Posts

Showing posts from October, 2017

အုပ်ချုပ်ရေးမှုး ရုံးတံဆိပ်အတု ပြုလုပ်ရာတွင် ရပ်ကွက်အငယ်တန်းစာရေး တစ်ဦးပါဝင်နေ

Image
အုပ်ချုပ်ရေးမှုး ရုံးတံဆိပ်အတု ပြုလုပ်ရာတွင် ရပ်ကွက်အငယ်တန်းစာရေး တစ်ဦးပါဝင်နေ  EPN မြစ်ကြီးနား အောက်တိုဘာ ၁၈ မြစ်ကြီးနားမြို့ ဒူကထောင်ရပ်ကွက် အုပ်ချုပ်ရေးမှုး ရုံးတံဆိပ်အတုပြုလုပ်ကာ အိမ်ခြံမြေ ရောင်းဝယ်မှု ပြုလုပ်ရာတွင် ရပ်ကွက်အငယ်တန်းစာရေးတစ်ဦးအပါအဝင် အမျိုးသမီး ၃ဦးကို မြို့မရဲစခန်းတွင် အမှုဖွင့် ထိန်းသိမ်းထားကြောင်း ယင်းမြို့မရဲစခန်းမှ သိရသည်။   အောက်တိုဘာ ၁၆ရက် နေ့လည် ၂နာရီခန့်တွင် ဒူကထောင်ရပ်ကွက် အုပ်ချုပ်ရေးမှုးကို တပ်ကုန်းရပ်ကွက်နေ ဦးနော့နော်မှ ၎င်း၏ဇနီး ဒေါ်ဒွမ်ဂျာဆင်နှင့် ဒေါ်ဝင်းသန်းတို့ နှစ်ဦးအမည်ပါ မြို့မြေခ ပေးဆောင်သည့် ဒူက ထောင်ရပ်ကွက် အမှတ်၄၂/၉၏ မြေခွန်ပြေစာ၎စောင်တွင် ပါရှိသော ဒူကထောင် ရပ်ကွက် အုပ်ချုပ်ရေးမှုးရုံးတံဆိပ်ကို အစစ်ဟုတ်မဟုတ် စစ်ဆေးပေးရန် လာရောက်မေးမြန်းခဲ့ရာ ယင်းတံဆိပ်မှာ ဒူကထောင်ရပ်ကွက် အုပ်ချုပ်ရေးမှုး ရုံးတံဆိပ်အစစ်မဟုတ်ဘဲ အတုပြုလုပ်ကာ အိမ်ခြံမြေ ရောင်းဝယ်မှုကိစ္စ ပေါ်ပေါက်လာခြင်း ဖြစ်ကြောင်း သိရသည်။   `` အိမ်အပေါင်ခံတဲ့ စာချုပ်ပြေစာ အတုမှာ ရပ်ကွက်အုပ်ချုပ်ရေးမှုး ရုံးတံဆိပ်အဝိုင်းကို အတုပြုလုပ်တာ ဒေါ်ဝင်းသန်းပေါ့နော် သူရဲ့ပြောစကားအရ အ...

