Northern Green Bike အဖွဲ့ မြစ်ကြီးနားသို့ရောက်ရှိ



Northern Green Bike အဖွဲ့ မြစ်ကြီးနားသို့ရောက်ရှိ

EPN
မိုးကောင်း နိုဝင်ဘာ ၂၂

  •  စက်ဘီးစီးကာ ကာဗွန်လျော့ချခြင်းအားဖြင့်သဘာဝပတ်ဝန်းကျင်အရေးကို  အမြင်ဖွင့်နေသော Northern GREEN BIKEအဖွဲ့သည်  နိုဝင်ဘာ ၂၂နေ့လည်က မြစ်ကြီးနားမြို့သို့ရောက်ရှိခဲ့ကြောင်းသိ ရသည်။

  •  လောင်စာဆီနှင့်ကာဗွန်ဒိုင်အောက်ဆိုဒ်လျှော့ချရေး သဘာဝပတ်ဝန်းကျင်ထိမ်းသိမ်းစောင့်ရှောက်ရေး လူထုကျန်းမာရေး မြို့နယ်များတွင်စက်ဘီးလမ်းများပေါ်ထွန်းစေရေးစသည့်ရည်ရွယ်ချက်ဖြင့်နိုဝင်ဘာ၁၄ ရက် နေ့မှစတင်ကာမြစ်ကြီးနားမြို့မှစတင်၍ှမြစ်​ကြီးနား- မိုးကုတ်​- ပြင်​ဦးလွင်​- မန္တ​လေး- မြစ်​ကြီးနား အသွားအပြန် စီးခဲ့ခြင်းဖြစ်သည်။

  •  "စထွက်တာကမြစ်​ကြီးနားက ၅ယောက်နဲ့မိုးညှင်းကတစ်ယောက်စုစုပေါင်း၆ယောက်ဖြစ်ပါတယ် အဖွဲ့ ခေါင်းဆောင်Lဂွန်တန်က အလုပ်ရှိတာနဲ့မနေ့ကမိုးညှင်းကနေရထားနဲ့ပြန်သွားပါတယ်။တစ်ယောက်ကတော့ မိုးညှင်းမှာနေခဲ့ပါတယ်"ဟုGREEN BIKEအဖွဲ့ဝင်ကိုဆိုင်းဒှူပြောပါသည်။

  •  အဆိုပါအဖွဲ့သည်သဘာဝပတ်ဝန်းကျင်အခြေအနေများကိုလေ့လာရန်နှင့် ထိုပတ်ဝန်းကျင်တစ်ဝိုက်ရှိ ရွာများတွင် ပြောင်းလဲနေသော အခြေအနေ များကို တစ်ရွာနှင့်တစ်ရွာဆီသို့ သတင်းစကားပါးဖြစ်ခဲ့ပါသည်ဟု သိရသည်။ ခရီးစဉ်တွင် ကြုံတွေ့ရသော အခက်အခဲများအနေဖြင့် လမ်းပန်းဆက်သွယ်ရေးနှင့် ရာသီဥတု အခြေအနေ (အပူချိန်အပြောင်းအလဲများ) ဖြစ်ပြီး  လမ်းတစ်လျှောက် စစ်ဆေးရေးဂိတ်များကိုဖြတ်ကျော်ရာတွင် အမေးအမြန်းများရှိခဲ့ကြောင်း သိရသည်။
                                                         ချိုမောင်


Comments

သတင်းခေါင်းစဉ်များ

အင်တာနက်ကို အကျိုးရှိရှိ လုံလုံခြုံခြုံ အသုံးပြုတတ် စေရန် ရည်ရွယ်၍ Telenorမြန်မာဆက်သွယ်ရေးကုမ္ပဏီမှ ပညာပေးဟောပြောပွဲ ပြုလုပ်

မိုးညှင်းပြည်သူ့ဆေးရုံတွင်အချုပ်သားဆေးကုသဆောင်တည်ဆောက်မည့် တွက်ချက်လျာထားချက် မြေပုံတို့ကို မတင်ပြနိုင်သေး

ပြည်နယ်လုံးဆိုင်ရာနှစ်သစ်ကူးပွဲတော်တွင်တကွင်းရှမ်းစာပေနှင့်ယဉ်ကျေးမှုမှကျင်းပပြုလုပ်သောပထမအကြိမ်ကံစမ်းမဲဖွင့်လှစ်

ဗန်းမော်မြို့တွင် စစ်ဘေးတိမ်းရှောင်စခန်းနေ နဝမတန်းကျောင်းသားတစ်ဦး ဓားခုတ်ခံရ၍ သေဆုံး

ဆင်ဘိုမြို့ယောဂီဝတ်အသင်းအဖွဲ့မှဝန်းသိုကျောင်းတိုက် ဆရာတော်ဘုရားကြီး၏ရုပ်ကလပ်ကိန်းဝပ်ရာ နိဗ္ဗာန်စံကျေင်းသို့ ပဌာန်း၊ပရိတ်တော်သံဝေဂတို့အား လာရောက်ရွတ်ဖတ်ပူဇော်

မော်ဟန်ကျေးရွာတွင်မှ ထောင်ကျဖူးသူ အမျိုးသမီးမှ မူးယစ်ဆေးရောင်းချသဖြင့် ပြန်လည်ဖမ်းဆီးမိ

ဗန်းမော်တွင် မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် သစ်ပင်နှင့် တောင်ကမ်းပါးယံမြေပြိုကျ၍ လမ်းပိတ်ဆို့မှု

မော်ဟန်-နမ္မချီကားလမ်းတွင် မူးယစ်ဆေးသယ်ဆောင်သူ(၂)ဦးအားဖမ်းဆီးမိ