ဆက်သွယ်ရေးတာဝါတိုင်ကိုလူနေအိမ်နှင့်ဝေးသောနေရာသို့ပြောင်းရွှေ့စိုက်ထူပေးရန်အတွက်ဒေသခံများဖော်ထုတ်

ဆက်သွယ်ရေးတာဝါတိုင်ကိုလူနေအိမ်နှင့်ဝေးသောနေရာသို့ပြောင်းရွှေ့စိုက်ထူပေးရန်အတွက်ဒေသခံများဖော်ထုတ်
 
EPN
ဟိုပင် နိုဝင်ဘာ ၂၈
  • ကချင်ပြည်နယ်၊ဟိုပင်မြို့တွင်“ဦးငွေသောင်းပိုင်ခြံမြေမှတာဝါတိုင်ပြောင်းရွှေ့စိုက်ထူပေးရေး(ဒို့အရေး)”ဟူသောဆိုင်းပုဒ်ကိုကိုင်ဆောင်ကာ ယနေ့ ၂၈ နံနက်(၉)နာရီတွင်စတင်ဆန္ဒဖော်ထုတ်ခဲ့ကြကြောင်းသိရသည်။
  • ထိုသို့ကန့်ကွက်မှုမှာဟိုပင်မြို့၊မြဇေယျာနယ်မြေ(၆)ရန်ကင်းအောင်ရပ်ကွက်တွင်ဦးငွေသောင်းပိုင်ခြံမြေ မှာတည်ဆောက်နေဆဲဖြစ်သောဆက်သွယ်ရေးတာဝါတိုင်ကိုလူနေအိမ်များနှင့်ဝေးသောနေရာသို့ပြောင်းရွှေ့ စိုက်ထူပေးရန်အတွက်ဖြစ်ပြီးလူဦးရေ တစ်ရာကျော်လမ်းလျှောက်ဆန္ဒပြခဲ့ကြောင်းသိရသည်။
  • “ကျွန်တော်တို့ကမလုပ်နဲ့လို့မပြောပါဘူးဒါပေမယ့်လူနေအိမ်နဲ့ခပ်လှမ်းလှမ်းမှာစိုက်ထူပေးဖို့ပါပဲ၊ဘာ ဖြစ်လို့လဲဆိုရင်အနီးအနာကလူတွေမှာခေါင်းကိုက်ခေါင်းခဲဖြစ်မယ်၊မှတ်ဥာဏ်ပျက်စီးလာမယ်၊နှလုံးရောဂါတွေ ဖြစ်လာနိုင်တယ်လို့သိထားတော့ကြောက်နေရတာပါ“ဟုတည်ဆောက်နေဆဲဖြစ်သောဆက်သွယ်ရေးတာဝါတိုင်၏အနီးအနားအိမ်မှဦးဟောင်းစောင်းကပြောသည်။
  • ဆက်သွယ်ရေးတာဝါတိုင်၏ဆိုးကျိုးများရေးသားထားသောစာရွက်ကိုလူအများသိရှိအောင်လည်းလမ်း လျှောက်ဆန္ဒဖော်ထုတ်ရင်းလာရောက်ကြည့်ရှု့သူများကိုဆန္ဒဖော်ထုတ်သူထဲ့ကမျှဝေခဲ့သည်။
  • လမ်းလျှောက်ဆန္ဒဖော်ထုတ်ခြင်းကိုဆက်သွယ်ရေးတာဝါတိုင်တည်ဆောက်နေသောလုပ်ကွက်မှပြည် ထောင်စုလမ်းမကြီး၊မိုက်ခရိုဝေ့ရုံးအထိရောက်ကာပြန်လည့်ခဲ့ပြီး၊ဟိုပင်မြို့ထွေအုပ်ရုံးလမ်း၊နောက်ဆုံးတွင်လုပ်ကွက်၌အဆုံးသတ်ကာနေ့လည်(၁၁)နာရီခွဲတွင်လူစုခွဲခဲ့သည်ဟုသိရသည်။
  • “ဆန္ဒဖော်ထုတ်ပြီးတော့သက်ဆိုင်ရာလူကြီးတွေရဲ့လုပ်ဆောင်ချက်ကိုစောင့်နေတော့မယ်၊သူ့တို့ကရပ်ဆိုင်မှုမရှိဘဲဆက်လုပ်နေမယ်ဆိုရင်ကျွန်တော်တို့ဘက်ကသည်တာဝါတိုင်ကိုလူနေအိမ်နဲ့ဝေးတဲ့နေရာကိုပြောင်းရွှေ့အောင်လို့ဆက်ကြိုးစားသွားမယ်“ဟုဆန္ဒဖော်ထုတ်ရာတွင်ဦးဆောင်ပါဝင်သူကိုအောင်ဇော်ဝင်းကပြော သည်။
  • အဆိုပါဆန္ဒဖော်ထုတ်ခြင်းမပြုလုပ်မှီ၂၀၁၇ခုနှစ်ဇူလိုင်လ(၂၁)ရက်တွင်ဝန်ကြီးချုပ်အထိတစ်ကြိမ်၊နိုဝင်ဘာ(၈)ရက်တွင်နေပြည်တော်သို့ဟု လိပ်မူ၏ကာတစ်ကြိမ်စုစုပေါင်းနှစ်ကြိမ်ဖြင့်ဒေသ လူဦးရေ(၅၀)ဖြင့် လက်မှတ်ရေးထိုး ကာတိုင်ကြားထားသည်ဟုသိရသည်။
 ချစ်သား