MPT 2G/3G ဆင်းကဒ်များကို 4G ဆင်းကဒ်များနှင့် အခမဲ့ လဲလှယ်ပေးနေ

Image
MPT 2G/3G ဆင်းကဒ်များကို 4G ဆင်းကဒ်များနှင့် အခမဲ့ လဲလှယ်ပေးနေ EPN မြစ်ကြီးနား၊ အောက်တိုဘာ ၁၈ မြစ်ကြီးနားမြို့၊ မြန်မာ့ဆက်သွယ်ရေးရုံး MPT အရောင်းဆိုင်ခန်းရှေ့၌ အောက်တိုဘာ (၁၈)ရက်နေ့နှင့် (၁၉)ရက်(၂)ရက်တွင် 2G/3Gဆင်းကဒ်များကို 4G LTE ဆင်းကဒ်များနှင့် အခမဲ့လဲလှယ် ပေးလျှက်ရှိ ကြောင်းသိရသည်။  “အခုသုံးနေတဲ့ဆင်းကဒ်တွေမှာ 2G ဒါမှမဟုတ် 3G ဆင်းကဒ်တွေကို 4G ဆင်းကဒ်နဲ့အခမဲ့ လဲလှယ်ပေး နေတာပါ။ ကိုယ့်ဖုန်းမှာ *106*5# ကိုခေါ်လိုက်ရင် 4G သုံးလို့ရတဲ့ဖုန်းကအသုံးပြုနိုင်ပြီဆိုတဲ့ မက်ဆေ့ ရောက်လာမယ်။ 4G သုံးလို့မရတဲ့ဖုန်းဆိုရင်တော့ 4G ဆင်းကဒ်နဲ့လဲဖို့လိုတယ်ဆိုပြီးစာရောက်မယ်။ MPT အရောင်းဆိုင်တွေမှာအခမဲ့ လဲလှယ်ပါလို့ပါမယ်။ 4G သုံးလို့မရလို့ လာလဲရင် ဆင်းကဒ်ကောဟန်း ဆက်ကောယူလာရမယ်။ ကျနော်တို့က 4G ဆင်းကဒ်အသစ်ကိုအခမဲ့ ပေးသွားမှာပါ။ မြစ်ကြီးနားမှာတော့ (၁၈)နဲ့(၁၉) နှစ်ရက် လဲပေးသွားမယ်။”ဟု 4G ဆင်းကဒ် အခမဲ့ လဲလှယ်ရေးဝန်ဆောင်မှုပေးနေသော MPT အရောင်းဝန်ထမ်းများထံမှသိရသည်။ မြစ်ကြီးနားမြို့နေလူထုမှ ယခုအသုံးပြုနေသော 2G/3G MPT ဆင်းကဒ်များကို 4G ဆင်းကဒ်များနှင့် လဲလှယ် အသုံးပြုရန် (၂)ရက်ဝန်ဆောင်မှုပေးမည်ဖြစ်...
Image
တရုတ်နိုင်ငံသို့ လူကုန်ကူးသည့် လင်မယားနှစ်ဦးကို ထောင်ဒဏ်နှစ် ၆၀ စီချမှတ် EPN မြစ်ကြီးနား၊ အောက်တိုဘာ ၁၈ မြစ်ကြီးနားမြို့နယ်မှ အမျိုးသမီးငယ် ၁၄ဦးအား လူကုန်ကူးသည့်အမှုဖြင့် လင်မယားနှစ်ဦးကို တစ်ဦးလျှင်  ထောင်ဒဏ်နှစ် ၆၀ သီးခြားစီ အောက်တိုဘာ ၁၁ရက်က မြစ်ကြီးနားခရိုင် တရားရုံးတွင် ချမှတ်ခဲ့ကြောင်း မြစ်ကြီးနား လူကုန်ကူးမှု တားဆီးနှိမ်နှင်းရေး ရဲတပ်ဖွဲ့ တပ်ဖွဲ့စု ၁၂ မှ သိရသည်။ အဆိုပါ လူကုန်ကူးမှု ကျုးလွန်သူ တရားခံကျော်နိုင်နှင့် တရားခံနူးနူးကို လူကုန်ကူးသည့်အမှု ၆မှုဖြင့် တစ်မှုလျှင် အလုပ်ကြမ်းနှင့် ထောင်ဒဏ်၁၀နှစ်စီ ချမှတ်ခဲ့ပြီး တစ်ဦးလျှင် ထောင်ဒဏ် စုစုပေါင်းအနှစ်၆၀စီ ချမှတ်ခဲ့ခြင်းဖြစ်ကြောင်း၊ ယင်းလူကုန်ကူးမှုတွင် ပါဝင်သူ တရားခံ၂ဦးမှာ ထွက်ပြေးလွှတ်မြှောက်နေဆဲ ဖြစ်ကြောင်း သိရသည်။ ``တရားခံ ကျော်နိုင်က မိန်းကလေးတွေကို သမီးရည်းစားဟန်ဆောင်ပြီး သူ့ကိုယုံလောက်ပြီဆိုမှ အကြောင်း အမျိုးမျိုးပြပြီး ခေါ်သွားပြီး တရုတ်ပြည်နယ်စပ် ရင်ကျန်းမြို့မှာရှိတဲ့ တရားခံမနူးနူး ဆီမှာထားခဲ့ပြီး တရုတ်အမျိုး သားထံ ရောင်းစားတာပေါ့ အလုပ်ကြမ်းနဲ့ ထောင်ဒဏ်အနှစ်၆၀ သီးခြားစီ ကျခံရတာပါ။ တရားခံ နှစ်ဦးကတော့ ရှာဖွေနေဆ...
Image
မြစ်ကြီးနားတွင် ရွှေဈေးများ လျှော့ကျသော်လည်း ဝယ်သူနည်းပါး EPN မြစ်ကြီးနား၊ အောက်တိုဘာ ၁၈ မြစ်ကြီးနားမြို့တွင် ရွှေဈေးနှုန်းအနည်းငယ်ကျဆင်းသွားသော်လည်းဝယ်သူမှာ ယခင်ထက် နည်းပါးနေဆဲ ဖြစ်ကြောင်း မြစ်ကြီးနားမြို့ရှိရွှေဆိုင်ကြီးများထံမှ သိရသည်။ ယခင်တပတ်အတွင်းရွှေဈေးနှုန်းမှာ (၁၆)ပဲရည် အခေါက်ရွှေ တစ်ကျပ်သားလျှင် ၉၄၀၀၀၀/- ကျပ်ရှိခဲ့ရာမှ ယခုအချိန်တွင်၉၃၅၀၀၀/-အထိကျဆင်းသွားပြီး၅၀၀၀/- ဈေး လျော့သွားသော်လည်းဝယ်သူ နည်းပါနေကြောင်း၊ ကချင်ပြည်နယ်အတွင်း၌ ယခင်ကကျင်ရွှေဝယ်ယူရမှုများစွာရှိခဲ့သော်လည်းယခုနှစ်ပိုင်းအတွင်း၌ ကျင်ရွှေလာရောက် ရောင်းချသူအလွန်နည်းပါးသွားပြီ ဖြစ်ကြောင်းသိရသည်။   “ရွှေဈေးဆိုတာကကမ္ဘာ့ရွှေဈေးပေါ်မူတည်ပြီး အတက်အကျကနေ့တိုင်းနီးပါးဖြစ်နေတာ။ ကျနော်တို့ မြစ်ကြီးနား ကရွှေဈေးက ရန်ကုန်ကဈေးနဲ့တော့ တစ်ထောင်နှစ်ထောင်ကွာတယ်။ အခုတပတ်ထဲမှာဈေးနှုန်း၅၀၀၀/-လောက်ကျပြီး ငြိမ်နေတယ်။ ဈေးကျပေမဲ့ ဝယ်သူနည်းလို့ အလုပ်သိပ်မဖြစ်ဘူး။ အရောင်းအဝယ်ပါးတယ်လို့ပြောရမယ်။” ဟု မြစ်ကြီးနားမြို့ရှိ ချိန်မှန် ရွှေဆိုင်ပိုင်ရှင် ဦးစိုးတင့် ကပြောသည်။ ယခုလာရောက်ရောင်းချနေကြသေ ကျင်ရွှေများမှာ ဧရာဝတီမြစ်ကြောင်းတစ်ေ...

