တရုတ်နိုင်ငံသို့ လူကုန်ကူးသည့် လင်မယားနှစ်ဦးကို ထောင်ဒဏ်နှစ် ၆၀ စီချမှတ်

EPN
မြစ်ကြီးနား၊ အောက်တိုဘာ ၁၈

  • မြစ်ကြီးနားမြို့နယ်မှ အမျိုးသမီးငယ် ၁၄ဦးအား လူကုန်ကူးသည့်အမှုဖြင့် လင်မယားနှစ်ဦးကို တစ်ဦးလျှင်  ထောင်ဒဏ်နှစ် ၆၀ သီးခြားစီ အောက်တိုဘာ ၁၁ရက်က မြစ်ကြီးနားခရိုင် တရားရုံးတွင် ချမှတ်ခဲ့ကြောင်း မြစ်ကြီးနား လူကုန်ကူးမှု တားဆီးနှိမ်နှင်းရေး ရဲတပ်ဖွဲ့ တပ်ဖွဲ့စု ၁၂ မှ သိရသည်။
  • အဆိုပါ လူကုန်ကူးမှု ကျုးလွန်သူ တရားခံကျော်နိုင်နှင့် တရားခံနူးနူးကို လူကုန်ကူးသည့်အမှု ၆မှုဖြင့် တစ်မှုလျှင် အလုပ်ကြမ်းနှင့် ထောင်ဒဏ်၁၀နှစ်စီ ချမှတ်ခဲ့ပြီး တစ်ဦးလျှင် ထောင်ဒဏ် စုစုပေါင်းအနှစ်၆၀စီ ချမှတ်ခဲ့ခြင်းဖြစ်ကြောင်း၊ ယင်းလူကုန်ကူးမှုတွင် ပါဝင်သူ တရားခံ၂ဦးမှာ ထွက်ပြေးလွှတ်မြှောက်နေဆဲ ဖြစ်ကြောင်း သိရသည်။
  • ``တရားခံ ကျော်နိုင်က မိန်းကလေးတွေကို သမီးရည်းစားဟန်ဆောင်ပြီး သူ့ကိုယုံလောက်ပြီဆိုမှ အကြောင်း အမျိုးမျိုးပြပြီး ခေါ်သွားပြီး တရုတ်ပြည်နယ်စပ် ရင်ကျန်းမြို့မှာရှိတဲ့ တရားခံမနူးနူး ဆီမှာထားခဲ့ပြီး တရုတ်အမျိုး သားထံ ရောင်းစားတာပေါ့ အလုပ်ကြမ်းနဲ့ ထောင်ဒဏ်အနှစ်၆၀ သီးခြားစီ ကျခံရတာပါ။ တရားခံ နှစ်ဦးကတော့ ရှာဖွေနေဆဲပါပဲ။´´ဟု လူကုန်ကူးမှု တားဆီးနှိမ်နှင်းရေး ရဲတပ်ဖွဲ့မှ ရဲမှုးအောင်မင်းကြည်ကပြောသည်။
  • အဆိုပါ တရားခံကျော်နိုင်သည်ပြီးခဲ့သည့် ၂၀၁၆ ခုနှစ်အတွင်းက မြစ်ကြီးနား မန္တလေး- မူဆယ်- ရွှေလီ- ရင်ကျန်း လမ်းကြောင်းဖြင့်  အမျိုးသမီး ၁၄ဦးကို ၈ခေါက် ပို့ဆောင်ခဲ့မှုကြောင့် မြစ်ကြီးနား မြို့မရဲစခန်း၌ လူကုန်ကူးပုဒ်မများနှင့် အမှု ၈မှုရေးဖွင့်ခဲ့ရာ ယခု အောက်တိုဘာ ၁၁ရက်တွင် အမှု ၆မှုကို မြစ်ကြီးနား ခရိုင် တရားရုံးတွင် အမိန့်ချမှတ်ပြီး ကျန်ရှိနေသည့် ၂မှုကိုဆက်လက် ရင်ဆိုင်ရမည်ဖြစ်သည်။
  • ထို့နောက် ယင်းကျူးလွန်သူကို ယခုနှစ် ၂၀၁၇ ဇန်န၀ါရီလ ၂၈ရက်နေ့တွင် မြစ်ကြီးနားမြို့ မြို့သစ်ရပ်ကွက်ရှိ (3-Star Hotel )တွင် ဆွဲကြိုးလက်စွပ် အတုများ၊မြန်မာငွေ ၁၅သိန်းခန့်၊  နယ်စပ်ဖြတ်သန်းခွင့်လက်မှတ်များ လူကုန်ကူးခံရသူ အမျိုးသမီးများ၏ မှတ်ပုံတင်များနှင့်အတူ ဖမ်းဆီးရမိခဲ့ခြင်းဖြစ်သည်။
  • ယင်းနောက် ရက်အနည်းငယ်အကြာတွင် ၎င်းနှင့် ဆက်စပ်တရားခံ မနူးနူးကို လွယ်ဂျယ်လူကုန်ကူးမှု တားဆီး နှိမ်နင်းရေး ရဲတပ်ဖွဲ့နှင့်ပူးပေါင်း၍ လွယ်ဂျယ်မြို့တွင်  ဖမ်းဆီးရမိခဲ့ပြီး ယင်းလူကုန်ကူးမှု၌ ပါဝင်သူ မအဘောက် အသက်၅၅နှစ်ခန့်နှင့် မနူးနူး အသက်၄၅နှစ်ခန့်ကို ဖမ်းဆီးရမိရေးအတွက် ရဲမှုးအောင်မင်းကြည်မှ တာဝန်ရှိ သူများနှင့် ချိတ်ဆက်ဆောင်ရွက်လျှက်ရှိကြောင်း သိရသည်။
                                                                 မီးမီး

