မြစ်ဆုံစီမံကိန်း လုပ်ငန်းများကို ရပ်ဆိုင်းထားရသော် လည်း ရွေ့ပြောင်းရွာများကို ကူညီထောက်ပံ့နေမှုကို ဆက်လက်တာဝန်ယူ ထောက်ပံ့ကူညီနေဆဲဟုဆို

မြစ်ဆုံစီမံကိန်း လုပ်ငန်းများကို ရပ်ဆိုင်းထားရသော် လည်း ရွေ့ပြောင်းရွာများကို ကူညီထောက်ပံ့နေမှုကို ဆက်လက်တာဝန်ယူ ထောက်ပံ့ကူညီနေဆဲဟုဆို

EPN
မြစ်ကြီးနား၊ အောက်တိုဘာ ၁၇
  • မြစ်ဆုံစီမံကိန်းနှင့်ပတ်သက်၍သဘောထားအမြင်များစွာ နှင့် ကန့်ကွက်မှုများစွာ ကြုံတွေ့ခဲ့ရပြီး မြစ်ဆုံစီမံကိန်း လုပ်ငန်းများကို ရပ်ဆိုင်းထားရသော် လည်း ရွေ့ပြောင်းရွာများကို ကူညီထောက်ပံ့နေမှုကို ဆက်လက်တာဝန်ယူ ထောက်ပံ့ကူညီနေဆဲ ဖြစ်ဟု ACHC/SPIC ကုမ္ပဏီမှ စီမံကိန်းမန်နေဂျာက ပြောသည်။
  • ACHC/SPIC ကုမ္ပဏီစီမံကိန်းတာဝန်ခံမန်နေဂျာတစ်ဦးမှ ကန့်ကွက်မှုများနှင့် သဘောထားအမြင် များသည် ကောလဟာလများသာဖြစ်၍ စီမံကိန်းများ၏ ကောင်းကျိုး၊သဘောသဘာဝနှင့် အမှန်တကယ် လုပ်ဆောင်နေမှု၊ လုပ်ဆောင်ချက်များကို ကောင်းစွာနားမလည်သည့် အတွက်ကြောင့် ဖြစ်သည် ဟု ဆိုသည်။
  • “ကန့်ကွက်တာတွေ ဆန္ဒပြတာတွေ အများကြီးရှိခဲ့တယ်။ ကောလဟာလတွေလဲ အမျိုးမျိုးကြားခဲ့ ရတာတွေ ရှိတယ်။ တချို့ ပြောနေကြတဲ့ ဒီမြစ်ဆုံကရေကိုကျနော်တို့ တရုတ်ပြည်ကို သယ်သွားတယ် ဆိုတာမျိုးက အဖြစ် မှန်မဟုတ်ပါဘူး။ တကယ်တော့ စီမံကိန်းတွေရဲ့ သဘောသဘာဝကို သေချာမသိ နားမလည်လို့ ပြောတဲ့စကား တွေပါ။ ကျနော်တို့တွေ ဒီစီမံကိန်းအတွက် တရုတ်နဲ့မြန်မာ နှစ်နိုင်ငံစာချုပ် ချုပ်ကတည်းက မြန်မာပြည်သူတွေ စိုးရိမ်နေကြတဲ့ ကိစ္စရပ်တွေဖြစ်တဲ့ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်း ရေး၊ ငလျင်နဲ့ရေကြီးရေလျှံမှု စတဲ့ဘေး အန္တရာယ်အမျိုးမျိုးတွေ အားလုံးကိုဘယ်လိုကာကွယ်ရမယ်၊ ဘယ်လိုလုပ်ဆောင်ရမယ် ဆိုတာတွေကိုအတိ အကျ ထည့်ချုပ်ထားခဲ့တာပါ။” ဟု ACHC/SPIC ကုမ္ပဏီ၏ စီမံကိန်းမန်နေဂျာတစ်ဦးဖြစ်သူ Mr.Gao Bin ကပြောသည်။