ကားလမ်းဘေးတွင် ထောင်ထားသော မိုင်းတစ်လုံးပေါက်ကွဲ

Image
ကားလမ်းဘေးတွင် ထောင်ထားသော မိုင်းတစ်လုံးပေါက်ကွဲ EPN ကာမိုင်း အောက်တိုဘာ ၁၇ မိုးညှင်းခရိုင် ကာမိုင်းမြို့နယ်   မိုးကောင်း- ဖားကန့်သွား အဝေးပြေး ကတ္တရာလမ်းမပေါ်တွင် ထောင်ထားသော မိုင်းပေါက်ကွဲမှုကြောင့် ခရီးသည်တစ်ဦးဒဏ်ရာရရှိခဲ့ကြောင်း ကာမိုင်းနယ်မြေရဲစခန်းမှ သိရသည်။ အောက်တိုဘာ ၁၇ရက် နံနက်၈နာရီခန့်တွင် ယာဉ်မောင်းအေးမင်းထွန်း မောင်းနှင်လာသော ပရိုဘောက်ကားနှင့် ၎င်း၏အနောက်မှ ဦးဖကော်ဖော်မြင့် မောင်းနှင်လာသော 125ဆိုင်ကယ်ကြားတွင် မိုင်းပေါက်ကွဲခဲ့ခြင်းဖြစ်သည်။ “ကာမိုင်းမြို့အထွက်က ကားလမ်းဘေးမှာ ထောင်ထားတာပေါ့  ဆိုင်ကယ်မောင်းလာတဲ့ လူက တော့ ဝဲဘက်ဒူးခေါင်းမိုင်းစထိမှန်ဒဏ်ရာ နှစ်ချက်ရရှိထားပြီး  အခုမြစ်ကြီးနားဆေးရုံကြီးကို ခေါ်သွားပါပြီ” ဟု ကာမိုင်းစခန်းမှူး ဦးဇာမဲဖုန်ရမ်က ပြောသည်။ ကာမိုင်းမြို့အထွက် မိုင်တိုင်အမှတ် ၂၂/၅ဖာလုံအနီးတွင် မိုင်းပေါက်ကွဲမှုဖြစ်ပြီး အဆိုပါ မိုင်းထိ လူနာ ဦးဖကော်ဖော်မြင့်၆၂နှစ်သည် မန်ဒင်ကျေးရွာသားတစ်ဦးဖြစ်သည်။ "မိုင်းပေါက်ကွဲတာ ဟုတ်ပါတယ် မိုးကောင်း- ဖားကန့်သွားတဲ့ ကတ္တရာလမ်းမပေါ်မှာ ကွဲတာပါ ဒေသခံပြည်သူတစ်ဦး မိုင်းထိသွားတယ် ဘယ်ဘက်ခြေထောက်ပါ မစ...

