အင်တာနက်ကို အကျိုးရှိရှိ လုံလုံခြုံခြုံ အသုံးပြုတတ် စေရန် ရည်ရွယ်၍ Telenorမြန်မာဆက်သွယ်ရေးကုမ္ပဏီမှ ပညာပေးဟောပြောပွဲ ပြုလုပ်
ဘေးကင်းလုံခြုံသောအင်တာနက်ကို အကျိုးရှိရှိ လုံလုံခြုံခြုံ အသုံးပြုတတ်စေရန်တယ်လီနောမှ ပညာပေး
EPN
မိုးကောင်း၊ စက်တင်ဘာ ၈
EPN
မိုးကောင်း၊ စက်တင်ဘာ ၈
- ကချင်ပြည်နယ မိုးကောင်းမြို့ နောင်ကိုင်တော် အခြေခံပညာအထက်တန်းကျောင်း ရတနာ ခန်းမ တွင် စက်တင်ဘာ ၈ရက်နေ့ နံနက် ၉နာရီခွဲအချိန်က အင်တာနက်ကို အကျိုးရှိရှိ လုံလုံခြုံခြုံ အသုံးပြုတတ် စေရန် ရည်ရွယ်၍ Telenorမြန်မာဆက်သွယ်ရေးကုမ္ပဏီမှ ပညာပေးဟောပြောပွဲ ပြုလုပ်ခဲ့ကြောင်း သိရ သည်။
- ကချင်ပြည်နယ မိုးကောင်းမြို့ နောင်ကိုင်တော် အခြေခံပညာအထက်တန်းကျောင်း ရတနာ ခန်းမ တွင်Telenorမြန်မာဆက်သွယ်ရေးကုမ္ပဏီမှ အလယ်တန်းနှင့်အထက်တန်း ကျောင်းသူ/သားများကို "စဉ်းစားဆင်ခြင်စာနာချစ်ခင်" ခေါင်းစဉ်ဖြင့်အင်တာနက်ကိုအကျိုးရှိရှိ လုံလုံခြုံခြုံ အသုံးပြုတတ်စေရန် ပညာပေးဟောပြောပွဲကို ကချင်ပြည်နယ် တယ်လီနော ဆက်ဆံရေးနှင့် ဆက်သွယ်ရေး တာဝန်ခံ ဦးပီတာလှဆိုင်းနှင့် မိုးကောင်းမြို့နယ် အရောင်းတာဝန်ခံ ဦးဇင်ငြိမ်းချမ်းတို့မှ ကျောင်းသူ/သား (၆၀၀)ဦးခန့်အား မြို့နယ်ပညာရေးမှူးခွင့်ပြုချက်ဖြင့် ဟောပြောမှုဆောင်ရွက်ခဲ့သည်။
- "ကျနော်တို့ရဲ့ကုမ္ပဏီကို ကြော်ငြာဖို့လာတာမဟုတ်ပါဘူး။ ဘယ်ဆင်းကဒ်နဲ့ဘဲသုံးသုံး အင်တာ နက်ကို စတင်အသုံးပြုတော့မယ်ဆိုရင် အွန်လိုင်းကိုဘယ်လိုအကျိုးရှိစွာသုံးရမလဲ ဘယ်လိုလုံခြုံစွာ သုံးရ မလဲဆိုတာ ကျောင်းသူ/သားတွေ အသိပညာရသွားအောင် ဒီမြို့မှာရှိတဲ့ အထက်တန်းကျောင်း (၃)ကျောင်း လုံးမှာဟောပြောဖို့စီစဉ်ထားပါတယ်။ ကျောင်းကိုဖုန်းမယူလာရဘူးဆိုပေမဲ့ ကျန်တဲ့အချိန်တွေမှာ သုံးတတ် ကြတော့ ဘေးကင်းလုံခြုံစွာသုံးတတ်ဖို့သိထားစေချင်လို့ပါ" ဟု ဦးပီတာလှဆိုင်းမှပြောသည်။
- အဆိုပါဟောပြောပွဲတွင် ယနေ့အသုံးပြုမှုများသော Facebookမှ ကိုယ်ပိုင်အချက်အလက် ခိုးယူခံ ရခြင်း၊ အွန်လိုင်းပေါ်တွင် အနိုင့်ကျင့်ဗိုလ်ကျခံရခြင်း၊ အမုန်းစကားများ၊ လိမ်လည်ရင်းနှီးမှုရယူခြင်း၊ ညစ်ညမ်းစာနှင့် ပုံများပေးပို့ခြင်း၊ ပို့စ်မတင်မှီစဉ်းစားပါ စသည့် ခေါင်းစဉ်(၆)ခုကို ပရိုဂျက်တာနှင့်တွဲဘက်၍ သရုပ်ပြရှင်းလင်းခဲ့သည်။
- ကချင်ပြည်နယ်အတွင်းရှိ မြို့နယ်များတွင် Telenorမြန်မာဆက်သွယ်ရေးကုမ္ပဏီမှ ပညာပေးဟော ပြောပွဲပြုလုပ်ရန် စီစဉ်ထားကြောင်းသိရှိရသည်။



Comments
Post a Comment