မျိုးဆက်သစ်လူငယ်များ မူးယစ်ဆေးသားကောင်မဖြစ်ရေး ACHC/SPIC ကုမ္ပဏီ၏ကူညီပံ့ပိုးမှုဖြင့် အောင်မြင်သာ အုပ်ချုပ်ရေးမှူးဖလား ဘောလုံးပြိုင်ပွဲ ကျင်းပ
မျိုးဆက်သစ်လူငယ်များ မူးယစ်ဆေးသားကောင်မဖြစ်ရေး
ACHC/SPIC ကုမ္ပဏီ၏ကူညီပံ့ပိုးမှုဖြင့် အောင်မြင်သာ အုပ်ချုပ်ရေးမှူးဖလား ဘောလုံးပြိုင်ပွဲ ကျင်းပ
EPN
မြစ်ကြီးနား အောက်တိုဘာ ၁၆
ACHC/SPIC ကုမ္ပဏီ၏ကူညီပံ့ပိုးမှုဖြင့် အောင်မြင်သာ အုပ်ချုပ်ရေးမှူးဖလား ဘောလုံးပြိုင်ပွဲ ကျင်းပ
EPN
မြစ်ကြီးနား အောက်တိုဘာ ၁၆
- မြစ်ကြီးနားမြို့နယ် မြစ်ဆုံဒေသမှ ရွေ့ပြောင်းရွာများဖြစ်သည့် အောင်မြင်သာကျေးရွာနှင့် မလိယန်ကျေးရွာ နှစ်ရွာပေါင်း၍ ACHC/SPIC ကုမ္ပဏီ၏ကူညီပံ့ပိုးမှုဖြင့် မျိုးဆက်သစ်လူငယ်များ မူးယစ်ဆေးသားကောင်မဖြစ်ရေး "အောင်မြင်သာ အုပ်ချုပ်ရေးမှူး ဖလား" မိုးရာသီ ချစ်ကြည်ရေး ဘောလုံးပြိုင်ပွဲကို ၂၀၁၇ ခု အောက်တိုဘာ (၁၅)ရက် ညနေ(၃)နာရီ အချိန်က အောင်မြင်သာကျေးရွာ ဘောလုံးကွင်း၌ စတင်ကျင်းပခဲ့ကြောင်း သိရသည်။
- "ရွေ့ပြောင်းရွာတွေအချင်းချင်း ပိုပြီးချစ်ခင်လာဖို့နဲ့ အားကစားစိတ်ဓါတ်တွေရှိလာဖို့ မျိုးဆက်သစ်လူငယ်များ မူးယစ်ဆေးသားကောင်မဖြစ်ရေး၊ထူးချွန်းကစားသမားများ ပေါ်ထွန်းလာစေရေးအတွက် ရည်ရွယ်ပြီး ကျနော်တို့ ကုမ္ပဏီက အပြည့်အဝ ကူညီပံ့ပိုးပေးခဲ့တာပါ။ ၁၀၀ ရာခိုင်နှုန်း ပံ့ပိုးတာပါ။" ဟု မြစ်ဆုံမြစ်ညှာ မြစ်ဝှမ်းဒေသ ရေအားလျှပ်စစ် စီမံကိန်း၏ စီမံကိန်း စီမံခန့်ခွဲမှုနှင့် ထုတ်လုပ်ရေး ဌာန တာဝန်ခံမန်နေဂျာ Mr. Gao Bin ကပြောသည်။
- ဘောလုံးပြိုင်ပွဲ ကျင်းပပေးခြင်းအားဖြင့် လူထုအတွင်း အားကစားကို စိတ်ပါဝင်စားလာပြီး မူးယစ်ဆေးဝါးသုံးစွဲမှု လျော့ကျရေးပပျောက်ရေးနှင့်မျိုးဆက်သစ်လူငယ်များ
- အနေဖြင့် မြို့နယ်၊ ပြည်နယ်နှင့် နိုင်ငံ ကိုယ်စားပြု ကစားသမားများ ပေါ်ထွန်းလာစေရေးအတွက် ကျင်းပပေးခဲ့သည်ဟု အောင်မြင်သာ အုပ်ချုပ်ရေးမှူးကဆိုသည်။
