ဟိုပင်မြို့အတွင်းရှိလမ်းတံတားအားEhpenlionဂျိုင်းဆက်ပြုပြင်တပ်ဆင်
ဟိုပင်မြို့အတွင်းရှိလမ်းတံတားအားEhpenlionဂျိုင်းဆက်ပြုပြင်တပ်ဆင်
EPN
ဟိုပင် ဒီဇင်ဘာ၂၆
- ဟိုပင်မြို့မြို့မမြောက်ရပ်ကွက်အတွင်းရှိလမ်းတံတားအားEhpenlionဂျိုင်းဆက်ပြုပြင်တပ်ဆင်ပေးလျှက်ရှိကြောင်းကချင်ပြည်နယ်တံတားဆောက်လုပ်ရေးအထူးအဖွဲ့(၁)မှသိရသည်။
- "ကျွန်တော်တို့လမ်းတံတာဂျိုင်းဆက်တွေကိုလိုက်လံတပ်ဆင်ပေးရတဲ့ရည်ရွယ်ချက်ကတော့ကုန်တင်ကားကြီးတွေတံတားပေါ်ကနေဖြတ်တာများလာတဲ့အခါမှာတံတားရဲ့ရေရှည်ခိုင်ခံမှုမရှိတော့ပဲပျက်ဆီးကျိုးပျက်မှုတွေအဖြစ်များလာတာတွေ့ရတယ်ဒီဂျိုင်းဆက်တပ်လိုက်တယ်ဆိုရင်ကုန်ကားတွေဖြတ်တဲ့အခါမှာတံတာရဲ့တုန်ခါမှုကိုထိန်းပေးတယ်လမ်းနဲ့တစ်ဆက်တည်းမဖြစ်တော့ပဲဖြတ်ထားတာဖြစ်လို့တံတာရဲ့ရေရှည်ခိုင်ခံ့မှုပိုရှိစေပါတယ်"ဟု တာဝန်ယူဆောင်ရွက်နေသည့် အငယ်တန်းအင်္ဂျီနီယာ၃ ဦဌေးအောင်ကပြောသည်။
- ကချင်ပြည်နယ်မြစ်ကြီးနားမြို့တံတားဆောက်လုပ်ရေးအဖွဲ့(၁)အဖွဲ့မှူးဦးကျော်ဇင်ထွေး၏ညွန်ကြားချက်ဖြင့် အငယ်တန်းအင်္ဂျီယာ၂ ဦးမင်းခိုင်အနီကပ်ညွန်ကြားလျက်ဟိုပင်မြို့မြို့မမြောက်ရပ်ကွက်ရှိတံတားအားဂျိုင်းဆက်တပ်ဆင်လျက်ရှိကြောင်းသိရ သည်။
- "ဂျိုင်းဆက်တပ်ဆင်နေတဲ့အချိန်မှာခရီးသွားယာဉ်တွေပိတ်ဆို့မှုမရှိခရီသွားပြည်သူတွေစိတ်အနှောက်ယှက်ကင်းကင်းနဲ့သွားလာနိုင်တယ်တံတားအကျယ်က၂၆ပေရှိတယ်၁၃ပေစီခွဲပြီးတစ်ခြမ်းစီတပ်ဆင်ပေးတာပါအနည်းဆုံး၇ရက်တစ်ပတ်လောက်တော့တပ်ဆင်ရမှာဖြစ်ပါတယ်"ဟု၎င်းကဆက်လက်ရှင်းပြသည်။
- မိုးညှင်းခရိုင်အတွင်းရှိဟိုပင်မြို့ငါးမိုင်တံတားနှင့်မိုးကောင်းမြို့တို့၌လည်းဂျိုင်းဆက်များတပ်ဆင်ပေးသွားမည်ဖြစ် ကြောင်းနှင့်မိုးညှင်းမြို့၌လည်းတပ်ဆင်ပေးလျှက်ရှိကြောင်းသိရသည်။

Comments
Post a Comment