Comments

သတင်းခေါင်းစဉ်များ

အင်တာနက်ကို အကျိုးရှိရှိ လုံလုံခြုံခြုံ အသုံးပြုတတ် စေရန် ရည်ရွယ်၍ Telenorမြန်မာဆက်သွယ်ရေးကုမ္ပဏီမှ ပညာပေးဟောပြောပွဲ ပြုလုပ်

မိုးညှင်းပြည်သူ့ဆေးရုံတွင်အချုပ်သားဆေးကုသဆောင်တည်ဆောက်မည့် တွက်ချက်လျာထားချက် မြေပုံတို့ကို မတင်ပြနိုင်သေး

ပြည်နယ်လုံးဆိုင်ရာနှစ်သစ်ကူးပွဲတော်တွင်တကွင်းရှမ်းစာပေနှင့်ယဉ်ကျေးမှုမှကျင်းပပြုလုပ်သောပထမအကြိမ်ကံစမ်းမဲဖွင့်လှစ်

ဗန်းမော်မြို့တွင် စစ်ဘေးတိမ်းရှောင်စခန်းနေ နဝမတန်းကျောင်းသားတစ်ဦး ဓားခုတ်ခံရ၍ သေဆုံး

ဆင်ဘိုမြို့ယောဂီဝတ်အသင်းအဖွဲ့မှဝန်းသိုကျောင်းတိုက် ဆရာတော်ဘုရားကြီး၏ရုပ်ကလပ်ကိန်းဝပ်ရာ နိဗ္ဗာန်စံကျေင်းသို့ ပဌာန်း၊ပရိတ်တော်သံဝေဂတို့အား လာရောက်ရွတ်ဖတ်ပူဇော်

မော်ဟန်ကျေးရွာတွင်မှ ထောင်ကျဖူးသူ အမျိုးသမီးမှ မူးယစ်ဆေးရောင်းချသဖြင့် ပြန်လည်ဖမ်းဆီးမိ

ဗန်းမော်တွင် မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် သစ်ပင်နှင့် တောင်ကမ်းပါးယံမြေပြိုကျ၍ လမ်းပိတ်ဆို့မှု

မော်ဟန်-နမ္မချီကားလမ်းတွင် မူးယစ်ဆေးသယ်ဆောင်သူ(၂)ဦးအားဖမ်းဆီးမိ

Northern Green Bike အဖွဲ့ မြစ်ကြီးနားသို့ရောက်ရှိ