  • မြစ်ဆုံစီမံကိန်းနှင့် ပတ်သက်၍ လူထုအကြားပျံ့နှံ့လျှက်ရှိသော ကောလဟာလများနှင့် သတင်း အချက်အ လက် အမှန်တို့ကို ခွဲခြားသိရှိစေရန်နှင့် စီမံကိန်း၏ ရည်ရွယ်ချက်၊ လုပ်ဆောင်ချက်များကို ပိုမိုသိရှိ နားလည်လာ စေရန် ရည်ရွယ်ကာလေ့လာလိုသူ ပြည်သူများကို ယခင်ကလည်း တရုတ်နိုင်ငံ ပီကင်းမြို့ အထိ လေ့လာရေး အဖွဲ့များကို ခေါ်ဆောင်လေ့လာစေခဲ့ပြီး၊ ယခုလည်းစီမံကိန်းနှင့် ပတ်သက်၍ သိလိုသည်များ ရှိပါက မေးမြန်း နိုင်ပြီးကုမ္ပဏီရုံးနှင့် စီမံကိန်းအတွင်းသို့ လာရောက်လေ့လာကြရန် ဖိတ်ခေါ်ကြောင်း ၄င်းက ဆက်လက် ပြောကြားသည်။
  • ၄င်းတို့ကုမ္ပဏီအနေနှင့် တရုတ်နိုင်ငံတွင်လည်း အလားတူစီမံကိန်းကြီးမျိုးကို အကောင်အထည် ဖော်ဆောင် ရွက်ခဲ့စဉ်ကလည်း ယခုမြန်မာပြည်သူများကဲ့သို့ အလားတူကန့်ကွက်မှုများ ကြုံတွေ့ခဲ့ရဖူးပြီး ပြည်သူလူထုကို ကောင်းစွာနားလည် သဘောပေါက်လာစေရန် ရှင်းလင်းပြောကြားခဲ့ကာ အချိန်ယူ ညှိနှိုင်း၍ စီမံကိန်းများဆောင် ရွက်ခြင်းမှ ရရှိလာမည့် အကျိုးကျေးဇူးများကို သိရှိနားလည်သွားသည့်အခါ၌ သဘောတူထောက်ခံခဲ့ကြသည် ဟု ဆိုသည်။
  • “မြစ်ဆုံနဲ့ပတ်သက်လို့ပြောရရင် လုပ်ဖို့၊ မလုပ်ဖို့ဆိုတာ ပြည်သူတွေကဆုံးဖြတ်လို့ရတဲ့ကိစ္စ မဟုတ်ပါဘူး။ အစိုးရနှစ်ခုက ဆွေးနွေးတိုင်ပင်ပြီးဆုံးဖြတ်ရမှာပါ။ ပြည်သူတွေကတော့ မလုပ်စေချင်ဘူး။ ဒါပေမဲ့ အစိုးရက လုပ်သင့်တယ်ထင်လို့ ဆက်လုပ်ခိုင်းလိုက်ရင်လဲဘာတတ်နိုင်မှာလဲ၊ လုပ်ကြပေါ့။ တစ်ခုတော့ရှိတယ်။ လက်ရှိ အစိုးရမှမဟုတ်ဘူး၊ ဘယ်အစိုးရပဲတက်တက် ဒီမြစ်ဆုံစီမံကိန်းကို လုပ်ခိုင်းမယ် ဆိုရင် ဘာကြောင့် လုပ်ခိုင်း သင့်တယ်။ ပြည်သူတွေအတွက် ဘာကောင်းကျိုးတွေရှိတယ်၊ ဘာကောင်းကျိုး တွေ ရမယ်ဆိုတဲ့ အချက်အ လက်တွေကို ပွင့်လင်းမြင်သာဖြစ်အောင် ချပြသင့်တယ်။ နောက်တခုက ပြည်သူတွေရဲ့ သဘောထားတွေကို စစ်တမ်းကောက်တာတို့ ဆန္ဒခံယူတာတို့လုပ်ပြီးမှ အဲ့ဒီကရလဒ်တွေ အပေါ် အခြေခံပြီးဆုံးဖြတ် သင့်တယ် လို့မြင်တယ်။” ဟု ဒေသခံတစ်ဦးဖြစ်သူ ဦးခါးလီက ပြောသည်။
  • အဆိုပါ စီမံကိန်းကြောင့် အနီးဝန်းကျင်၌ နေထိုင်သူများကို ရေနှင့်မီးအပါတပ်ဆင်ထားပြီး အိမ်ယာ များ ဆောက်လုပ်ကာ ရွေ့ပြောင်းပေးခဲ့သည် ဟု ဆိုသည်။