Comments

သတင်းခေါင်းစဉ်များ

အင်တာနက်ကို အကျိုးရှိရှိ လုံလုံခြုံခြုံ အသုံးပြုတတ် စေရန် ရည်ရွယ်၍ Telenorမြန်မာဆက်သွယ်ရေးကုမ္ပဏီမှ ပညာပေးဟောပြောပွဲ ပြုလုပ်

မိုးညှင်းပြည်သူ့ဆေးရုံတွင်အချုပ်သားဆေးကုသဆောင်တည်ဆောက်မည့် တွက်ချက်လျာထားချက် မြေပုံတို့ကို မတင်ပြနိုင်သေး

ပြည်နယ်လုံးဆိုင်ရာနှစ်သစ်ကူးပွဲတော်တွင်တကွင်းရှမ်းစာပေနှင့်ယဉ်ကျေးမှုမှကျင်းပပြုလုပ်သောပထမအကြိမ်ကံစမ်းမဲဖွင့်လှစ်

ဗန်းမော်မြို့တွင် စစ်ဘေးတိမ်းရှောင်စခန်းနေ နဝမတန်းကျောင်းသားတစ်ဦး ဓားခုတ်ခံရ၍ သေဆုံး

ဆင်ဘိုမြို့ယောဂီဝတ်အသင်းအဖွဲ့မှဝန်းသိုကျောင်းတိုက် ဆရာတော်ဘုရားကြီး၏ရုပ်ကလပ်ကိန်းဝပ်ရာ နိဗ္ဗာန်စံကျေင်းသို့ ပဌာန်း၊ပရိတ်တော်သံဝေဂတို့အား လာရောက်ရွတ်ဖတ်ပူဇော်

မော်ဟန်ကျေးရွာတွင်မှ ထောင်ကျဖူးသူ အမျိုးသမီးမှ မူးယစ်ဆေးရောင်းချသဖြင့် ပြန်လည်ဖမ်းဆီးမိ

ဗန်းမော်တွင် မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် သစ်ပင်နှင့် တောင်ကမ်းပါးယံမြေပြိုကျ၍ လမ်းပိတ်ဆို့မှု

မော်ဟန်-နမ္မချီကားလမ်းတွင် မူးယစ်ဆေးသယ်ဆောင်သူ(၂)ဦးအားဖမ်းဆီးမိ

Northern Green Bike အဖွဲ့ မြစ်ကြီးနားသို့ရောက်ရှိ