ပြည်နယ်လုံးဆိုင်ရာနှစ်သစ်ကူးပွဲတော်တွင်တကွင်းရှမ်းစာပေနှင့်ယဉ်ကျေးမှုမှကျင်းပပြုလုပ်သောပထမအကြိမ်ကံစမ်းမဲဖွင့်လှစ်
ပြည်နယ်လုံးဆိုင်ရာနှစ်သစ်ကူးပွဲတော်တွင်တကွင်းရှမ်းစာပေနှင့်ယဉ်ကျေးမှုမှကျင်းပပြုလုပ်သောပထမအကြိမ်ကံစမ်းမဲဖွင့်လှစ်
EPN
ဟိုပင် နိုဝင်ဘာ
၂၁
- ဒုတိယအကြိမ်မြောက်ပြုလုပ်သောပြည်နယ်အဆင့်ရှမ်းနှစ်သစ်ကူးပွဲတော်တွင်တကွင်းရှမ်းစာပေနှင့် ယဉ်ကျေးမှုမှ(၂၀၁၇)နိုဝင်ဘာ(၂၀)ရက်နေ့ညနေနှစ်နာရီအချိန်တွင်ကံစမ်းမဲဖွင့်လှစ်ခြင်းအစီအစဉ်ကိုပြုလုပ်ခဲ့ ကြောင်းသိရသည်။
- အဆိုပါမဲကိုမိုးညှင်းမြို့နှင့်နီးစပ်ရာနေရာဒေသအသီးသီးသို့တစ်စောင်ကိုသုံးထောင်နှုန်းဖြင့်ရောင်းချခဲ့ ပြီးအစောင်ရေတစ်သောင်းပြုလုပ်ရောင်းချခဲ့သော်လည်းအစောင်ရေနှစ်ဆယ်မှာလာရောက်ပို့ဆောင်ခြင်းမရှိ သောကြောင့်ပယ်မဲအဖြစ်သတ်မှတ်ခဲ့သည်ဟုသိရသည်။
- တကွင်းကျေးရွာတောရမူလတန်း ကျောင်းပွဲတော်ကျင်းပသည့်ပွဲခင်းထဲတွင်အဆိုပါမဲဖွင့်လှစ်ခြင်း အစီအစဉ်ကိုကျင်းပပြုလုပ်ခဲ့ပြီးမိုးညှင်းမြို့ပင်ရဲလှမှပထမဆုကိုဆွတ်ခူးရရှိခဲ့သည်ဟုသိရသည်။
- ''ကြားကြားခြင်းကိုအရမ်းရင်ခုန်သွားတယ်ရှမ်းရုံးပြီးအောင်လို့တတ်နိုင်သလောက်လှူပေးတဲ့အနေနဲ့ တစ်စောင်ထဲထိုးလိုက်တာပါ ရှမ်းနှစ်သစ်မှာ ကံစမ်းမဲပေါက်လိုက်တော့ကျွန်တော်တစ်နှစ်လုံးကံကောင်းတော့ မယ်လို့ယုံကြည်ပါတယ်ပျော်လည်းပျော်တယ်''ဟုပထမဆုမဲပေါက်သူမောင်ကောင်းထက်ပိုင်ကဝမ်းသာစကားဆိုသည်။
- ကံစမ်းမဲရောင်းရငွေများကိုလက်ရှိဆောက်လုပ်နေသောတကွင်းရှမ်းစာပေနှင့်ယဉ်ကျေးမှုရုံး
- အပြီးသတ်ဆောက်လုပ်နိုင်ရန်အတွက်ဖြစ်သည်ဟုသိရသည်။
- "ရုံးကဆောက်လို့မပြီးသေးဘူးကျွန်တော်တို့ကအပြီးဆောက်လုပ်ချင်ပြီမဲကရတဲ့ငွေကိုလည်းရုံးပြီးဖို့အတွက်ဘဲအသုံးပြုသွားမှာ"ဟုမဲတာဝန်ခံဦးစိုင်း မောင်ထွေးကပြောသည်။
- ရှမ်းစာပေနှင့်ယဉ်ကျေးမှုမှပြုလုပ်သောအောင်ဘာလေကံစမ်းမဲအစီအစဉ်တွင် ပထမဆုကို မောင်ကောင်းထက်ပိုင် ပင်ရဲလှ မိုးညှင်းမှ ဟိုက်ဂျက်ကား(လိုင်စင်ပါ)တစ်စီးဒုတိယဆုကိုဦးတင်ငွေလယ်မှီးမှ ကင်ဘိုကလစ် ဆိုင်ကယ်တစ်စီး တတိယဆုကိုဦးကျော်အေးမိုးညှင်းအုတ်ကျင်းမှ Canda125ဆိုင်ကယ်တစ်စီး စတုတ္ထ ဆုကိုဦးဇော်နိုင်ဟိုပင်နန့်ရင်းမှရေခဲသေတ္တာတစ်လုံး ပဉ္စမဆုကို ဦးသန်းအေးမှ 21လက်မTV'+PSI စလောင်းတစ်စုံဆဋ္ဌမဆုကိုလွင်မျိုးအောင်မှော်စီဇာမှရေခဲသေတ္တာ(အသေး)တစ်လုံးသတ္တမဆုကိုမောင်ဆင့်မှ စက်ဘီးတစ်စီးနှင့်အပိုဆု(၃၀)ဆုတိတိကိုပွဲတော်လာ ရောက်သည့်ဧည့်သည်များ၏ရှေ့တွင်ဖွင့်လှစ်ပေး အပ်ခဲ့ကြောင်းသိရသည်။
ချစ်သား


Comments
Post a Comment