မြစ်ဆုံစီမံကိန်း လုပ်ငန်းများကို ရပ်ဆိုင်းထားရသော် လည်း ရွေ့ပြောင်းရွာများကို ကူညီထောက်ပံ့နေမှုကို ဆက်လက်တာဝန်ယူ ထောက်ပံ့ကူညီနေဆဲဟုဆို

Image
မြစ်ဆုံစီမံကိန်း လုပ်ငန်းများကို ရပ်ဆိုင်းထားရသော် လည်း ရွေ့ပြောင်းရွာများကို ကူညီထောက်ပံ့နေမှုကို ဆက်လက်တာဝန်ယူ ထောက်ပံ့ကူညီနေဆဲဟုဆို EPN မြစ်ကြီးနား၊ အောက်တိုဘာ ၁၇ မြစ်ဆုံစီမံကိန်းနှင့်ပတ်သက်၍သဘောထားအမြင်များစွာ နှင့် ကန့်ကွက်မှုများစွာ ကြုံတွေ့ခဲ့ရပြီး မြစ်ဆုံစီမံကိန်း လုပ်ငန်းများကို ရပ်ဆိုင်းထားရသော် လည်း ရွေ့ပြောင်းရွာများကို ကူညီထောက်ပံ့နေမှုကို ဆက်လက်တာဝန်ယူ ထောက်ပံ့ကူညီနေဆဲ ဖြစ်ဟု ACHC/SPIC ကုမ္ပဏီမှ စီမံကိန်းမန်နေဂျာက ပြောသည်။ ACHC/SPIC ကုမ္ပဏီစီမံကိန်းတာဝန်ခံမန်နေဂျာတစ်ဦးမှ ကန့်ကွက်မှုများနှင့် သဘောထားအမြင် များသည် ကောလဟာလများသာဖြစ်၍ စီမံကိန်းများ၏ ကောင်းကျိုး၊သဘောသဘာဝနှင့် အမှန်တကယ် လုပ်ဆောင်နေမှု၊ လုပ်ဆောင်ချက်များကို ကောင်းစွာနားမလည်သည့် အတွက်ကြောင့် ဖြစ်သည် ဟု ဆိုသည်။ “ကန့်ကွက်တာတွေ ဆန္ဒပြတာတွေ အများကြီးရှိခဲ့တယ်။ ကောလဟာလတွေလဲ အမျိုးမျိုးကြားခဲ့ ရတာတွေ ရှိတယ်။ တချို့ ပြောနေကြတဲ့ ဒီမြစ်ဆုံကရေကိုကျနော်တို့ တရုတ်ပြည်ကို သယ်သွားတယ် ဆိုတာမျိုးက အဖြစ် မှန်မဟုတ်ပါဘူး။ တကယ်တော့ စီမံကိန်းတွေရဲ့ သဘောသဘာဝကို သေချာမသိ နားမလည်လို့ ပြောတဲ့စကား တွေပါ။ ကျနော်တို့တွေ ဒီစီမံကိန်းအတွက် ...

မြစ်ကြီးနားမြို့မှ နှစ်လောင်းပြိုင် လူသတ်မှုနှင့်ပတ်သက်၍ မသင်္ကာလူနှစ်ဦးကို ရမန်ယူစစ်ဆေး

