မြစ်ကြီးနားမြို့နေလူထု One Way စနစ်လိုက်နာမှု အားနည်းနေဆဲဟု သိရ

မြစ်ကြီးနားမြို့နေလူထု One Way စနစ်လိုက်နာမှု အားနည်းနေဆဲဟု သိရ

EPN
မြစ်ကြီးနား၊ စက်တင်ဘာ ၂၇
  • မြစ်ကြီးနားမြို့ ရေစင်ကွင်းဈေးလမ်းနှင့် ဧရာဝတီဘဏ်ရှေ့လမ်းတို့ကို ပြည်နယ်အစိုးရမှ (One Way) တစ်လမ်းမောင်းအဖြစ် ၂၀၁၆ခုနှစ်မှ စတင်၍ သတ်မှတ်ကြေငြာခဲ့ပြီး အသုံးပြုလာခဲ့သည်မှာ တစ်နှစ်ကျော်ခန့်ရှိလာပြီဖြစ်သော်လည်း မြို့နေလူထုအနေနှင့် နေ့အချိန်တွင် စည်းကမ်းလိုက်နာမှု ရှိသော် လည်း ညနေ(၄)နာရီ နောက်ပိုင်းအချိန်များတွင် လိုက်နာမှုအားနည်းနေသေးကြောင်း သိရသည်။
  • "တကယ်တော့ One Way ဆိုတာ နေ့ရောညပါ လိုက်နာရမဲ့ ဥပဒေပါ။ နေ့ဥပဒေ ညဥပဒေ ဆိုတာ မရှိပါဘူး။ နေ့နေ့ညညအတူတူပါပဲ။ ဒါပေမဲ့ လူထုက နေ့ဆိုရင်တော့ လိုက်နာပေမဲ့ ညနေကနေစပြီး မောင်း ချင်သလိုမောင်း သွားချင်သလိုသွားနေတာတွေ့နေရတယ်။" ဟု ယာဉ်ထိန်းရဲ တပ်ကြပ်ကြီး ကျော်ကျော် ထွေး ကပြောသည်။
  • အဆိုပါ လမ်းနှစ်လမ်းသည် လူသွားလူလာ အင်မတန်များပြားပြီး၊ မြစ်ကြီးနားမြို့၏ လူဦးရေ အထူ ထပ်ဆုံးနှင့် လမ်းအသုံးပြုသူ အများဆုံးလမ်းများထဲ၌ တစ်ခုအပါအဝင်ဖြစ်သည့်အတွက် ပြည်နယ်အစိုးရမှ ၂၀၁၆ခုနှစ်အတွင်းက တစ်လမ်းမောင်း(One Way) အဖြစ် သက်ဆိုင်ရာ ပညာရှင်များ၏ အကူအညီဖြင့် အကြံဥာဏ်များရယူကာ ညှိနှိုင်းဆောင်ရွက်ခဲ့ခြင်း ဖြစ်သည်။
  • "မနှစ်က ကျနော်တို့ ယာဉ်ထိန်းရဲတွေ မိုးထဲရေထဲမှာ ဒီလမ်းကဒီလိုမသွားရဘူး။ ဒီလိုသွားရမယ်။ အခုတော့ မဖမ်းသေးဘူး။ နောက်ဆိုရင်ဖမ်းမယ်၊ အရေးယူမယ်ဆိုပြီး ပညာပေးကာလအနေနဲ့ (၃)လတိတိ လုပ်ခဲ့ကြတယ်။ ရပ်ကွက်ထဲမှာလဲ အုပ်ချုပ်ရေးမှူးရုံးမှာ စာကပ်တယ်။ အသံချဲ့စက်နဲ့ လိုက်အော်ပြီး ကြေငြာတယ်။ လက်ကမ်းစာစောင်တွေ ဝေတယ်။ ကျနော်တို့ ပြီးတော့ စည်ပင်က (၃)လဆက်ပြီး ပညာ ပေးလုပ်ငန်း ဆက်လုပ်တယ်။ စည်ပင်ကလုပ်တဲ့ ပညာပေးကာလ (၃)လပြီးမှ ဖမ်းဆီးအရေးယူတာပါ။ လူတွေက One Way ရဲ့ သဘောတရားကိုသိပါတယ်။ ဒါကြောင့် နေ့ဆိုစည်းကမ်းလိုက်နာပြီး ညနေမှ မောင်းချင်သလိုမောင်း၊ သွားချင်သလိုသွား နေကြတာပါ။" ဟု ယာဉ်ထိန်းရဲ တပ်ကြပ်ကြီး ကျော်ကျော် ထွေး ကဆက်လက်ပြောကြားသည်။
  • ၎င်းလမ်းများကို တစ်လမ်းမောင်းစနစ်လုပ်လိုက်သည့် အတွက် ဈေးပတ်ဝန်းကျင်၌ သွားလာရပိုမို အဆင်ပြေလွယ်ကူ ချောမွေ့လာသည် ဟု မြို့နေပြည်သူများကဆိုသည်။
  • "ဒီလမ်းတွေက One Way လုပ်သင့်ပါတယ်။ မဟုတ်ရင် လူသွားလူလာ အရမ်းကျပ်တည်းလို့ အဆင်မပြေဘူး။ အခုတော့ One Way ဖြစ်သွားလို့ သွားလာရ အရမ်းအဆင်ပြေသွားပြီ။ ဒါပေမဲ့ ညနေဆို One Way စနစ်ပျောက်သွားတာတော့ရှိတယ်။ ဒါလဲ အစိုးရကသိပါတယ်။ ဒီအတိုင်းလဲ ကြည့်မနေဘူးလို့ ထင်ပါတယ်။ တစ်ချိန်ချိန်မှာတော့ အရေးယူမှုတွေ လုပ်လာပါလိမ့်မယ်။ စည်းကမ်းဖောက်ဖျက်တဲ့သူ အရမ်း များလာရင်တော့ အစိုးရက ဒီကိစ္စကို ကိုင်တွယ်ဖြေရှင်းပါလိမ့်မယ်။ သိပ်မဆိုးသေးလို့ ကြည့်နေတဲ့ သဘော ပဲ ဖြစ်မှာပါ။" ဟု မြစ်ကြီးနားမြို့မှ ပြည်သူတစ်ဦးဖြစ်သူ ဦးလအောင် ကပြောသည်။
  • အဆိုပါ One Way စနစ်ကို ကချင်ပြည်နယ်အစိုးရမှ (၂၀၁၆)ခုနှစ်၌ စတင်ကာ ယာဉ်ထိန်းရဲများမှ ပညာပေးကာလ (၃)လပြုလုပ်ကာ သွားလာရမည့်လမ်းနှင့် စနစ်၏သဘောတရားများကို အသိပညာပေး သင်ကြားပြသပေးခဲ့ပြီး၊ စည်ပင်သာယာရေးအဖွဲ့မှ ထပ်မံ၍ ပညာပေးကာလ (၃)လ ထပ်စောင့်ကာ အသိ ပညာများ ဖြန့်ဝေပေးခဲ့ပြီးနောက်တွင်မှ ဖမ်းဆီးအရေးယူမှုများပြုလုပ်ခဲ့ကြောင်း သိရသည်။
  • သို့သော် ၎င်းOne Way ၌ နေ့အချိန်၌ စည်းကမ်းလိုက်နာကြသော်လည်း ညနေ(၄)နာရီ အချိန်မှ စ၍ စည်းကမ်းလိုက်နာမှု အားနည်းနေကြောင်း တွေ့ရသည်။ ညနေအချိန်နှင့်ညအချိန်များ၌ အဆိုပါ စည်းကမ်းချိုးဖောက်သူများနှင့် ယာဉ်မတော်တဆမှုများဖြစ်ပွားပါက မိမိမှ လမ်းမှန်ဖြစ်လျှင် စက်ဘီး၊ ဆိုက္ကား၊ ဆိုင်ကယ်၊ သုံးဘီး၊ ကား မည်သည့်ယာဉ်အမျိုးအစားကိုမဆို တားဆီးထားကာ ယာဉ်ထိန်းရုံးနှင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့များသို့ ဆက်သွယ်အကြောင်းကြား သတင်းပို့ကြရန်နှင့် စည်းကမ်းဖောက်ဖျက်သူများကို ထိထိရောက်ရောက် အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း ယာဉ်ထိန်းရုံးမှ EPN သတင်းဌာနသို့ ပြောသည်။
                                                          ဘရန်ဆိုင်း



