မိုးညှင်းမြို့နယ်တွင် တောင်သူများအား သီးနှံစိုက်ပျိုးရေး သင်တန်းပေး

မိုးညှင်းမြို့နယ်တွင် တောင်သူများအား သီးနှံစိုက်ပျိုးရေး သင်တန်းပေး

EPN
မိုးညှင်း၊ အောက်တိုဘာ ၁၆

  • မိုးညှင်းမြို့ အုတ်ကျင်းရပ်ကွက် ရှမ်းစာပေနှင့် ယဉ်ကျေးမှုရုံးတွင် ဇီဝနည်းပညာနှင့် သွင်းအားစု အခြေပြုGAPစနစ်နှင့် သီးနှံစိုက်ပျိုးရေးဆိုင်ရာ (Shan Maw Myae GreenFamily)ကုမ္ပဏီ အစိမ်းရောင် နည်းပညာဖွံ့ဖြိုးရေးအဖွဲ့မှသင်တန်းပေးခဲ့ကြောင်း သိရသည်။
  • ယခုလို ပြုလုပ်ရခြင်း ရည်ရွယ်ချက်မှာ မိုးညှင်းမြို့နယ်ရှိ တောင်သူများအား စပါးသီးနှံများ အထွက်ကောင်းမွန်စေရန် သဘာဝဘေးအန္တရာယ်နှင့် ကြုံတွေ့ရာတွင် မည်ကဲ့သို့ ထိန်းသိမ်းစောင့်ရှောက်ရမည၊် သီးနှံများ အရည်သေွး ပြည့်ဝအောင် မည်ကဲ့သို့ ပြုလုပ်ရမည၊်သဘာဝဇီဝ ဓာတ်မြေသြဇာနှင့် အော်ဂဲနစ်မြေသြဇာအ သုံးပြုပုံနည်းလမ်းများကို သင်တန်းပေး ဟောပြောပွဲ ပြုလုပ်ရခြင်း ဖြစ်ကြောင်း တောင်သူလယ်သမားများအဖွဲ့ဥက္ကဌ ဦးဇော်လွင်က ဆိုသည်။
  • "မြန်မာနိုင်ငံ၏ သီးနှံထွက်ကုန်များမှာ နိုင်ငံတကာဈေးကွက်တွင် ဈေးကွက်မရရှိခြင်းမှ ဈေကွက်ပြန်လည်ကောင်းမွန်လာစေရန် အော်ဂဲနစ် အဆင့်မြင့်နည်းပညာ သဘာဝဇီဝမြေသြဇာနှင့် အော်ဂဲနစ်မြေသြဇာတို့ကို စနစ်တကျ အသုံးပြုတတ်ရန် သင်ကြားပေးခြင်း ဖြစ်တယ်ဟု ရှမ်းမောမြေကုမ္ပဏီမှ စိုက်ပျိုးရေးပညာရှင် ဆရာ ဦးစံရင်က ပြောသည်။
  •                    အော်ဂဲနစ်မြေသြဇာဆိုသည်မှာ မြေကိုရွစေနိုင်တဲ့ ဘက်တီးရီးယားပိုးကို မွေးမြူပြီး မြေသြဇာအဖြစ် အသုံးပြုခြင်း၊ သဘာဝဇီဝ မြေသြဇာဆိုသည်မှာ သစ်ရွက်နွားချေး အစရှိသည့် စွန့်ပစ်ပစ္စည်းများကို စုဆောင်းထားပြီး မြေသြဇာအဖြစ် အသုံးပြုခြင်းကို ဆိုလိုခြင်း ဖြစ်၍ စိုက်ပျိုးဧကများများ စိုက်ပျိုးနိုင်ရန်နှင့် အရည်သွေးပြည့်မှီပြီး အထွက်တိုးကောင်းမွန်စေရန် မည်သည့်အချိန်တွင် စိုက်ပျိုးရင်ဖြစ်ထွန်းနိုင်ပြီး စိုက်ပျိုးရေးသမားတစ်ဦးအနေဖြင့် ဘက်စုံနည်းပညာနှင့် မြေဆီလွှာကို ကောင်းမွန်စွာ ထိန်းသိမ်းတတ်ခြင်း ပိုးမွှားအန္တရာယ်တို့ကိုကာကွယ်နှိမ်နှင်း စောင့်ရှောက်တတ်စေရန် ရည်ရွယ်ပြီး လာရောက်သင်ကြားပေတာပါ"ဟု စိုက်ပျိုးရေးပညာရှင် ဆရာ ဦးစံရင်က ဆက်ပြောသည်။
  • အခုလို လာရောက်သင်တန်းပို့ချပေးပါသော ဆရာအား အထူးပဲ ကျေးဇူးတင်ရှိကြောင်းနှင့် စိုက်ပျိုးရေးသင်တန်းများများ ပို့ချနိုင်ပါကသီးနှံများ ကမ္ဘာ့ဈေးကွက်တွင် အဆင့်မှီနိုင်မည်ဖြစ်ကြောင်း သင်တန်းမှရှိသော အတွေ့ကြုံများအား မိမိတတ်စွမ်သလောက် အကြောင်းအမျိုးမျိုးကြောင့် မသင်ကြားလိုက်ရသော တောင်သူများအား ပြန်လည်မျှဝေ ပြောဆိုသင်ပြပေးသွားမည်ဖြစ်ကြောင်း သင်တန်းတက်ရောက်သူ ဒေါ်မြတ်ဆုဝေက ပြောသည်။
  • အဆိုပါ သင်တန်းအား ဒေသခံ ပြည်သူတောင်သူစုစုပေါင်း ၅၀ ဦးတက်ရောက်ခဲ့ပြီး စက်တင်ဘာ ၁၅ရက်နေ့ နံနက် ၁၀နာရီမှ ညနေ ၃နာရီအချိန်ထိ ရှမ်းစာပေနှင့်ယဉ်ကျေးမှုရုံးတွင် သင်တန်းကျင်းပ ပြုလုပ် သင်ကြားခဲ့ကြောင်း သိရသည်။
                                                              မျိုးသူရိန်