Image
မြစ်ကြီးနားမြို့မှ နှစ်လောင်းပြိုင် လူသတ်မှုနှင့်ပတ်သက်၍ မသင်္ကာလူနှစ်ဦးကို ရမန်ယူစစ်ဆေး EPN မြစ်ကြီးနား၊ အောက်တိုဘာ ၁၇ မြစ်ကြီးနားမြို့မှ နှစ်လောင်းပြိုင် လူသတ်မှုနှင့် ပတ်သက်၍ မသင်္ကာလူနှစ်ဦးကို ရမန်ယူစစ်ဆေး နေကြောင်း မြစ်ကြီးနား နယ်မြေရဲစခန်းမှ သိရသည်။ မြစ်ကြီးနားမြို့ အေးစေတီရပ်ကွက် နယ်မြေ၄ တောင်သူကြီးလမ်း အမှတ် ၄၁၄တွင် အောက်တို ဘာ ၁၃ရက် ညနေ ၄နာရီခွဲ အချိန်ခန့်တွင် အဆိုပါအိမ်တွင် နေထိုင်သော ဒေါ်ခင်မြင့် ၇၅နှစ်သည် ဓားထိုးသွင်းဒဏ်ရာ၁၃ချက်နှင့် ဒေါ်ခင်မြင့်၏သမီး ဒေါ်ခင်စန်းရီ ၅၁နှစ်မှာ ဓားထိုးသွင်းဒဏ်ရာ ၆ချက်ဖြင့် အိမ်ထဲရှိ မီးဖိုချောင်ဘေး ရေချိုးခန်းအနီးတွင် အသတ်ခံရသည့် ဖြစ်စဉ်ဖြစ်ပွားခဲ့သည်။ “တရားခံကတော့ စုံစမ်းဖော်ထုတ်ဆဲပါပဲ တရားသူကြီးဆီမှာ ချုပ်မိန့်ရမန်တောင်းပြီး စစ်ဆေး နေတဲ့ မသင်္ကာစရာ လူနှစ်ယောက်ကိုတော့ စစ်ဆေးနေပါတယ်” ဟု နယ်မြေရဲစခန်းမှ စခန်းမှူး ဒုရဲမှူး သိန်းဇော်က ပြောသည်။ အဆိုပါ မသင်္ကာ လူနှစ်ဦးကို အောက်တိုဘာ ၁၆ရက်မှ စတင်စစ်ဆေးနေပြီး ၎င်းတို့ ၂ဦးမှာ တရားလို ဦးမြင့်ဦး၏ ကုန်စုံဆိုင်မှ အလုပ်သမား အောင်မြင့်ထွန်းနှင့် အခင်းဖြစ်ပွားရာနေအိမ်တွင် သေဆုံးသူများကို စတင်တွေ့ရှိသူ အိမ...

ဗန်းမော်မြို့ သံတဲရိပ်သာ အဆောက်အဦးပန္နက်တင်မင်္ဂလာ ကျင်းပ

Image
ဗန်းမော်မြို့ သံတဲရိပ်သာ အဆောက်အဦးပန္နက်တင်မင်္ဂလာ ကျင်းပ EPN ဗန်းမော်၊ အောက်တိုဘာ ၁၇ ကချင်ပြည်နယ် ဗန်းမော်မြို့တွင် မြို့နယ်အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန သံတဲရိပ်သာ အဆောက်အဦး ပန္နက်တင်မင်္ဂလာကို အောက်တိုဘာ ၁၇ ရက်နေ့ နံနက် ၈ နာရီတွင် ညောင်ပင်ရပ်ကွက်   သံတဲရိပ်သာဝန်းအတွင်း၌ ကျင်းပခဲ့သည်။ ရှေးဦးစွာ ပြည်နယ်လွှတ်တော်  ဥက္ကဋ္ဌ ဦးထွန်းတင်၊ ပြည်နယ် စီမံဘဏ္ဍာရေး ဝန်ကြီး  ဦးဝေလင်း၊ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးဇော်သင်း ခရိုင်အုပ်ချုပ်ရေးမှူး ဦးထွေးမြင့် တို့က သတ်မှတ် နေရာများတွင် အသီးသီး နေရာယူခဲ့ကြ၍ မင်္ဂလာအချိန် ကျရောက်သည့် နံနက်၈ နာရီတွင် ပန္နက် ရိုက်ခဲ့ ကြပြီး အမွှေးနံ့သာရည်များပက်ဖြန်းခဲ့ကြသည်။ ဆက်လက်၍  ပန္နက်တင် မင်္ဂလာအခမ်းအနား ကျင်းပရာ ASIM CMI  ကုမ္ပဏီ လီမိတက် တာဝန်ခံအင်ဂျင်နီယာ ဦးဝဏ္ဏကိုကိုက သံတဲဆောက်လုပ်ခြင်းနှင့် ပတ်သက်၍ Work Schedule ဆောက်ရွက်မည့် အစီအစဉ်များကိုရှင်းလင်း တင်ပြခဲ့သည်။ သံတဲ ရိပ်သာသည် (၈၀ ပေ×၉၂ ပေ×၂၆ ပေခွဲ)ဖြစ်၍ အာရ်စီနှစ်ထပ် ဖြစ်ပြီး  ကချင်ပြည်နယ် အစိုးရအဖွဲ့၏ ၂၀၁၇ /၂၀၁၈ ဘဏ္ဍာရေးနှစ် ငွေလုံးငွေရင်းခွင့်ပြု ရန်ပုံငွေ ကျပ် ၂၅၂ ဒသမ ၆၂၅သန်းဖြင်...