  • ရွေ့ပြောင်းရွာများအဖြစ် မြစ်ကြီးနားမြို့နယ် ဖက်ခြမ်း၌ အောင်မြင်သာစံပြကျေးရွာနှင့် ဝိုင်းမော် မြို့နယ်ဖက်ခြမ်း ၌ မလိယန်ကျေးရွာစသည့်(၂)ရွာကို စတင်ပြောင်းရွေ့ နေထိုင်စဉ်မှ ယခုထိတိုင်(၇)နှစ် အတွင်း၌ ဆန်၊ ရေ၊ မီးစသည်တို့ကို စဉ်ဆက်မပြတ်ထောက်ပံ့ပေးခဲ့ကြောင်း သိရသည်။
  • (၇)နှစ်တာကာလအတွင်း ရွာ(၂)ရွာအတွက် ဆန်ထောက်ပံ့မှုတွင်ကုန်ကျငွေ ကျပ်သိန်း(၉၀၀၀) ကျော်ရှိပြီ ဖြစ်ကာ နေထိုင်ရန်အတွက် ဆောက်လုပ်ပေးထားသော အိမ်ယာများနှင့် ဈေး၊ စာသင်ကျောင်း၊ ဘုရားကျောင်း၊ ဘုန်းကြီးကျောင်း၊ ကုတင် (၁၆)ဆံ့ဆေးရုံတို့အပြင် နေအိမ်များရှိအိမ်သာများပျက်စီးမှုကို ပြုပြင်ပေးခဲ့ သောအ ထွေထွေပြုပြင် စရိတ်ကုန်ကျငွေမှာကျပ်သိန်း(၄၀၀၀)ကျော် ရှိပြီဟုဆိုသည်။
  • ယခုအခါ မြစ်ဆုံဒေသ ရွေ့ပြောင်းရွာများဖြစ်ကြသည့် အောင်မြင်သာကျေးရွာနှင့် မလိယန်ကျေးရွာ ရွာနှစ်ရွာ ပေါင်းကာ ကျင်းပပြုလုပ်သော မိုးရာသီ ချစ်ကြည်ရေး ဘောလုံးပြိုင်ပွဲကို ACHC/SPIC ကုမ္ပဏီက ဘောလုံး ကစား သမားများ၏ ဝတ်စုံ၊ ဘောကန်ဖိနပ်၊ ဆုတံဆိပ်၊ ဖလား အစရှိသည်များ အားလုံးကို အပြည့်အဝ တာဝန် ယူ ပံ့ပိုးပေးခဲ့ပြီး ငွေကြေးအနေနှင့် သိန်း(၅၅)သိန်းခန့် အကုန်ကျခံ ကျင်းပ ပေးနေခြင်းဖြစ်သည် ဟု ဆိုသည်။
  • ၄င်းအပြင် ကုမ္ပဏီမှ ဧရာဝတီမြစ်ရေတိုင်းတာရေးအတွက် မြစ်ရေတိုင်းစက် တပ်ဆင်ထားသော စက်ရုံတစ်ရုံ ကိုလည်း ဆောက်လုပ်လှူဒါန်းကာ အချိန်နှင့်တပြေးညီ ဧရာဝတီမြစ်ရေအတက်အကျနှင့် ဖြစ်ပေါ်လာနိုင်သည့် ဘေးအန္တရာယ် ကာကွယ်ရေးကို စောင့်ကြည့်ကူညီလျှက် ရှိကြောင်း သိရသည်။
  • မြစ်ဆုံစီမံကိန်းကို (၂၀၁၀) ခုနှစ်မှ စတင်ရပ်ဆိုင်းထားခဲ့ရပြီး ယခုအချိန်တွင် (၇)နှစ်ခန့်ရှိလာပြီ ဖြစ်ကာ စီမံကိန်းဆက်လက် အကောင် အထည်ဖော် ဆောင်ရွက်နိုင်ရန်အတွက် စောင့်ဆိုင်းနေရဆဲဖြစ်ပြီး ဆက်လက် အကောင်အထည်ဖော် ဆောင်ရွက်ခွင့်ရ မရကို ယခုထိတိတိကျကျ မသိရှိရသေးကြောင်း ၄င်းစီမံကိန်းကို တာဝန်ယူတည်ဆောက် ခွင့်ရရှိထားသော ACHC/SPIC မြစ်ဆုံမြစ်ညှာမြစ်ဝှမ်းဒေသ လျှပ်စစ်စွမ်းအင် ထုတ်လုပ်ရေးကုမ္ပဏီထံမှ သိရသည်။
                                                              ဘရန်ဆိုင်း


