မိုးညှင်း နန့်စီးအောင် စုပေါင်းဂိတ်တွင် လိုင်စင်မဲ့ကားတစ်စီးဖမ်းဆီး

မိုးညှင်း နန့်စီးအောင် စုပေါင်းဂိတ်တွင် လိုင်စင်မဲ့ကားတစ်စီးဖမ်းဆီး

EPN
မိုးညှင်း၊ အောက်တိုဘာ ၁၇
  • မိုးညှင်းမြို့နယ် နယ်စပ်ဂိတ်ဖြစ်သော နန့်စီးအောင်ကျေးရွာရှိ ဌာနဆိုင်ရာများ စုပေါင်းပြီး လုံခြုံရေး စစ်ဆေးနေသည့် စစ်ဆေးရေးဂိတ်တွင် အောက်တိုဘာ(၁၇)ရက်နေ့ မနက်၈နာရီအချိန်က လိုင်စင်မဲ့ ကားတစ်စီးကို ဖမ်းဆီးမိခဲ့ကြောင်း သိရသည်။
  •  “နယ်စပ်စစ်ဆေးရေးဂိတ်မှာ စစ်ဆေးနေတာ သိပါရက်နဲ့ ဖြတ်မောင်းလာတာ တွေ့ရပါတယ် ကချင်ပြည်နယ် ၀န်ကြီးချုပ် မိုးညှင်း ခရီးစဉ်နောက်ပိုင်းမှာလည်း မကြာခဏ ဖမ်းဆီးမိနေပါတယ်” ဟု မိုးညှင်းမြို့မရဲစခန်းမှ ဒုရဲအုပ်ကျော်မင်းထွေးက ပြောသည်။
  • ယာဉ်အမှတ်4C/7809 ဖြစ်ပြီး ဂျပန်နိုင်ငံထုတ်လုပ်သည့် Mitsubishi Pajero မီးခိုးရောင်ကား တစ်စီးသည် မန္တလေးတိုင်း  ပုသိမ်ကြီးမြို့နယ် ကျောက်မီးသွေးကျေးရွာနေ အသက်(၃၁)နှစ်ရှိ ဖြူဇင်ခန့် ဆိုသူက မန္တလေးဘက်မှ ကချင်ပြည်နယ် ဖားကန့်မြို့သို့သွားရန် ယင်း စုပေါင်းစစ်ဆေးရေး ဂိတ်ရှေ့သို့ ဖြတ်သန်းလာစဉ် စစ်ဆေးတွေ့ရှိခဲ့ကြကြောင်း၊ ၎င်းကားနှင့် ပတ်သက်သော တရားဝင်မှတ်ပုံတင်ထားသည့် အထောက်အထား တစ်စုံတရာပြသနိုင်ခြင်း မရှိသည့် အပြင်ယာဉ်လိုင်စင်လည်း မတွေ့ရခြင်းကြောင့် ဖမ်းဆီးရမိခဲ့ခြင်းဖြစ်သည်။
  • အဆိုပါ တရားမ၀င် လိုင်စင်မဲ့ကားအား ကချင်ပြည်နယ်အတွင်း သယ်သူမောင်းနှင်လာသူ ဖြူဇင်ခန့်ကို (ပ)၁၅၅ ပို့ကုန် သွင်းကုန် ဥပဒေပုဒ်မ(၈)ဖြင့် ဖမ်းဆီးအရေးယူထားကြောင်း မိုးညှင်းမြို့မ ရဲစခန်းက သိရသည်။
                                                              သူရ

Comments

သတင်းခေါင်းစဉ်များ

အင်တာနက်ကို အကျိုးရှိရှိ လုံလုံခြုံခြုံ အသုံးပြုတတ် စေရန် ရည်ရွယ်၍ Telenorမြန်မာဆက်သွယ်ရေးကုမ္ပဏီမှ ပညာပေးဟောပြောပွဲ ပြုလုပ်

မိုးညှင်းပြည်သူ့ဆေးရုံတွင်အချုပ်သားဆေးကုသဆောင်တည်ဆောက်မည့် တွက်ချက်လျာထားချက် မြေပုံတို့ကို မတင်ပြနိုင်သေး

ပြည်နယ်လုံးဆိုင်ရာနှစ်သစ်ကူးပွဲတော်တွင်တကွင်းရှမ်းစာပေနှင့်ယဉ်ကျေးမှုမှကျင်းပပြုလုပ်သောပထမအကြိမ်ကံစမ်းမဲဖွင့်လှစ်

ဗန်းမော်မြို့တွင် စစ်ဘေးတိမ်းရှောင်စခန်းနေ နဝမတန်းကျောင်းသားတစ်ဦး ဓားခုတ်ခံရ၍ သေဆုံး

ဆင်ဘိုမြို့ယောဂီဝတ်အသင်းအဖွဲ့မှဝန်းသိုကျောင်းတိုက် ဆရာတော်ဘုရားကြီး၏ရုပ်ကလပ်ကိန်းဝပ်ရာ နိဗ္ဗာန်စံကျေင်းသို့ ပဌာန်း၊ပရိတ်တော်သံဝေဂတို့အား လာရောက်ရွတ်ဖတ်ပူဇော်

မော်ဟန်ကျေးရွာတွင်မှ ထောင်ကျဖူးသူ အမျိုးသမီးမှ မူးယစ်ဆေးရောင်းချသဖြင့် ပြန်လည်ဖမ်းဆီးမိ

ဗန်းမော်တွင် မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် သစ်ပင်နှင့် တောင်ကမ်းပါးယံမြေပြိုကျ၍ လမ်းပိတ်ဆို့မှု

မော်ဟန်-နမ္မချီကားလမ်းတွင် မူးယစ်ဆေးသယ်ဆောင်သူ(၂)ဦးအားဖမ်းဆီးမိ

Northern Green Bike အဖွဲ့ မြစ်ကြီးနားသို့ရောက်ရှိ