Comments

သတင်းခေါင်းစဉ်များ

အင်တာနက်ကို အကျိုးရှိရှိ လုံလုံခြုံခြုံ အသုံးပြုတတ် စေရန် ရည်ရွယ်၍ Telenorမြန်မာဆက်သွယ်ရေးကုမ္ပဏီမှ ပညာပေးဟောပြောပွဲ ပြုလုပ်

မိုးညှင်းပြည်သူ့ဆေးရုံတွင်အချုပ်သားဆေးကုသဆောင်တည်ဆောက်မည့် တွက်ချက်လျာထားချက် မြေပုံတို့ကို မတင်ပြနိုင်သေး

ပြည်နယ်လုံးဆိုင်ရာနှစ်သစ်ကူးပွဲတော်တွင်တကွင်းရှမ်းစာပေနှင့်ယဉ်ကျေးမှုမှကျင်းပပြုလုပ်သောပထမအကြိမ်ကံစမ်းမဲဖွင့်လှစ်

ဗန်းမော်မြို့တွင် စစ်ဘေးတိမ်းရှောင်စခန်းနေ နဝမတန်းကျောင်းသားတစ်ဦး ဓားခုတ်ခံရ၍ သေဆုံး

ဆင်ဘိုမြို့ယောဂီဝတ်အသင်းအဖွဲ့မှဝန်းသိုကျောင်းတိုက် ဆရာတော်ဘုရားကြီး၏ရုပ်ကလပ်ကိန်းဝပ်ရာ နိဗ္ဗာန်စံကျေင်းသို့ ပဌာန်း၊ပရိတ်တော်သံဝေဂတို့အား လာရောက်ရွတ်ဖတ်ပူဇော်

မော်ဟန်ကျေးရွာတွင်မှ ထောင်ကျဖူးသူ အမျိုးသမီးမှ မူးယစ်ဆေးရောင်းချသဖြင့် ပြန်လည်ဖမ်းဆီးမိ

ဗန်းမော်တွင် မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် သစ်ပင်နှင့် တောင်ကမ်းပါးယံမြေပြိုကျ၍ လမ်းပိတ်ဆို့မှု

မော်ဟန်-နမ္မချီကားလမ်းတွင် မူးယစ်ဆေးသယ်ဆောင်သူ(၂)ဦးအားဖမ်းဆီးမိ

Northern Green Bike အဖွဲ့ မြစ်ကြီးနားသို့ရောက်ရှိ