မိုးညှင်း နန့်စီးအောင် စုပေါင်းဂိတ်တွင် လိုင်စင်မဲ့ကားတစ်စီးဖမ်းဆီး

Image
မိုးညှင်း နန့်စီးအောင် စုပေါင်းဂိတ်တွင် လိုင်စင်မဲ့ကားတစ်စီးဖမ်းဆီး EPN မိုးညှင်း၊ အောက်တိုဘာ ၁၇ မိုးညှင်းမြို့နယ် နယ်စပ်ဂိတ်ဖြစ်သော နန့်စီးအောင်ကျေးရွာရှိ ဌာနဆိုင်ရာများ စုပေါင်းပြီး လုံခြုံရေး စစ်ဆေးနေသည့် စစ်ဆေးရေးဂိတ်တွင် အောက်တိုဘာ(၁၇)ရက်နေ့ မနက်၈နာရီအချိန်က လိုင်စင်မဲ့ ကားတစ်စီးကို ဖမ်းဆီးမိခဲ့ကြောင်း သိရသည်။  “နယ်စပ်စစ်ဆေးရေးဂိတ်မှာ စစ်ဆေးနေတာ သိပါရက်နဲ့ ဖြတ်မောင်းလာတာ တွေ့ရပါတယ် ကချင်ပြည်နယ် ၀န်ကြီးချုပ် မိုးညှင်း ခရီးစဉ်နောက်ပိုင်းမှာလည်း မကြာခဏ ဖမ်းဆီးမိနေပါတယ်” ဟု မိုးညှင်းမြို့မရဲစခန်းမှ ဒုရဲအုပ်ကျော်မင်းထွေးက ပြောသည်။ ယာဉ်အမှတ်4C/7809 ဖြစ်ပြီး ဂျပန်နိုင်ငံထုတ်လုပ်သည့် Mitsubishi Pajero မီးခိုးရောင်ကား တစ်စီးသည် မန္တလေးတိုင်း  ပုသိမ်ကြီးမြို့နယ် ကျောက်မီးသွေးကျေးရွာနေ အသက်(၃၁)နှစ်ရှိ ဖြူဇင်ခန့် ဆိုသူက မန္တလေးဘက်မှ ကချင်ပြည်နယ် ဖားကန့်မြို့သို့သွားရန် ယင်း စုပေါင်းစစ်ဆေးရေး ဂိတ်ရှေ့သို့ ဖြတ်သန်းလာစဉ် စစ်ဆေးတွေ့ရှိခဲ့ကြကြောင်း၊ ၎င်းကားနှင့် ပတ်သက်သော တရားဝင်မှတ်ပုံတင်ထားသည့် အထောက်အထား တစ်စုံတရာပြသနိုင်ခြင်း မရှိသည့် အပြင်ယာဉ်လိုင်စင်လည်း မတွေ့ရခြင်းကြောင့် ဖမ်...

မြစ်ကြီးနားမြို့၌ ဒေါ်အောင်ဆန်းစုကြည်အား ထောက်ခံပွဲ ပြုလုပ်

Image
မြစ်ကြီးနားမြို့၌ ဒေါ်အောင်ဆန်းစုကြည်အား ထောက်ခံပွဲ ပြုလုပ် EPN မြစ်ကြီးနား အောက်တိုဘာ ၁၆ မြစ်ကြီးနားမြို့၌ ဒေါ်အောင်ဆန်းစုကြည်အား ထောက်ခံပွဲကို ကချင်ပြည်နယ် လွှတ်တော်ဥက္ကဌ ဦးထွန်းတင်နှင့် အစိုးရအဖွဲ့ဝင် ဝန်ကြီးများ  ပြည်သူလူထုများ အောက်တိုဘာ ၁၆ရက်နေ့ နံနက် ၁၀နာရ်ီမှ ၁၂နာရီထိ မြို့သစ်ရပ်ကွက်ရှိ စိမ်းမြဧရာ ပန်းခြံဘေးမှ  ဗိုလ်ချုပ်ရင်ပြင် ပန်းခြံအတွင်းတွင် လူဦးရေ ၁၅၀၀ခန့်တက်ရောက်ကာ အခမ်းအနား ပြုလုပ်နေစဉ်  

ဆင်းရဲသားလျော့ချရေးနှင့် ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ဆောင်ရန် CF မိသားစုဝင်များ၏ အသက်မွေးဝမ်းကြောင်းမှုဆိုင်ရာ Base Line Data ကောက်ယူမည်

