မော်ဟန်-နမ္မချီကားလမ်းတွင် မူးယစ်ဆေးသယ်ဆောင်သူ(၂)ဦးအားဖမ်းဆီးမိ

မော်ဟန်-နမ္မချီကားလမ်းတွင် မူးယစ်ဆေးသယ်ဆောင်သူ(၂)ဦးအားဖမ်းဆီးမိ

EPN
မိုးညှင်း၊ စက်တင်ဘာ ၉
  • မိုးညှင်းမြို့နယ် မော်ဟန်ကျေးရွာရှိ မော်ဟန်-နမ္မချီကားလမ်းတွင် မူးယစ်ဆေးဝါး သယ်ဆောင်သူ (၂)ဦးအား ဖမ်းဆီးရမိခဲ့ကြောင်းသိရသည်။
  • အဆိုပါ မူးယစ်ဆေးသယ်ဆောင်သူ(၂)ဦးမှာ ဟိုပင်မြို့ မြို့သစ်ကလေးကျေးရွာနေ အသက်၃၀နှစ် ရှိ ညီညီလင်းနှင့် စစ်ကိုင်းတိုင်းဒေသကြီး အင်းတော်မြို့နယ် အလယ်ကျွန်းတောကျေးရွာနေ အသက်၄၀နှစ် ရှိ စိုးဝေဆိုသူဖြစ်ကြောင်းသိရသည်။
  • “ကျွန်တော်တို့ အုပ်ချုပ်ရေးအဖွဲ့နဲ့ ဒေသခံပြည်သူ့စစ်အဖွဲ့တွေက ရဲတပ်ဖွဲ့တွေနဲ့ပူးပေါင်းပြီး ရှောင်တခင် စစ်ဆေးဖမ်းဆီးရေးတွေ ပြုလုပ်နေတာပါ အများဆုံးကတော့ နမ္မချီမော်ဘက်က သယ်လာ တယ်လို့ သိရပါတယ်” ဟု ဖမ်းဆီးရေးအဖွဲ့မော်ဟန်အုပ်ချုပ်ရေးမှူးဦးအောင်ဆန်းဦးကပြောသည်။
  • မိုးညှင်းခရိုင်ရဲတပ်ဖွဲ့၊ မှုခင်းနှိမ်နင်းရေးအဖွဲ့နှင့် အုပ်ချုပ်ရေးမှူး မူးယစ်ဆေးဖမ်းဆီးရေးအဖွဲ့တို့က စက်တင်ဘာ(၈) ရက်နေ့ ညနေ၅နာရီဝန်းကျင်တွင် မော်ဟန်ကျေးရွာအနောက်ဘက် နမ္မချီမှော်ဘက် သွား ရာ ကားလမ်းမတွင် စောင့်ဆိုင်းရှာဖွေနေရာ အဆိုပါ လူ(၂)ဦးအား ဆိုင်ကယ်နှင့်အတူ မူးယစ်ဆေးတို့ကို တွေ့ရှိခဲ့သည် ဟု သိရသည်။
  • နမ္မချီမှော်ဘက်မှ မော်ဟန်ကျေးရွာဘက်သို့  မောင်းနှင်လာသော ညီညီလင်းဆိုသူ၏ SOMI တံဆိပ်ပါ ဆိုင်ကယ်ကို ရပ်တန့်စစ်ဆေးခဲ့ရာ ၎င်းဝတ်ဆင်ထားသော လက်တိုရှပ်အင်္ကျီဝဲဘက်အိတ်ကပ် အတွင်း အဖြူရောင်ပလပ်စတစ်ဘူးဖြင့် ထည့်ထားသည့် ဘိန်းဖြူဟုယူဆသော ဖြူဝါကြားအမှုန့်(၀.၆) ဂရမ်ခန့်ပါ ဗူး(၁)ဗူး၊ ၅၂ဃ/၇၆၂၉၅ CANDA-125 ဆိုင်ကယ်စီးလာသူ စိုးဝေဆိုသူ၏ ရှပ်အင်္ကျီဝဲဘက် အိတ်ကပ်အတွင်း စိတ်ကြွရူးသွပ်ဆေးပြား ဟု ယူဆသော ပန်းရောင်ဆေးပြား(၃၀)ပြားပါ(၁)ထုပ် အလေး ချိန်(၃)ဂရမ်တို့အားတွေရှိခဲ့ကြောင်းသိရသည်။
  • မူးယစ်ဆေးနှင့်အတူတွေ့ရှိခဲ့သော ညီညီလင်းအား မယ(ပ)၁၂၅ မူးစိတ်ပုဒ်မ-၁၅/၁၆(ဂ)နှင့် စိုးဝေ အား မယ(ပ) ၁၂၆ မူးစိတ်ပုဒ်မ -၁၅/၁၉(က)ဖြင့် အမှုဖွင့်ကာ ဖမ်းဆီးအရေးယူထားကြောင်း မိုးညှင်းမြို့မ ရဲစခန်းမှ သိရသည်။
                                                                          သူရ


Comments

သတင်းခေါင်းစဉ်များ

အင်တာနက်ကို အကျိုးရှိရှိ လုံလုံခြုံခြုံ အသုံးပြုတတ် စေရန် ရည်ရွယ်၍ Telenorမြန်မာဆက်သွယ်ရေးကုမ္ပဏီမှ ပညာပေးဟောပြောပွဲ ပြုလုပ်

မိုးညှင်းပြည်သူ့ဆေးရုံတွင်အချုပ်သားဆေးကုသဆောင်တည်ဆောက်မည့် တွက်ချက်လျာထားချက် မြေပုံတို့ကို မတင်ပြနိုင်သေး

ပြည်နယ်လုံးဆိုင်ရာနှစ်သစ်ကူးပွဲတော်တွင်တကွင်းရှမ်းစာပေနှင့်ယဉ်ကျေးမှုမှကျင်းပပြုလုပ်သောပထမအကြိမ်ကံစမ်းမဲဖွင့်လှစ်

ဗန်းမော်မြို့တွင် စစ်ဘေးတိမ်းရှောင်စခန်းနေ နဝမတန်းကျောင်းသားတစ်ဦး ဓားခုတ်ခံရ၍ သေဆုံး

ဆင်ဘိုမြို့ယောဂီဝတ်အသင်းအဖွဲ့မှဝန်းသိုကျောင်းတိုက် ဆရာတော်ဘုရားကြီး၏ရုပ်ကလပ်ကိန်းဝပ်ရာ နိဗ္ဗာန်စံကျေင်းသို့ ပဌာန်း၊ပရိတ်တော်သံဝေဂတို့အား လာရောက်ရွတ်ဖတ်ပူဇော်

မော်ဟန်ကျေးရွာတွင်မှ ထောင်ကျဖူးသူ အမျိုးသမီးမှ မူးယစ်ဆေးရောင်းချသဖြင့် ပြန်လည်ဖမ်းဆီးမိ

ဗန်းမော်တွင် မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် သစ်ပင်နှင့် တောင်ကမ်းပါးယံမြေပြိုကျ၍ လမ်းပိတ်ဆို့မှု

Northern Green Bike အဖွဲ့ မြစ်ကြီးနားသို့ရောက်ရှိ