ဆင်းရဲသားလျော့ချရေးနှင့် ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ဆောင်ရန် CF မိသားစုဝင်များ၏ အသက်မွေးဝမ်းကြောင်းမှုဆိုင်ရာ Base Line Data ကောက်ယူမည်
ဆင်းရဲသားလျော့ချရေးနှင့် ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ဆောင်ရန် CF မိသားစုဝင်များ၏ အသက်မွေးဝမ်းကြောင်းမှုဆိုင်ရာ Base Line Data ကောက်ယူမည်
EPN
မိုးညှင်း အောက်တိုဘာ ၁၆
- ဆင်းရဲသားလျော့ချရေးနှင့် ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ဆောင်ရန်အတွက် ကချင်ပြည်နယ် မိုးညှင်းမြို့နယ်အတွင်းရှိ NGDA အသင်းဝင် CF မိသားစုများ၏ အမျိုးသမီးနှင့် လူငယ်တို့၏ အသက်မွေးဝမ်းကြောင်းမှုဆိုင်ရာ Base Line Date ကောက်ယူမည်ဟု မိုးညှင်းမြို့နယ် ဒေသခံပြည်သူ အစုအဖွဲ့ပိုင် သစ်တောထူထောင်သူများအဖွဲ့ (Community Forest /CF ) အတွင်းရေးမှူး ဒေါက်တာ နုနုအောင်ထံမှ သိရသည်။
- မိုးညှင်းမြို့နယ်အတွင်းရှိ NGDA အသင်းဝင် CF မိသားစုများ၏ အမျိုးသမီးနှင့် လူငယ်တို့၏ အသက်မွေးဝမ်းကြောင်းမှုဆိုင်ရာ Base Line Data ကောက်ယူခြင်းဆိုင်ရာသင်တန်းကို မိုးညှင်းမြို့ စိမ်းရတနာမွန် တောင်ပိုင်းရပ်ကွက် သန္တိသုခ ဓမ္မာရုံ၌ အောက်တိုဘာ ၁၀ မှ ၁၂ ရက်နေ့ထိ ပို့ချ သင်ကြားခဲ့ခြင်း ဖြစ်သည်။
- ''ဆင်းရဲသားလျော့ချရေး၊ ဒေသဖွံ့ဖြိုးရေးကို လုပ်ဖို့အတွက် သဘာဝကို အရင်းပြုပြီးတော့ သဘာဝမပျက်တဲ့ စီးပွားရေးမျိုးလုပ်ဖို့ ကျွန်မတို့စိတ်ဝင်စားပါတယ်။ အခုချိန်မှာ CF တွေဟာ အစိုးရရဲ့ စီးပွားရေးကဏ္ဍတွေမှာ ပို၍ အထောက်အပံ့ ဖြစ်စေသောဆိုတဲ့ CFI အသစ်တွေ ထွက်လာတယ်၊ စီးပွားရေးလုပ်ဖို့ အခြေတစ်ခုဖြစ်လာတယ်၊ စီးပွားရေးလုပ်ဖို့ဆိုရင် အဖွဲ့ထဲက အမျိုးသမီးနဲ့ လူငယ်တွေရဲ့ အသက်မွေးဝမ်းကြောင်းကို ဇောင်းပေးပြီး လုပ်သွားမယ်” ဟု CFအတွင်းရေးမှူး ဒေါက်တာနုနုအောင် ကပြောသည်။
- သည်လိုဇောင်းပေးပြီး လုပ်တဲ့အခါ သူတို့ရဲ့ ရင်တွင်းခံစားချက်တွေက ဘာလဲ၊ လက်ရှိအခြေအနေမှာ ဘာတွေရင်ဆိုင်နေရသလဲ၊ဘာအခက်အခဲတွေရှိလဲ၊ လူငယ်တွေက ဘယ်လိုသင်တန်းမျိုးကို တက်ချင်တာလဲ၊အမျိုးသမီးတွေကရောလက်ရှိအခြေအနေကို ကျေနပ်မှုရှိရဲ့လားလက်ရှိအခြေအနေက ပြောင်းချင်လျက်နဲ့မပြောင်းလဲနိုင်တာက ဘာ့ကြောင့်လဲlနည်းပညာလိုလို့လား အရင်းအနှီးလိုလို့လား စသဖြင့် ဘာဖြစ်နေတယ်ဆိုတာ သိဖို့ data ကောက်ဖို့ လိုလာတယ် ဟု ၎င်းမှဆက်ပြောသည်။
- မိုးညှင်းဒေသရှိ သဘာဝစိမ်းလန်းစိုပြေဖွံ့ဖြိုးရေးအသင်း (Natural GreeningDevelopment Association ) ဝင် CFနှင့် ဆက်သွယ်၍ SWISSAID အဖွဲ့က ပံ့ပိုးကူညီဖွင့်လှစ်ခဲ့သော အဆိုပါသင်တန်းသို့ ရန်ကုန်မြို့ရှိ လူမှုအိမ်မက်ဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့ (Social Dream Development Orgnaization )က လာရောက် သင်ကြားပေးခဲ့ကြောင်း သိရသည်။
