ဆင်ဘိုမြို့ယောဂီဝတ်အသင်းအဖွဲ့မှဝန်းသိုကျောင်းတိုက် ဆရာတော်ဘုရားကြီး၏ရုပ်ကလပ်ကိန်းဝပ်ရာ နိဗ္ဗာန်စံကျေင်းသို့ ပဌာန်း၊ပရိတ်တော်သံဝေဂတို့အား လာရောက်ရွတ်ဖတ်ပူဇော်
ဆင်ဘိုမြို့ယောဂီဝတ်အသင်းအဖွဲ့မှဝန်းသိုကျောင်းတိုက် ဆရာတော်ဘုရားကြီး၏ရုပ်ကလပ်ကိန်းဝပ်ရာ နိဗ္ဗာန်စံကျေင်းသို့ ပဌာန်း၊ပရိတ်တော်သံဝေဂတို့အား လာရောက်ရွတ်ဖတ်ပူဇော်
EPN
မြစ်ကြီးနား စက်တင်ဘာ ၉
- ကချင်ပြည်နယ် မြစ်ကြီးနားမြို့နယ် ဆင်ဘိုမြို့ယောဂီဝတ်အသင်းအဖွဲ့မှ ဝန်းသိုကျောင်းတိုက် ဆရာတော်ဘုရားကြီး၏ ရုပ်ကလပ်ကိန်းဝပ်ရာ နိဗ္ဗာန်စံကျေင်းသို့ စက်တင်ဘာ(၈)ရက် ည(၉)နာရီခန့်တွင် ပဌာန်း၊ ပရိတ်တော် သံဝေဂတို့အား လာရောက်ရွတ်ဖတ်ပူဇော်ခဲ့ကြကြောင်းသိရသည်။
- မြစ်ကြီးနားမြို့ ဓမ္မရက္ခိတ ဝန်းသိုကျောင်းတိုက်၏ အဓိပတိမဟာနာယက ဖြစ်တော်မူသော ဘဒ္ဒန္တ သီလဝံသ မဟာထေရ်မြတ်ကြီး၏ ရုပ်ကလပ်ထားရှိရာ နိဗ္ဗာန်စံကျောင်းသို့ ည(၉)နာရီခန့်တွင် ဆရာတော် ဘုရား၏ ဇာတိမွေးရပ်မြေဖြစ်သော မြစ်ကြီးနားမြို့နယ် ဆင်ဘိုမြို့ယောဂီဝတ်အသင်းမှ အင်အား(၅၀)ခန့် သည် ပဌာန်း၊ ပရိတ်တော်၊ သံဝေဂတို့အား လာရောက်ရွတ်ဖတ် ပူဇော်ခဲ့ခြင်းဖြစ်သည်။
- ထို့ပြင် ယောဂီဝတ်အသင်းအဖွဲ့မှ တပည့်ဒါယိကာ ၊ဒါယိကာမများက မဟာဂန္ထဝါစကပဏ္ဍိတ သဒ္ဓမ္မ ဇောတိကဓဇ ပြည်နယ်သံဃာ့နာယကအဖွဲ့ အကျိုးတော်ဆောင်မြစ်ကြီးနားမြို့ ဓမ္မရက္ခိတဝန်းသို ကျောင်း တိုက်အုပ်ဆရာတော် ဘဒ္ဒန္တ ကေတုမာ လာထံမှ အာရုံဆွမ်းဆက်ကပ်၍ ငါးပါးသီလခံယူ ဆောက် တည်ခဲ့ကြပြီး ဘဒ္ဒန္တသီလဝံသမဟာထေရ်မြတ်ကြီး၏ ရုပ်ကလပ်ထားရှိရာ နိဗ္ဗာန်စံကျောင်း၌ ဆရာတော် ဘုရားကြီး၏ သီလဂုဏ်၊ သမာဓိဂုဏ်၊ ပညာဂုဏ်တို့ကို ရည်မှန်း၍ ဆရာတော်ဘုရားကြီးမြင့်မြတ်သော ဘုံ ဘဝမှ သာဓုအနုမောတနာ ခေါ်ဆိုနိုင်ပါရန် ယနေ့ နံနက်(၈)နာရီတွင် ပဌာန်း၊ ပရိတ်တော်၊ သံဝေဂတို့အား ရွတ်ဖတ် ပူဇော်ခဲ့သည်။
- “ဝတ်ရွတ်အဖွဲ့ကို ဦးဆောင်သော ဦးစိုးညွန့်က "ကျွန်တော်တို့ ဆင်ဘိုမြို့ဟာ ဆရာတော်ဘုရား၏ ဇာတမြို့ဖြစ်တယ် ဒါကြောင့်ဆင်ဘိုယောဂီဝတ်အသင်းအနေဖြင့် အများဝတ်အသင်းများနည်းတူ ဆရာ တော်ဘုရားကြီး၏ သီလဂုဏ်၊ သမာဓိဂုဏ်၊ ပညာဂုဏ်တို့ကိုရည်မှန်း၍ ဆရာတော်ဘုရားကြီးမြင့်မြတ်သော ဘုံဘဝမှ သာဓုအနုမောတနာ ခေါ်ဆိုနိုင်ရန် တပည့်ဒါယိကာ/မများစုပေါင်းလာရောက် ရွတ်ဖတ်ပူဇော်တာ ပါ" ဟုပြောသည်။
- အဆိုပါ ဆင်ဘိုမြို့ ယောဂီဝတ်အသင်းအဖွဲ့သည် မြစ်ကြီးနားမြို့ ဓမ္မရက္ခိတ ဝန်းသိုကျောင်းတိုက် သို့ အမြန်ယာဉ်ဖြင့် စက်တင်တာလ ၈ရက်နေ့ ညနေ (၄)နာရီခန့်တွင် ရောက်ရှိလာပြီး ဆရာတော် ဘုရားကြီး၏ သီလဂုဏ်၊ သမာဓိဂုဏ်၊ ပညာဂုဏ်တို့ကိုရည်မှန်း၍ ဆရာတော်ဘုရားကြီးမြင့်မြတ်သော ဘုံဘဝမှ သာဓုအနုမောတနာ ခေါ်ဆိုနိုင်ရန် ပဌာန်း၊ ပရိတ်တော်၊ သံဝေဂတို့အား လာရောက်ရွတ်ဖတ် ပူဇော်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။













Comments
Post a Comment