ဗန်းမော်တွင် မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် သစ်ပင်နှင့် တောင်ကမ်းပါးယံမြေပြိုကျ၍ လမ်းပိတ်ဆို့မှု

ဗန်းမော်တွင် မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် သစ်ပင်နှင့် တောင်ကမ်းပါးယံမြေပြိုကျ၍ လမ်းပိတ်ဆို့မှု

EPN
ဗန်းမော်၊ စက်တင်ဘာ ၉
  • ကချင်ပြည်နယ်၊ ဗန်းမော်မြို့နယ် ရွှေကူမြို့နယ်တွင် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် သစ်ပင် ပြိုလဲကျခြင်း၊ တောင်ကမ်းပါးယံမြေပြိုကျခဲ့ခြင်းများ ဖြစ်ပေါ်ခဲ့၍  ဗန်းမော် -ရွှေကူ -မန္တလေးလမ်းပိတ်ဆို့မှု ဖြစ်ပွားခဲ့ကြောင်းသိရသည်။
  • ဖြစ်စဉ်မှာ စက်တင်ဘာ ၈ ရက် နံနက် ၂ နာရီခွဲခန့်မှ ၉ နာရီခွဲအချိန်ထိ မိုးကြီးသည်းထန်စွာ ရွာသွန်းခဲ့ခြင်းကြောင့် ဗန်းမော်-ရွှေကူ-မန္တလေးမဟာဗျူဟာလမ်း၊ ဗန်းမော်မြို့နယ် စင်းခန်းသစ်ဆိပ်အနီး၊ မိုင်တိုင်အမှတ်(၁၅၆/၀) ခန့်မှန်းမြေပုံအညွှန်း (KG-955715)နေရာ၌ တောင်ကမ်းပါးယံပေါ်ရှိ လုံးပတ် ၁၂ပေခန့်ရှိ ဘိုင်ပင်လဲပြိုကျခဲ့ကာ လမ်းပိတ်ဆို့မှုဖြစ်ပွားခဲ့ပြီး မန္တလေး-ဗန်းမော်ခရီးသည် တင်မှန်လုံယာဉ်ကြီးနှင့် ယာဉ်ငယ်များ ခေတ္တရပ်နားခဲ့ကြရသည်။
  • အဆိုပါ လဲကျသောသစ်ပင်အား လမ်းဦးစီးဌာနမှ ရှင်းလင်းဆောင်ရွက်ခဲ့ရာ နံနက် ၁၀ နာရီခွဲခန့် တွင် လမ်းကြောင်းပွင့်သွားခဲ့ပြီး မော်တော်ယာဉ်များ ပုံမှန်သွားလာခဲ့ကြသည်။
  • ထို့နောက် နံနက် ၁၀ နာရီ ၄၀ မိနစ်တွင် ရွှေကူမြို့နယ်၊ ဗန်းမော်-မန္တလေးမဟာဗျူဟာလမ်း၊ ဥဒေါင်းတောင်အနီး၊ မိုင်တိုင်အမှတ်(၁၅၅/၀) ခန့်မှန်းမြေပုံအညွှန်း(KG-942716)နေရာ၌ လမ်းဘေး အမြင့်(၆၀)ပေခန့်ရှိ တောင်ကမ်းပါးယံပေါ်မှ ရေနှင့်အတူမြေသားများ လိမ့်ပြိုဆင်းခဲ့ပြီး မဟာဗျူဟာလမ်းပေါ်သို့  ဖုံးလွမ်းခဲ့သဖြင့် လမ်းပိတ်ဆို့မှု ထပ်မံ၍ဖြစ်ပေါ်ခဲ့သည်။
  • "အခုက ဘက်ဟိုးယာဉ်နှစ်စီးနဲ့ ရှင်းလင်းရေးဆောင်ရွက်နေပါတယ်၊ နောက်ထပ် ဘိုလိုဆာတစ်စီး ဘက်ဟိုးတစ်စီး ဂရေဒါတစ်စီးရောက်လာပြီး အများပြည်သူသွားလာနိုင်ရေး  ရှင်းလင်းရေးဆောင်ရွက်ပါ မယ်" ဟု ရွှေကူမြို့နယ်လမ်းဦးစီးဌာနမှ ဦးစီးအရာရှိဦးသိန်းညွန့်က စက်တင်ဘာ ၈ ရက်နေ့  မွန်းလွဲ ၁ နာရီ က ပြောသည်။
  • အဆိုပါနေရာသို့ စင်းခန်းတံတားလုံခြုံရေးတာဝန်ကျ ဗိုလ်မှူးအောင်ကိုမင်းနှင့်အဖွဲ့၊ အမှတ်(၆၀၂)ခြေမြန်တပ်ရင်းမှ ဗိုလ်မှူးအောင်မျိုးသူနှင့်အဖွဲ့တို့က ဗန်းမော်မြို့နယ်နှင့် ရွှေကူမြို့နယ် ခရီးသွားပြည်သူများဘေးအန္တရာယ်ကင်းရှင်းစွာသွားလာနိုင်ရေး၊ လမ်းပိတ်ဆို့မှုထပ်မံ မဖြစ်ပွားစေရေးအတွက် လိုအပ်သည် များကို ကူညီဆောင်ရွက်ပေးခဲ့ကြသည်။
  • သက်ဆိုင်ရာတာဝန်ရှိသူများနှင့် မြန်မာ့တပ်မတော်မှအရာရှိစစ်သည်များက ယန္တယားပြည့်စုံစွာဖြင့် ဝိုင်းဝန်းကူညီဆောင်ရွက်ပေးသည့်အတွက် ဗန်းမော်သို့အချိန်မီဆိုက်ရောက်နိုင်ခဲ့ကြောင်း  မန္တလေးမှ ဗန်းမော်သို့ထွက်ခွာလာသောဗန်းမော်-မန္တလေးခရီးသည်တင် မှန်လုံယာဉ်မောင်းတစ်ဦးကပြောသည်။
                                                                       ဦးမောင်ရီ