Comments

သတင်းခေါင်းစဉ်များ

အင်တာနက်ကို အကျိုးရှိရှိ လုံလုံခြုံခြုံ အသုံးပြုတတ် စေရန် ရည်ရွယ်၍ Telenorမြန်မာဆက်သွယ်ရေးကုမ္ပဏီမှ ပညာပေးဟောပြောပွဲ ပြုလုပ်

မိုးညှင်းပြည်သူ့ဆေးရုံတွင်အချုပ်သားဆေးကုသဆောင်တည်ဆောက်မည့် တွက်ချက်လျာထားချက် မြေပုံတို့ကို မတင်ပြနိုင်သေး

ပြည်နယ်လုံးဆိုင်ရာနှစ်သစ်ကူးပွဲတော်တွင်တကွင်းရှမ်းစာပေနှင့်ယဉ်ကျေးမှုမှကျင်းပပြုလုပ်သောပထမအကြိမ်ကံစမ်းမဲဖွင့်လှစ်

ဗန်းမော်မြို့တွင် စစ်ဘေးတိမ်းရှောင်စခန်းနေ နဝမတန်းကျောင်းသားတစ်ဦး ဓားခုတ်ခံရ၍ သေဆုံး

ဆင်ဘိုမြို့ယောဂီဝတ်အသင်းအဖွဲ့မှဝန်းသိုကျောင်းတိုက် ဆရာတော်ဘုရားကြီး၏ရုပ်ကလပ်ကိန်းဝပ်ရာ နိဗ္ဗာန်စံကျေင်းသို့ ပဌာန်း၊ပရိတ်တော်သံဝေဂတို့အား လာရောက်ရွတ်ဖတ်ပူဇော်

မော်ဟန်ကျေးရွာတွင်မှ ထောင်ကျဖူးသူ အမျိုးသမီးမှ မူးယစ်ဆေးရောင်းချသဖြင့် ပြန်လည်ဖမ်းဆီးမိ

ဗန်းမော်တွင် မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် သစ်ပင်နှင့် တောင်ကမ်းပါးယံမြေပြိုကျ၍ လမ်းပိတ်ဆို့မှု

မော်ဟန်-နမ္မချီကားလမ်းတွင် မူးယစ်ဆေးသယ်ဆောင်သူ(၂)ဦးအားဖမ်းဆီးမိ

Northern Green Bike အဖွဲ့ မြစ်ကြီးနားသို့ရောက်ရှိ