ကားလမ်းဘေးတွင် ထောင်ထားသော မိုင်းတစ်လုံးပေါက်ကွဲ

ကားလမ်းဘေးတွင် ထောင်ထားသော မိုင်းတစ်လုံးပေါက်ကွဲ

EPN
ကာမိုင်း အောက်တိုဘာ ၁၇
  • မိုးညှင်းခရိုင် ကာမိုင်းမြို့နယ်   မိုးကောင်း- ဖားကန့်သွား အဝေးပြေး ကတ္တရာလမ်းမပေါ်တွင် ထောင်ထားသော မိုင်းပေါက်ကွဲမှုကြောင့် ခရီးသည်တစ်ဦးဒဏ်ရာရရှိခဲ့ကြောင်း ကာမိုင်းနယ်မြေရဲစခန်းမှ သိရသည်။
  • အောက်တိုဘာ ၁၇ရက် နံနက်၈နာရီခန့်တွင် ယာဉ်မောင်းအေးမင်းထွန်း မောင်းနှင်လာသော ပရိုဘောက်ကားနှင့် ၎င်း၏အနောက်မှ ဦးဖကော်ဖော်မြင့် မောင်းနှင်လာသော 125ဆိုင်ကယ်ကြားတွင် မိုင်းပေါက်ကွဲခဲ့ခြင်းဖြစ်သည်။
  • “ကာမိုင်းမြို့အထွက်က ကားလမ်းဘေးမှာ ထောင်ထားတာပေါ့  ဆိုင်ကယ်မောင်းလာတဲ့ လူက တော့ ဝဲဘက်ဒူးခေါင်းမိုင်းစထိမှန်ဒဏ်ရာ နှစ်ချက်ရရှိထားပြီး  အခုမြစ်ကြီးနားဆေးရုံကြီးကို ခေါ်သွားပါပြီ” ဟု ကာမိုင်းစခန်းမှူး ဦးဇာမဲဖုန်ရမ်က ပြောသည်။
  • ကာမိုင်းမြို့အထွက် မိုင်တိုင်အမှတ် ၂၂/၅ဖာလုံအနီးတွင် မိုင်းပေါက်ကွဲမှုဖြစ်ပြီး အဆိုပါ မိုင်းထိ လူနာ ဦးဖကော်ဖော်မြင့်၆၂နှစ်သည် မန်ဒင်ကျေးရွာသားတစ်ဦးဖြစ်သည်။
  • "မိုင်းပေါက်ကွဲတာ ဟုတ်ပါတယ် မိုးကောင်း- ဖားကန့်သွားတဲ့ ကတ္တရာလမ်းမပေါ်မှာ ကွဲတာပါ ဒေသခံပြည်သူတစ်ဦး မိုင်းထိသွားတယ် ဘယ်ဘက်ခြေထောက်ပါ မစိုးရိမ်ရပါဘူး” ဟု ကာမိုင်းဌာနေ ပြည်သူ့စစ်ခေါင်းဆောင် ကိုထူးအောင်က ပြောသည်။
  • အဆိုပါ မိုင်းပေါက်ကွဲမှုကြောင့် ပရိုဘောက်ယာဉ် AD..1628သည် ယာဉ်အနောက်ဖုံးမှန် မိုင်းစထိ မှန်ခဲ့သော်လည်း ကားပေါ်မှ ခရီးသည်များ ထိခိုက်မှုမရှိခဲ့ကြောင်း သိရသည်။
                                                               မီးမီး

Comments

သတင်းခေါင်းစဉ်များ

အင်တာနက်ကို အကျိုးရှိရှိ လုံလုံခြုံခြုံ အသုံးပြုတတ် စေရန် ရည်ရွယ်၍ Telenorမြန်မာဆက်သွယ်ရေးကုမ္ပဏီမှ ပညာပေးဟောပြောပွဲ ပြုလုပ်

မိုးညှင်းပြည်သူ့ဆေးရုံတွင်အချုပ်သားဆေးကုသဆောင်တည်ဆောက်မည့် တွက်ချက်လျာထားချက် မြေပုံတို့ကို မတင်ပြနိုင်သေး

ပြည်နယ်လုံးဆိုင်ရာနှစ်သစ်ကူးပွဲတော်တွင်တကွင်းရှမ်းစာပေနှင့်ယဉ်ကျေးမှုမှကျင်းပပြုလုပ်သောပထမအကြိမ်ကံစမ်းမဲဖွင့်လှစ်

ဗန်းမော်မြို့တွင် စစ်ဘေးတိမ်းရှောင်စခန်းနေ နဝမတန်းကျောင်းသားတစ်ဦး ဓားခုတ်ခံရ၍ သေဆုံး

ဆင်ဘိုမြို့ယောဂီဝတ်အသင်းအဖွဲ့မှဝန်းသိုကျောင်းတိုက် ဆရာတော်ဘုရားကြီး၏ရုပ်ကလပ်ကိန်းဝပ်ရာ နိဗ္ဗာန်စံကျေင်းသို့ ပဌာန်း၊ပရိတ်တော်သံဝေဂတို့အား လာရောက်ရွတ်ဖတ်ပူဇော်

မော်ဟန်ကျေးရွာတွင်မှ ထောင်ကျဖူးသူ အမျိုးသမီးမှ မူးယစ်ဆေးရောင်းချသဖြင့် ပြန်လည်ဖမ်းဆီးမိ

ဗန်းမော်တွင် မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် သစ်ပင်နှင့် တောင်ကမ်းပါးယံမြေပြိုကျ၍ လမ်းပိတ်ဆို့မှု

မော်ဟန်-နမ္မချီကားလမ်းတွင် မူးယစ်ဆေးသယ်ဆောင်သူ(၂)ဦးအားဖမ်းဆီးမိ

Northern Green Bike အဖွဲ့ မြစ်ကြီးနားသို့ရောက်ရှိ