Comments

သတင်းခေါင်းစဉ်များ

အင်တာနက်ကို အကျိုးရှိရှိ လုံလုံခြုံခြုံ အသုံးပြုတတ် စေရန် ရည်ရွယ်၍ Telenorမြန်မာဆက်သွယ်ရေးကုမ္ပဏီမှ ပညာပေးဟောပြောပွဲ ပြုလုပ်

မိုးညှင်းပြည်သူ့ဆေးရုံတွင်အချုပ်သားဆေးကုသဆောင်တည်ဆောက်မည့် တွက်ချက်လျာထားချက် မြေပုံတို့ကို မတင်ပြနိုင်သေး

ပြည်နယ်လုံးဆိုင်ရာနှစ်သစ်ကူးပွဲတော်တွင်တကွင်းရှမ်းစာပေနှင့်ယဉ်ကျေးမှုမှကျင်းပပြုလုပ်သောပထမအကြိမ်ကံစမ်းမဲဖွင့်လှစ်

ဗန်းမော်မြို့တွင် စစ်ဘေးတိမ်းရှောင်စခန်းနေ နဝမတန်းကျောင်းသားတစ်ဦး ဓားခုတ်ခံရ၍ သေဆုံး

ဆင်ဘိုမြို့ယောဂီဝတ်အသင်းအဖွဲ့မှဝန်းသိုကျောင်းတိုက် ဆရာတော်ဘုရားကြီး၏ရုပ်ကလပ်ကိန်းဝပ်ရာ နိဗ္ဗာန်စံကျေင်းသို့ ပဌာန်း၊ပရိတ်တော်သံဝေဂတို့အား လာရောက်ရွတ်ဖတ်ပူဇော်

မော်ဟန်ကျေးရွာတွင်မှ ထောင်ကျဖူးသူ အမျိုးသမီးမှ မူးယစ်ဆေးရောင်းချသဖြင့် ပြန်လည်ဖမ်းဆီးမိ

မော်ဟန်-နမ္မချီကားလမ်းတွင် မူးယစ်ဆေးသယ်ဆောင်သူ(၂)ဦးအားဖမ်းဆီးမိ

Northern Green Bike အဖွဲ့ မြစ်ကြီးနားသို့ရောက်ရှိ