Image
ဆင်းရဲသားလျော့ချရေးနှင့် ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ဆောင်ရန်  CF မိသားစုဝင်များ၏ အသက်မွေးဝမ်းကြောင်းမှုဆိုင်ရာ  Base Line Data ကောက်ယူမည် EPN မိုးညှင်း  အောက်တိုဘာ ၁၆      ဆင်းရဲသားလျော့ချရေးနှင့် ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ဆောင်ရန်အတွက် ကချင်ပြည်နယ် မိုးညှင်းမြို့နယ်အတွင်းရှိ NGDA အသင်းဝင် CF မိသားစုများ၏ အမျိုးသမီးနှင့် လူငယ်တို့၏ အသက်မွေးဝမ်းကြောင်းမှုဆိုင်ရာ Base  Line Date ကောက်ယူမည်ဟု မိုးညှင်းမြို့နယ် ဒေသခံပြည်သူ အစုအဖွဲ့ပိုင် သစ်တောထူထောင်သူများအဖွဲ့ (Community Forest /CF ) အတွင်းရေးမှူး ဒေါက်တာ နုနုအောင်ထံမှ သိရသည်။ မိုးညှင်းမြို့နယ်အတွင်းရှိ NGDA အသင်းဝင် CF မိသားစုများ၏ အမျိုးသမီးနှင့် လူငယ်တို့၏ အသက်မွေးဝမ်းကြောင်းမှုဆိုင်ရာ Base Line Data ကောက်ယူခြင်းဆိုင်ရာသင်တန်းကို မိုးညှင်းမြို့ စိမ်းရတနာမွန် တောင်ပိုင်းရပ်ကွက် သန္တိသုခ ဓမ္မာရုံ၌ အောက်တိုဘာ ၁၀ မှ ၁၂ ရက်နေ့ထိ ပို့ချ သင်ကြားခဲ့ခြင်း ဖြစ်သည်။ ''ဆင်းရဲသားလျော့ချရေး၊ ဒေသဖွံ့ဖြိုးရေးကို လုပ်ဖို့အတွက် သဘာဝကို အရင်းပြုပြီးတော့ သဘာဝမပျက်တဲ့ စီးပွားရေးမျိုးလုပ်ဖို့ ကျွန်မတို့စိတ်ဝင်စား...

မိုးညှင်းမြို့နယ်တွင် တောင်သူများအား သီးနှံစိုက်ပျိုးရေး သင်တန်းပေး

Image
မိုးညှင်းမြို့နယ်တွင် တောင်သူများအား သီးနှံစိုက်ပျိုးရေး သင်တန်းပေး EPN မိုးညှင်း၊ အောက်တိုဘာ ၁၆ မိုးညှင်းမြို့ အုတ်ကျင်းရပ်ကွက် ရှမ်းစာပေနှင့် ယဉ်ကျေးမှုရုံးတွင် ဇီဝနည်းပညာနှင့် သွင်းအားစု အခြေပြုGAPစနစ်နှင့် သီးနှံစိုက်ပျိုးရေးဆိုင်ရာ (Shan Maw Myae GreenFamily)ကုမ္ပဏီ အစိမ်းရောင် နည်းပညာဖွံ့ဖြိုးရေးအဖွဲ့မှသင်တန်းပေးခဲ့ကြောင်း သိရသည်။ ယခုလို ပြုလုပ်ရခြင်း ရည်ရွယ်ချက်မှာ မိုးညှင်းမြို့နယ်ရှိ တောင်သူများအား စပါးသီးနှံများ အထွက်ကောင်းမွန်စေရန် သဘာဝဘေးအန္တရာယ်နှင့် ကြုံတွေ့ရာတွင် မည်ကဲ့သို့ ထိန်းသိမ်းစောင့်ရှောက်ရမည၊် သီးနှံများ အရည်သေွး ပြည့်ဝအောင် မည်ကဲ့သို့ ပြုလုပ်ရမည၊်သဘာဝဇီဝ ဓာတ်မြေသြဇာနှင့် အော်ဂဲနစ်မြေသြဇာအ သုံးပြုပုံနည်းလမ်းများကို သင်တန်းပေး ဟောပြောပွဲ ပြုလုပ်ရခြင်း ဖြစ်ကြောင်း တောင်သူလယ်သမားများအဖွဲ့ဥက္ကဌ ဦးဇော်လွင်က ဆိုသည်။ "မြန်မာနိုင်ငံ၏ သီးနှံထွက်ကုန်များမှာ နိုင်ငံတကာဈေးကွက်တွင် ဈေးကွက်မရရှိခြင်းမှ ဈေကွက်ပြန်လည်ကောင်းမွန်လာစေရန် အော်ဂဲနစ် အဆင့်မြင့်နည်းပညာ သဘာဝဇီဝမြေသြဇာနှင့် အော်ဂဲနစ်မြေသြဇာတို့ကို စနစ်တကျ အသုံးပြုတတ်ရန် သင်ကြားပေးခြင်း ဖြစ်တယ်ဟု ရှမ်...

