မိုးကောင်းမြို့နယ်တွင်စိုက်ပျိုးရန်ပြင်ဆင်နေသောလျှော်ဖြူ (ခေါ်)ဆေးကုလားမပင်

မိုးကောင်းမြို့နယ်တွင်စိုက်ပျိုးရန်ပြင်ဆင်နေသောလျှော်ဖြူ (ခေါ်)ဆေးကုလားမပင်

EPN
မိုးကောင်းဇန်နဝါရီ ၇
  • ပြည်တွင်းစားသုံးမှုဖူလုံရေး လယ်ယာထွက်ကုန်များပြည်ပတင်ပို့မှုမှနိုင်ငံခြားငွေရရှိရေး ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးစသည့်ဦးတည်ချက်၃ရပ်နှင့်အညီအလုပ်အကိုင်အခွင့်အလမ်းနှင့်ဝင်ငွေများရရှိနိုင်ရန်လျှော်ဖြူ (ခေါ်) ဆေးကုလားမပင်ကိုတောင်သူနှင့်လုပ်ငန်းရှင်များကိုစိုက်ပျိုးကြရန်စည်းရုံးရေးဆင်းနေကြောင်းမိုးကောင်းမြို့နယ်စိုက်ပျိုး ရေးဌာနဦးစီးမှူးဦးစိန်လွင်မှပြောသည်။
  • လျှော်ဖြူပင်သည်သဘာဝအားဖြင့်ပင်စည်အမြင့်၅၀ပေ၉၀ပေနှင့်လုံးပတ်၆ပေ၁၀ပေရှိသည့်နှစ်ရှည်ပင်အမျိုးအစား ဖြစ်ကာနေရာဒေသမရွေးစိုတ်ပျိုးနိုင်၍ရေစီးရေလာကောင်းမွန်ပြီးသဲနုန်းဆန်သောမြေကိုနှစ်သက်သည်။အပင်၏အားနည်း ချက်မှာရေကိုကြိုက်၍ရေဝပ်လျှင်ဥပုပ်ကာအပင်သေတတ်ခြင်းဖြစ်သည်။အိန္ဒိယတောင်ပိုင်းအနောက်ပိုင်းနှင့်မြန်မာနိုင်ငံအပူပိုင်းဒေသများတွင်စိုက်ပျိုးဖြစ်ထွန်းလျှက်ရှိသည်။
  • "ကျနော်တို့အဖွဲ့မြစ်ကြီးနားမြို့နယ်ရှဒေါင်ကျေးရွာကဦးစံရွှေလျှော်ဖြူ စိုက်ခင်းကို၂၀၁၇ဒီဇင်ဘာ၃၁ ရက်နေ့က ကွင်းဆင်းလေ့လာရာမှာ ၂နှစ်ခွဲသားကအပင်ကလုံးပတ် ၁၆လက်မရှိပြီး အပင်အမြင့်က ၇ပေကျော်ရှိနေပါပြီ။ ဒါကိုတွက် ဆခြင်းအားဖြင့်ကချင်ပြည်နယ်ရေမြေရာသီဥတုနဲ့ကိုက်ညီတယ်ဆိုတာသိသာပါတယ်"ဟုမြို့နယ်စိုက်ပျိုးရေးဦးစီးမှူး ဦးစိန်လွင်မှပြောသည်။
  • "မိုးကောင်းမြို့သာမကပြည်နယ်တွင်းမှာမြေလွတ်မြေရိုင်းများစွာကျန်ရှိနေသေးတော့အရင်းအနှီးအနည်းငယ်နှင့်လူတိုင်းလွယ်ကူစွာစိုက်ပျိုးနိုင်တဲ့အပင်မျိုးမို့စိုက်ကြစေချင်တယ်။ တစ်ဧကကိုအပင် ၂၅၀ကနေအပင်၃၀၀လောက်ထိစိုက်ပျိုး နိုင်ပြီး၃နှစ်  ၄နှစ်သားဆိုရင်တစ်ပင်တစ်ရက်အစေးတစ်ကျပ်သား နှစ်ကျပ်သားနှုန်းထွက်ရှိနိုင်ကာတစ်ဧကတစ်ရက်အစေး ထွက်၅ပိသာထွက်ရှိနိုင်တော့စီးပွားဖြစ်စိုက်ပျိုးသင့်ကြောင်းယင်းမှဆက်၍ပြောသည်။
  • လျှော်ဖြူစေးကိုအိမ်နီးခြင်းနိုင်ငံများမှဝယ်ယူလျှက်ရှိပြီးပြည်တွင်းဈေးကွက်တစ်ပိသာလျှင်၆၀၀၀၀ကျပ်မှအရည် အသွေးကိုလိုက်၍အများဆုံး၁၁၀၀၀၀ကျပ်နှုန်းပေါက်ဈေးရှိကြောင်းသိရသည်။
  • လျော်ဖြူ စေးဖြင့်အဖျော်ယမကာလုပ်ငန်းများ သရေစာနှင့် မုန့်လုပ်ငန်းများ ဆေးနှင့် ဆေးဝါးထုတ်လုပ်ရေး လုပ်ငန်းများ အလှကုန်ပစ္စည်းထုတ်လုပ်ရေးလုပ်ငန်းများ ၊အထည်အလိပ်နှင့် ယက္ကန်းလုပ်ငန်း ၊စက္ကူ ၊ပျော့ဖတ်နှင့် ပုံနှိပ်လုပ်ငန်းများ စသည်တို့အပြင် သားရေနယ်လုပ်ငန်း ရေနံဓာတုလုပ်ငန်း အထူးပြုဖန်ထည် မှန်ထည်လုပ်ငန်း အစရှိ သည့် စက်မှု လက်မှု လုပ်ငန်းမျိုးစုံတို့တွင် ပေါင်းစပ်ရောနှောပစ္စည်းအဖြစ်အမျိုးမျိုးသုံးစွဲကြသည်။
  • မိုးကောင်းမြို့နယ်ပင်းဘောဒေသတွင်စမ်းသပ်စိုက်ပျိုးလျှက်ရှိပြီးမြစ်ကြီးနားမြို့နယ်ရှဒေါင်ကျေးရွာရှိ ဦးစံရွှေ လျှော်ဖြူ (StercuLia verricoLour waLL)စိုက်ခင်းတွင်အောင်မြင်ဖြစ်ထွန်းနေကြောင်းသိရသည်။
                                                ချိုမောင်



Comments

သတင်းခေါင်းစဉ်များ

မိုးညှင်းပြည်သူ့ဆေးရုံတွင်အချုပ်သားဆေးကုသဆောင်တည်ဆောက်မည့် တွက်ချက်လျာထားချက် မြေပုံတို့ကို မတင်ပြနိုင်သေး

ဗန်းမော်မြို့တွင် စစ်ဘေးတိမ်းရှောင်စခန်းနေ နဝမတန်းကျောင်းသားတစ်ဦး ဓားခုတ်ခံရ၍ သေဆုံး

ဗန်းမော်တွင် မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် သစ်ပင်နှင့် တောင်ကမ်းပါးယံမြေပြိုကျ၍ လမ်းပိတ်ဆို့မှု

မော်ဟန်-နမ္မချီကားလမ်းတွင် မူးယစ်ဆေးသယ်ဆောင်သူ(၂)ဦးအားဖမ်းဆီးမိ