- "ဒီပွဲမှာ အသက်မကန့်သတ်ထားဘူး။ လူကြီးပဲဖြစ်ဖြစ် လူငယ်ပဲဖြစ်ဖြစ် ပါဝင်ကစားနိုင်တယ်။ ဒါပေမဲ့ လူကြီးတွေကိုတော့ ကျန်းမာရေးအတွက်နဲ့ အားကစားကို စိတ်ပါဝင်စားလာဖို့ပေါ့။ လူငယ်တွေအတွက်ကတော့ ကျနော်တို့ မြို့နယ် ပြည်နယ်နဲ့ နိုင်ငံအတွက် အားထားရတဲ့ ကစားသမားလေးတွေ ပေါ်ပေါက်မလာစေချင်တဲ့ စိတ်နဲ့လုပ်ပေးတာပါ။ ကုမ္ပဏီကလဲ ပံ့ပိုးကူညီပေးတော့ အဆင်ပြေသွားတာပေါ့"ဟု အောင်မြင်သာကျေးရွာ အုပ်ချုပ်ရေးမှူး ဦးမီတုံနော်ဂျာ ကပြောသည်။
- မြစ်ဆုံဒေသ ရွေ့ပြောင်းရွာများဖြစ်ကြသည့် အောင်မြင်သာကျေးရွာနှင့် မလိယန်ကျေးရွာ ရွာနှစ်ရွာပေါင်းကာ ကျင်းပပြုလုပ်သော အဆိုပါ မိုးရာသီ ချစ်ကြည်ရေး ဘောလုံးပြိုင်ပွဲကို ACHC/SPIC ကုမ္ပဏီက ဘောလုံးကစားသမားများ၏ ဝတ်စုံ၊ ဘောကန်ဖိနပ်၊ ဆုတံဆိပ်၊ ဖလား အစရှိသည်များ အားလုံးကို အပြည့်အဝ တာဝန်ယူ ပံ့ပိုးပေးခဲ့ပြီး ငွေကြေးအနေနှင့် သိန်း(၅၅)သိန်းခန့် ကုန်ကျခဲ့သည်ဟုဆိုသည်။
- ၎င်းပြိုင်ပွဲတွင် အသင်းပေါင်း(၈)သင်းပါဝင် ယှဉ်ပြိုင်လျက်ရှိပြီး၊ တန်ဖရဲ(မြစ်ဆုံ)၊ အထက၊ နယ်မြေ(၁/၂)၊ နယ်မြေ(၃/၄/၅)၊ နယ်မြေ(၆/၇/၈)၊အောင်မြင်သာ(က)၊ (ခ)နှင့် မလိယန် စသည့် အသင်းများဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြောင်း သိရသည်။
- ၎င်းပြိုင်ပွဲ၏ဗိုလ်လုပွဲစဉ်ကို နိုဝင်ဘာလ (၁)ရက်နေ့တွင် ကျင်းပသွားမည်ဖြစ်ကာ ပထမဆုရအသင်းကို ဆုဖလားနှင့် တစ်ဦးချင်းဆုတံဆိပ်များ၊ ဒုတိယဆုရအသင်းကို တစ်ဦးချင်းဆုတံဆိပ်များနှင့် ပြိုင်ပွဲတလျှောက် အကောင်ဆုံးဂိုးသမား၊အကောင်းဆုံး နောက်တန်းဆု၊အကောင်းဆုံးအလယ်တန်းဆု၊အကောင်းဆုံးရှေ့တန်းဆုတို့အပြင်ပွဲစဉ်တလျှောက်ဂိုးသွင်အများဆုံးကစားသမားဆုတံဆိပ်တို့ကိုပါပေးအပ် ချီးမြင့်သွားမည်ဖြစ်ကြောင်းသိရသည်။






Comments
Post a Comment