TSDP အစီအစဉ်ဖြင့်မြို့နယ်အုပ်ချုပ်ရေးမှူးဖလားအမျိုးသား(အလွတ်တန်း)ဘောလုံးပြိုင်ပွဲ ကွင်းဖွင့်ပွဲကျင်းပ
TSDP အစီအစဉ်ဖြင့်မြို့နယ်အုပ်ချုပ်ရေးမှူးဖလားအမျိုးသား(အလွတ်တန်း)ဘောလုံးပြိုင်ပွဲ ကွင်းဖွင့်ပွဲကျင်းပ
EPN
မိုးကောင်း နိုဝင်ဘာ ၂၉
- ပြည်သူလူထုတစ်ရပ်လုံးဘောလုံးအားကစားကိုစိတ်ပါဝင်စားပြီးအားပေးချီးမြှေက်လာစေရန် မျိုးဆက် သစ်ဘောလုံးအားကစားသမားပေါ်ထွန်းလာစေရန်လူငယ်လူရွယ်များကျန်းမာကြံ့ခိုင်ပြီးအားကစားစိတ်ဓါတ် များရှင်သန်ထက်မြက်စေရန်ထူးချွန်ထက်မြက်ပြီးအလားအလာရှိသောအားကစားသမားများပေါ်ထွက်လာစေ ရည်ရွယ်၍မြို့နယ်အားကစားဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်း(TSDP)မှမြို့နယ်အုပ်ချုပ်ရေးမှူးဖလားအမျိုးသား (အလွတ်တန်း)ဘောလုံးပြိုင်ပွဲ ကိုကျင်းပပြုလုပ်ခဲ့သည်။
- အဆိုပါပြိုင်ပွဲဖွင့်ပွဲကိုကချင်ပြည်နယ်မိုးကောင်းမြို့နောင်ကိုင်တော်ရပ် ပြည်သူ့အားကစားကွင်းတွင် နိုဝင်ဘာ၂၉ညနေ၂း၃၀နာရီကကျင်းပပြုလုပ်ရာအထက(၂)ဘင်ခရာတပ်ဖွဲ့မှဦးဆောင်ပြီးပြိုင်ပွဲဝင်အားကစား အသင်း(၁၁)သင်းမှကွင်းအတွင်းနေရာယူကြပါသည်။
- ထို့နောက်မြို့နယ်အုပ်ချုပ်ရေးမှူးဦးရန်နိုင်ထွန်းမှအဖွင့်အမှာစကားပြောကြားပြီးပြိုင်ပွဲစည်းကမ်းချက် များကိုမြို့နယ်ပညာရေးမှူးဦးသန်းထွန်း မှရှင်းလင်းပြောကြားပါသည်။
- "ဆယ်စုနှစ်၂ခုကျော်ကြာမကျင်းပနိုင်ခဲ့တဲ့ဘောလုံးပြိုင်ပွဲကိုပြန်လည်ကျင်းပနိုင်အောင်အဖက်ဖက်က ပြင်ဆင်ကြိုးစားခဲ့ရပါတယ်"ဟုမြို့နယ်စည်ပင်ကော်မတီဥက္ကဌဦးတင်လင်း မှပြောပါသည်။
- ထို့နောက်အားကစားအဖွဲ့များနှင့်ဘင်ခရာတပ်ဖွဲ့မှမြို့နယ်အုပ်ချုပ်ရေးမှူးကိုစစ်ကြောင်းပုံစံချီတက်အ လေးပြုကာကွင်းအတွင်း မှပြန်လည်ထွက်ခွာ၍အဖွင့်ပွဲယှဉ်ပြိုင်မည့် အားကစားသမားများကွင်းအတွင်းနေရာယူ ပြီးမြို့နယ်အုပ်ချုပ်ရေးမှူး မှကွင်းအတွင်းဘောလုံးကန်သွင်း ၍ပြိုင်ပွဲကိုဖွင့်လှစ်ပါသည်။
- ကွင်းဖွင့်ပွဲဘောလုံးပြိုင်ပွဲကိုပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဦးဝင်းနိုင်အမျိုးသားလွှတ်တော်ကိုယ်စားလှယ်Dr.ခင်မကြီး၊ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်ဒေါ်မြသွေးစံခလရ(၇၄)နောက်တန်းမှူးဗိုလ်မှူး ရန်မျိုးအောင် မြို့နယ်အုပ်ချုပ်ရေးမှူးဦးရန်နိုင်ထွန်းမြို့နယ်ရဲတပ်ဖွဲ့မှူးရုံးမှ ဒုရဲမှူးလှချို ဌာနဆိုင်ရာအရာ ရှိများ ရပ်ကွက်အုပ်ချုပ်ရေးမှူးများမြို့မ၊ိမြို့ဖများအားကစားဝါသနာရှင်၄၅၀ဦးခန့်တက်ရောက်အားပေးကြည့်ရှုကြ သည်။
- မြို့နယ်အုပ်ချုပ်ရေးမှူးဖလားမိုးကောင်းမြို့နယ်လုံးဆိုင်ရာအမျိုးသား(အလွတ်တန်း)ဘောလုံးပြိုင်ပွဲ ၂၉.၁၁.၂၀၁၇ မှ၂၅.၁၂.၂၀၁၇ရက်နေ့ထိမိုးကောင်းမြို့ပြည်သူ့အားကစားကွင်းတွင်ကျင်းပပြုလုပ်မည်ဖြစ် သည်။









Comments
Post a Comment