ရခိုင်ပြည်နယ်တွင် ဖြစ်ပွားနေသည့် အကြမ်းဖက်မှု ကန့်ကွက်ကြောင်း မြစ်ကြီးနား၌ လူအင်အား ၂၅၀၀ခန့် ဆန္ဒဖေါ်ထုတ်
ရခိုင်ပြည်နယ်တွင် ဖြစ်ပွားနေသည့် အကြမ်းဖက်မှု ကန့်ကွက်ကြောင်း မြစ်ကြီးနား၌ လူအင်အား ၂၅၀၀ခန့် ဆန္ဒဖေါ်ထုတ်
EPN
မြစ်ကြီးနား၊ စက်တင်ဘာ ၃၀
- ရခိုင်ပြည်နယ်တွင် ဖြစ်ပွားနေသည့်အကြမ်းဖက်မှု ကန့် ကွက်ကြောင်းနှင့် ရခိုင်အရေးကို ပြည်ပက ဝင်ရောက်စွက်ဖက်မှုကို အလိုမရှိကြောင်း မြစ်ကြီးနား၌ လူအင်အား ၂၅၀၀ခန့်က စက်တင်ဘာလ ၃၀ရက်နံနက်ပိုင်းက ဆန္ဒဖေါ်ထုတ်ခဲ့ ကြောင်း သိရသည်။
- အဆိုပါ ဆန္ဒဖေါ်ထုတ်ပွဲကို မြစ်ကြီးနားမြို့ရှိ ဒေသခံတိုင်းရင်းသား ပေါင်းစုံပါဝင်ပြီး ရခိုင်ပြည်နယ်အတွင်း အစွန်းရောက်ဘင်္ဂါလီ အကြမ်းဖက်မှုကို အလိုမရှိကြောင်း အဓိက ဆန္ဒထုတ်ဖေါ်ရခြင်း ဖြစ်ကြောင်း ယင်းဆန္ဒပြပွဲဖြစ်မြောက်ရေး ကော်မတီမှ ဦးတင်ဝင်းလှိုင်က ပြောသည်။
- "အဓိကတော့ ရခိုင်ပြည်နယ်က အကြမ်းဖက်တာကို လုံးဝဆန့်ကျင်တယ်။ ပြီးတော့ ပြည်တွင်း အရေးကို ပြည်ပမှ စွက်ဖက်တာကို အလိုမရှိဘူး" ဟု ၎င်းက ပြောသည်။
- မြစ်ကြီးနားမြို့နေ ကချင်၊ ရှမ်း၊ ရခိုင် ၊ လီဆူ ၊ ဟိန္ဒူ နှင့် ဗမာ စသည့် တိုင်းရင်းသားမျိုးနွယ်စု များ မှ ဆန္ဒဖော်ထုတ်ခဲ့ကြခြင်းဖြစ်သည်။
- “လူသားအချင်းချင်း ကိုယ်ချင်းစာတရား ပျက်သုန်းပြီး စိတ္တဇလူသတ်သမား တွေရဲ့ လုပ်ရပ်လို ဖြစ်နေလို့ ရှုတ်ချပါတယ်” ဟု ပွဲဖြစ်မြောက်ရေးကော်မတီဝင် ရှမ်းမျိုးနွယ်စုမှ ဦးစိုင်းစန်းဝေကပြောသည်။
- အဆိုပါ ဆန္ဒထုတ်ဖေါ်ပွဲကို ကြွေးကြော်သံ ဆိုင်းဘုတ်စာသား ၁၀ခု ကိုင်ဆောင်၍ မြစ်ကြီးနား ရမ်ပူ ရပ်ကွက် ခေမာသီဝံ ကျောင်းတိုက်အတွင်းရှိ အနန္တသုခ ရွှေတိဂုံပုံတူ စေတီတော်မှ နံနက်၈နာရီခန့်တွင် စတင်ပြီး မြစ်ကြီးနားမြို့တွင်းသို့ လမ်းလျှောက် ဆန္ဒဖော်ထုတ်ခဲ့ကြခြင်းဖြစ်သည်။
- အကြမ်းဖက် တိုက်ခိုက်မှုများနှင့် အစွန်းရောက် ဘင်္ဂါလီ အကြမ်းဖက်သမားများ ရှုတ်ချပွဲကို စက်တင်ဘာလ ၂၆ ရက်က အခြားမြို့နယ်များတွင်လည်း ပြုလုပ်ခဲ့ကြောင်း သိရသည်။
- ရခိုင်ပြည်နယ်အတွင်း ပြီးခဲ့သည့် သြဂုတ်လ ၂၅ရက်နေ့မှ စတင်၍ ARSA အကြမ်းဖက်သမား များက ဝင်ရောက်တိုက်ခိုက်အကြမ်းဖက်မှုကြောင့် လုံခြုံရေး ရဲကင်း ၃၀ ကျော်အပါဝင် ကျေးရွာနေအိမ်များ ပျက်ဆီး၍ လူအများအပြား သေဆုံးခဲ့ရသည်။

















Comments
Post a Comment