Comments

သတင်းခေါင်းစဉ်များ

မြစ်ကြီးနားမြို့ရှိ KBZဘဏ်လုယက်မှုတွင် မသင်္ကာသူ အမျိုးသား (၃)ဦးအား စစ်ဆေးနေ

မိုးကောင်းမြို့နယ်တွင်သက်တမ်းလွန်အစားအသောက်နှင့်ဆေးဝါးများ ရောင်းချမှုရှိမရှိ FDA မှစစ်ဆေး

ရခိုင်ပြည်နယ်တွင် နေထိုင်၍ သေဆုံးသွားကြသော ဟိန္ဒူဘာသာဝင်များနှင့် အခြားတိုင်းရင်းသားများအတွက်ဆုတောင်းပွဲပြုလုပ်

မြစ်ကြီးနား -ပူတာအို လမ်းပိုင်းပြတ်တောက်မှုကြောင့် မြစ်ကြီးနားမြို့တွင် ဂရိတ်ဖရုသီး ဈေးနှုန်းမြှင့်တက်

ကျောက်စိမ်းမြို့တော်တံခါးဝ မိုးကောင်း သီတင်းကျွတ်

ခွေးရူးပြန်ရောဂါ (Rabies)ကာကွယ်ဆေးအခမဲ့ထိုးပေး

မိုးကောင်းရှိ ပြည်လုံးချမ်းသာရွှေသာလျောင်းမြတ်စွာဘုရားဗုဒ္ဓပူဇနိယပွဲတော်ဖွင့်ပွဲကျင်းပပြုလုပ်

မိုးညှင်းပြည်သူ့ဆေးရုံတွင်အချုပ်သားဆေးကုသဆောင်တည်ဆောက်မည့် တွက်ချက်လျာထားချက် မြေပုံတို့ကို မတင်ပြနိုင်သေး

ဆုတောင်းပြည့်စေတီတော်စိန်ဖူးတော်တင်လှူပွဲနှင့် ရွှေသင်္ကန်းကပ်လှူပွဲကျင်းပမည်