MPT 2G/3G ဆင်းကဒ်များကို 4G ဆင်းကဒ်များနှင့် အခမဲ့ လဲလှယ်ပေးနေ
MPT 2G/3G ဆင်းကဒ်များကို 4G ဆင်းကဒ်များနှင့် အခမဲ့ လဲလှယ်ပေးနေ
EPN
မြစ်ကြီးနား၊ အောက်တိုဘာ ၁၈
- မြစ်ကြီးနားမြို့၊ မြန်မာ့ဆက်သွယ်ရေးရုံး MPT အရောင်းဆိုင်ခန်းရှေ့၌ အောက်တိုဘာ (၁၈)ရက်နေ့နှင့် (၁၉)ရက်(၂)ရက်တွင် 2G/3Gဆင်းကဒ်များကို 4G LTE ဆင်းကဒ်များနှင့် အခမဲ့လဲလှယ် ပေးလျှက်ရှိ ကြောင်းသိရသည်။
- “အခုသုံးနေတဲ့ဆင်းကဒ်တွေမှာ 2G ဒါမှမဟုတ် 3G ဆင်းကဒ်တွေကို 4G ဆင်းကဒ်နဲ့အခမဲ့ လဲလှယ်ပေး နေတာပါ။ ကိုယ့်ဖုန်းမှာ *106*5# ကိုခေါ်လိုက်ရင် 4G သုံးလို့ရတဲ့ဖုန်းကအသုံးပြုနိုင်ပြီဆိုတဲ့ မက်ဆေ့ ရောက်လာမယ်။ 4G သုံးလို့မရတဲ့ဖုန်းဆိုရင်တော့ 4G ဆင်းကဒ်နဲ့လဲဖို့လိုတယ်ဆိုပြီးစာရောက်မယ်။ MPT အရောင်းဆိုင်တွေမှာအခမဲ့ လဲလှယ်ပါလို့ပါမယ်။ 4G သုံးလို့မရလို့ လာလဲရင် ဆင်းကဒ်ကောဟန်း ဆက်ကောယူလာရမယ်။ ကျနော်တို့က 4G ဆင်းကဒ်အသစ်ကိုအခမဲ့ ပေးသွားမှာပါ။ မြစ်ကြီးနားမှာတော့ (၁၈)နဲ့(၁၉) နှစ်ရက် လဲပေးသွားမယ်။”ဟု 4G ဆင်းကဒ် အခမဲ့ လဲလှယ်ရေးဝန်ဆောင်မှုပေးနေသော MPT အရောင်းဝန်ထမ်းများထံမှသိရသည်။
- မြစ်ကြီးနားမြို့နေလူထုမှ ယခုအသုံးပြုနေသော 2G/3G MPT ဆင်းကဒ်များကို 4G ဆင်းကဒ်များနှင့် လဲလှယ် အသုံးပြုရန် (၂)ရက်ဝန်ဆောင်မှုပေးမည်ဖြစ်ပြီး၊ ဝန်ဆောင်မှုပေးရေးအဖွဲ့ထံသို့ လာရောက်လဲလှယ်ရန် အခက်အခဲရှိပါကနီးစပ်ရာ MPT အရောင်းဆိုင်များတွင်လည်းအခမဲ့လဲလှယ် အသုံးပြုနိုင်ပြီ ဖြစ်ကြောင်းသိရသည်။
- “2G/3G ဆင်းကဒ်တွေကို 4G နဲ့ အခမဲ့လဲပေးတော့ ကောင်းတာပေါ့။ အခုက 2G တို့ 3G တို့ကသုံးရတာ အဆင်မပြေတော့ဘူး။ ဖုန်းပြောရတာလဲလိုင်းမကောင်း၊ အင်တာနက်လဲမကောင်းဆိုတော့ ခုလိုလဲပေးတာ ဝမ်းသာပါတယ်။ လာလဲပေးတဲ့အဖွဲ့ပြန်သွားလဲဆိုင်တွေမှာလဲပေးမယ်ဆိုတော့ ကျမတို့ဝေးတဲ့သူတွေ အဆင်ပြေပါတယ်။ 4G ဆင်းကဒ်ဖြစ်သွားရင်တော့ လိုင်းကောင်းဖို့ မျှော်လင့်ပါတယ်။” ဟု မြစ်ကြီးနားမြို့နှင့် (၁၀)မိုင်ခန့်ဝေးသောပလနကျေးရွာမှ ဒေါ်ဆိုင်းပူအောင် ကပြောသည်။
- 2G/3G ဆင်းကဒ်အသုံးပြုနေသူများအနေနှင့် မိမိတို့ဖုန်းတွင် *106*5# ကိုခေါ်ဆို၍ ရောက်ရှိလာ သော မက်ဆေ့ စာတိုကိုကြည့်ကာ 4G အဆင်သင့် အသုံးပြုနိုင်သော ဖုန်းဖြစ်ပါက လဲလှယ်ရန် မလိုသော် လည်း အဆင်သင့် အသုံးပြု၍မရသောဆင်းကဒ်ဖြစ်ပါကလဲလှယ်ရမည်ဟု ပြန်စာရရှိမည် ဖြစ်ကာနီးစပ်ရာ MPT အရောင်းဆိုင်များ၌ အခမဲ့ လဲလှယ်နိုင်ကြောင်းသိရသည်။ အောက်တိုဘာ (၁၈)ရက်နှင့် (၁၉)ရက် (၂)ရက်၌ အရောင်းမြှင့်တင်ရေးအဖွဲ့မှ MPT ရုံးရှေ့တွင် ဝန်ဆောင်မှုပေးနေပြီးအခြားသော လက်ဆောင် ပေးခြင်း အစီအစဉ်များလည်းပါဝင်ကြောင်းသိရသည်။



Comments
Post a Comment