ဗန်းမော်မြို့ ညောင်ပင်ရပ်ကွက် ရောဘတ်စစ်ဘေးတိမ်းရှောင်စခန်းနေ တရားလို ဒေါ်မရစ်ခွန်ထွဲ သည် စက်တင်ဘာ  ၈ ရက်နေ့ ညပိုင်း နေအိမ်တွင် ရှိနေစဉ် ၄င်း၏ သားဖြစ်သူဇော်ဒိန် ၁၆နှစ်၊ ညဘက် ကျူရှင်တက်ရန် လမ်းလျှောက်သွားခဲ့ရာမှ မင်းကုန်းရပ်ကွက် သမဆီစက်ရှေ့ရွှေ "လက်ဖက်ရည်ဆိုင်အနီး တွင် လည်ပင်းပြတ်ရှဒဏ်ရာများဖြင့် ပက်လက်အနေထားသေဆုံးနေသည်ကို တွေ့ရသဖြင့် ပြည်သူ့ဆေးရုံ ကြီးသို့ ရောက်ရှိ နေကြောင်း ည ၉နာရီ မိနစ်၄၀အချိန်ခန့်တွင် စစ်ရှောင်စခန်းတာဝန်ခံ ဦးတန်ဂွမ်းမှ ဖုန်းဖြင့်ဆက်သွယ်ပြောသောကြောင့် ဆေးရုံကြီးသို့ သွားရောက်ကြည့်ရှုခဲ့ရာ ဇော်ဒိန်မှာ မေးစေ့အောက် ပြတ်ရှဒဏ်ရာတစ်ချက်၊ လည်ပင်းဝဲဘက်အောက် ပြတ်ရှဒဏ်ရာတစ်ချက် ရရှိပြီး သေဆုံးနေသည်ကို တွေ့ကြောင်း ရဲမှတ်တမ်းအရသိရသည်။
  • ဖြစ်စဉ်နှင့်ပတ်သက်၍ မြို့မရဲစခန်းက (ပ)၂၃၄/၂၀၁၇၊ ပြစ်မှု ရာဇသတ်ကြီးပုဒ်မ လ ၃၀၂ အရ အမှုဖွင့်၍ အမှုစစ် စခန်းမှူး ဒုရဲမှူးသိန်းဝေမြင့်က ပြစ်မှုကျူးလွန်သူကို အမြန်ဆုံးဖမ်းဆီးရမိရေးအတွက် စစ်ဆေးဆောင်ရွက်လျှက်ရှိသည်။
  • "ဓါးခုတ်ခံရ၍ သေဆုံးသူလူငယ်က နဝမတန်းကျောင်းသားပါ ကျမအတန်းကပါ အဲဒီသတင်း ကြား ရတော့ ကျမလုံးဝစိတ်မကောင်းဘူး” ဟု ဗန်းမော်မြို့ ညောင်ပင်ရပ်ကွက် အခြေခံပညာအထက်တန်း ကျောင်း (ခွဲ) အလက (၃)၊ နဝမတန်း (ဘီ)မှ အတန်းပိုင်ဆရာမတစ်ဦးကပြောသည်။
  • အဆိုပါ အထက်တန်းကျောင်းခွဲသည် ရောဘတ်နှစ်ခြင်းခရစ်ယာန် ဘုရားရှိခိုးကျောင်းအနီးတွင် တည်ရှိပြီး စစ်ဘေးတိမ်းရှောင်စခန်းအနီးတွင်ရှိသဖြင့် စစ်ဘေးတိမ်းရှောင် မိသားစုဝင်များ၏ သားသမီးများ သည် အဆိုပါ ကျောင်းတွင် ပညာသင်ကြားလျှက်ရှိကြောင်း ဒေသခံများထံမှ သိရှိရသည်။
                                                                   ဦးမောင်ရီ

Comments

သတင်းခေါင်းစဉ်များ

အင်တာနက်ကို အကျိုးရှိရှိ လုံလုံခြုံခြုံ အသုံးပြုတတ် စေရန် ရည်ရွယ်၍ Telenorမြန်မာဆက်သွယ်ရေးကုမ္ပဏီမှ ပညာပေးဟောပြောပွဲ ပြုလုပ်

မိုးညှင်းပြည်သူ့ဆေးရုံတွင်အချုပ်သားဆေးကုသဆောင်တည်ဆောက်မည့် တွက်ချက်လျာထားချက် မြေပုံတို့ကို မတင်ပြနိုင်သေး

ပြည်နယ်လုံးဆိုင်ရာနှစ်သစ်ကူးပွဲတော်တွင်တကွင်းရှမ်းစာပေနှင့်ယဉ်ကျေးမှုမှကျင်းပပြုလုပ်သောပထမအကြိမ်ကံစမ်းမဲဖွင့်လှစ်

ဆင်ဘိုမြို့ယောဂီဝတ်အသင်းအဖွဲ့မှဝန်းသိုကျောင်းတိုက် ဆရာတော်ဘုရားကြီး၏ရုပ်ကလပ်ကိန်းဝပ်ရာ နိဗ္ဗာန်စံကျေင်းသို့ ပဌာန်း၊ပရိတ်တော်သံဝေဂတို့အား လာရောက်ရွတ်ဖတ်ပူဇော်

မော်ဟန်ကျေးရွာတွင်မှ ထောင်ကျဖူးသူ အမျိုးသမီးမှ မူးယစ်ဆေးရောင်းချသဖြင့် ပြန်လည်ဖမ်းဆီးမိ

ဗန်းမော်တွင် မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် သစ်ပင်နှင့် တောင်ကမ်းပါးယံမြေပြိုကျ၍ လမ်းပိတ်ဆို့မှု

မော်ဟန်-နမ္မချီကားလမ်းတွင် မူးယစ်ဆေးသယ်ဆောင်သူ(၂)ဦးအားဖမ်းဆီးမိ

Northern Green Bike အဖွဲ့ မြစ်ကြီးနားသို့ရောက်ရှိ