မျိုးဆက်သစ်လူငယ်များ မူးယစ်ဆေးသားကောင်မဖြစ်ရေး ACHC/SPIC ကုမ္ပဏီ၏ကူညီပံ့ပိုးမှုဖြင့် အောင်မြင်သာ အုပ်ချုပ်ရေးမှူးဖလား ဘောလုံးပြိုင်ပွဲ ကျင်းပ

Image
မျိုးဆက်သစ်လူငယ်များ မူးယစ်ဆေးသားကောင်မဖြစ်ရေး ACHC/SPIC ကုမ္ပဏီ၏ကူညီပံ့ပိုးမှုဖြင့် အောင်မြင်သာ အုပ်ချုပ်ရေးမှူးဖလား ဘောလုံးပြိုင်ပွဲ ကျင်းပ EPN မြစ်ကြီးနား အောက်တိုဘာ ၁၆ မြစ်ကြီးနားမြို့နယ် မြစ်ဆုံဒေသမှ ရွေ့ပြောင်းရွာများဖြစ်သည့် အောင်မြင်သာကျေးရွာနှင့် မလိယန်ကျေးရွာ နှစ်ရွာပေါင်း၍ ACHC/SPIC ကုမ္ပဏီ၏ကူညီပံ့ပိုးမှုဖြင့် မျိုးဆက်သစ်လူငယ်များ မူးယစ်ဆေးသားကောင်မဖြစ်ရေး "အောင်မြင်သာ အုပ်ချုပ်ရေးမှူး ဖလား" မိုးရာသီ ချစ်ကြည်ရေး ဘောလုံးပြိုင်ပွဲကို ၂၀၁၇ ခု အောက်တိုဘာ (၁၅)ရက် ညနေ(၃)နာရီ အချိန်က အောင်မြင်သာကျေးရွာ ဘောလုံးကွင်း၌ စတင်ကျင်းပခဲ့ကြောင်း သိရသည်။ "ရွေ့ပြောင်းရွာတွေအချင်းချင်း ပိုပြီးချစ်ခင်လာဖို့နဲ့ အားကစားစိတ်ဓါတ်တွေရှိလာဖို့ မျိုးဆက်သစ်လူငယ်များ မူးယစ်ဆေးသားကောင်မဖြစ်ရေး၊ထူးချွန်းကစားသမားများ ပေါ်ထွန်းလာစေရေးအတွက် ရည်ရွယ်ပြီး ကျနော်တို့ ကုမ္ပဏီက အပြည့်အဝ ကူညီပံ့ပိုးပေးခဲ့တာပါ။ ၁၀၀ ရာခိုင်နှုန်း ပံ့ပိုးတာပါ။" ဟု  မြစ်ဆုံမြစ်ညှာ မြစ်ဝှမ်းဒေသ ရေအားလျှပ်စစ် စီမံကိန်း၏ စီမံကိန်း စီမံခန့်ခွဲမှုနှင့် ထုတ်လုပ်ရေး ဌာန တာဝန်ခံမန်နေဂျာ Mr. Gao Bin ကပြောသည်။  ဘောလုံးပြို...

မြစ်ကြီးနားမြို့တွင်နိုင်ငံတကာ မျက်မမြင်လမ်းလျှောက် တုတ်နေ့ကို ဂုဏ်ပြုသောအားဖြင့် ကျင်းပ

Image
မြစ်ကြီးနားမြို့တွင်နိုင်ငံတကာ မျက်မမြင်လမ်းလျှောက် တုတ်နေ့ကို ဂုဏ်ပြုသောအားဖြင့် ကျင်းပ EPN မြစ်ကြီးနား အောက်တိုဘာ ၁၅ နိုင်ငံတကာ မျက်မမြင်လမ်းလျှောက်တုတ်နေ့ကို ဂုဏ်ပြုသောအားဖြင့် မြစ်ကြီးနားမြို့တွင် အောက်တိုဘာ ၁၅ရက်နေ့ နံနက်၆နာရီ ခွဲတွင် သခင်နက်ဖေလမ်း တော်ဝင်သဇင် ဧည့်ရိပ်သာမှ ဧရာရပ်ကွက်ရှိ မြို့တော်ခန်းမသို့ မြစ်ကြီးနား မျက်မမြင်ကျောင်းအုပ်ကြီး ဦးလမုန်ဂမ်ဖန်နှင့် လင်းလက်ကြယ် မျက်မမြင်အဖွဲ့မှ မျက်​မမြင်၁၃၇ဦး လမ်းလျှောက်လာကြစဉ်