- မိုးညှင်းဒီဂရီကောလိပ်မှ ကျောင်းသားကျောင်းသူ ၂၄ ဦးတို့ တက်ရောက်သင်ယူခဲ့ကြသည့် အဆိုပါသင်တန်း၌ သုတေသန လုပ်ငန်းစဉ်အတွက် အခြေခံဖြစ်သည့် Base Line Data ကောက်ခံခြင်းကို အဓိကထား သင်ကြားပေးခဲ့သည်ဟု အထက်ပါအဖွဲ့၏ Director ကဆိုသည်။
- ''ဒေသတွင်းက လူမှုစီးပွား မြေပြင်အခြေအနေအမှန်ကို သိဖို့ရာ စစ်တမ်းကောက်ရပါတယ်၊ လူတိုင်းလူတိုင်းမှာ ဖြစ်ချင်နေတဲ့ အိမ်မက် ကိုယ်စီရှိကြမှာပါ၊ သူတို့ရဲ့ အိမ်မက် သူတို့ရဲ့ လိုအပ်ချက်ကို သိနိုင်ဖို့ သုတေသန ပြုရာမှာ Base Line Data က အခြေခံဖြစ်လို့ ဒါကို အဓိကထား သင်ကြားပေးခဲ့ပါတယ်'' ဟု ဒါရိုက်တာဒေါ်မြနန္ဒာ ကဆိုသည်။
- ဒေသတွင်းရှိ အမျိုးသမီးများသည် အိမ်ထောင်ဦးစီးကို မှီခိုအားထားပြုခြင်း၊အိမ်မှုကိစ ဗျာဟီရများနေခြင်းနှင့် အချိန်မပေးနိုင်ခြင်း တို့ကြောင့် လည်းကောင်း၊ လူငယ်များသည် မူးယစ်ဆေးဝါးသုံးစွဲမှုများနေခြင်း၊ လုပ်ငန်းဆိုင်ရာ စိတ်ဝင်စားမှု မရှိခြင်း၊ စားဝတ်နေရေးအတွက် မှော်နယ်မြေများသို့ သွားရောက် လုပ်ကိုင်ခြင်းတို့ကြောင့် လည်းကောင်း ဒေသတွင်းရှိ လူမှုစီးပွား ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစဉ်၌ ၎င်းတို့၏ အခန်းကဏ္ဍ အားနည်းလျက်ရှိကြောင်း သင်တန်း၏ ကန ဦး လေ့လာ သုံးသပ်ချက်များအရ သိရသည်။
- ဤသို့အားနည်းနေသည့် ဒေသခံများကို ကူညီပံ့ပိုးနိုင်ရန်အတွက် ၎င်းတို့ စိတ်ဝင်စားသည့် အချက်အလက်များကို သိရှိရမည်ဖြစ်၍ Base Line Data ကောက်ခံခြင်းဖြစ်သည်ဟု ဒေါက်တာနုနုအောင်ကပြောသည်။
- '' သူတို့ ဘာကိုစိတ်ဝင်စားတာလဲဆိုတဲ့ အခြေအနေတစ်ခုကို သိရဖို့ Base Line Data ကောက်ခံရခြင်းဖြစ်ပါတယ်။ သူတို့ကို ကူညီဖို့ဆိုရင် သူတို့ရင်ထဲကခံစားချက် အချက်အလက်တွေ သိမှ ရမယ်၊သည်လိုသိနိုင်ဖို့ အရင်ဆုံးလိုအပ်တဲ့Base Line Data ကောက်ရမယ်၊ အခြေခံကျတဲ့ Data တစ်ခုရမှ သူတို့လိုချင်တဲ့ စိတ်ဝင်စားမှု ရှိတဲ့အလုပ်ကို ဖန်တီးပေးခွင့်ရမယ် ၊ သူတို့လိုချင်တဲ့ စိတ်ဝင်စားတဲ့အလုပ်ကို လုပ်ရမယ်ဆိုရင် ပိုကောင်းတဲ့ အခြေအနေ တစ်ခုကို တက်လှမ်းနိုင်မှာပါ။”ဟု ဒေါက်တာနုနုအောင်က ပြောသည်။
- မိုးညှင်းဒေသတွင် Cfအဖွဲ့ကို သစ်တောဌာန၏ လမ်းညွှန်မှု၊ မိုညှင်းဒေသတွင် CF အဖွဲ့ကို သစ်တောဌာန၏ လမ်းညွှန်မှု၊ FFI ၏ ရန်ပုံငွေနှင့်နည်းပညာ ပံ့ပိုးမှုတို့ဖြင့် ၂၀၀၃ ခုနှစ်မှစတင် ဖွဲ့စည်းခဲ့ပြီး ယခုအချိန်တွင် NGDAအသင်းဝင် CF အဖွဲ့ ၁၈ဖွဲ့ရှိသည်ဟု ၎င်းအဖွဲ့ ထံမှ သိရသည်။


Comments
Post a Comment