ဗန်းမော်၌ တက်ဟုန်း ပြည်နယ်ခွဲ ကုန်သည်ကြီးများအသင်းမြန်မာနိုင်ငံ ကိုယ်စားလှယ် ( ဗန်းမော်ရုံးခွဲ)ဖွင့်လှစ်

ဗန်းမော်၌ တက်ဟုန်း ပြည်နယ်ခွဲ ကုန်သည်ကြီးများအသင်းမြန်မာနိုင်ငံ ကိုယ်စားလှယ် ( ဗန်းမော်ရုံးခွဲ)ဖွင့်လှစ်
 
EPN
ဗန်းမော် နိုဝင်ဘာ ၃၀
  • ကချင်ပြည်နယ်ဗန်းမော်မြို့တွင်တရုတ်နိုင်ငံတက်ဟုန်းပြည်နယ်ခွဲကုန်သည်ကြီးများအသင်းမြန်မာနိုင်ငံကိုယ်စားလှယ် ( ဗန်းမော် ရုံးခွဲ )ဖွင့်လှစ်ခြင်း အခမ်းအနားကို  နိုဝင်ဘာ ၂၉ ရက်နေ့  နံနက် ၁၀ နာရီ ကသာ စည်ရပ်ကွက်ခြောက်လကုန်းရပ် ၌ ကျင်းပခဲ့ကြောင်းသိရသည်။
  •        အခမ်းအနားတွင်တက်ဟုန်း ပြည်နယ်ခွဲပြည်သူအစိုးရပြည်နယ်ခွဲ ဒုတိယ အုပ်ချုပ်ရေးမှူးမစ္စတာရန်စီ ကျွမ်း။ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦအောင်သိန်းလုံချွမ်ခရိုင် ပါတီကော်မတီအတွင်းရေးမှူးလီလင်စန်း  ရွှေလီမြို့ စမ်းသတ်ရေးဇုံလုပ်ငန်းစီမံခန့့်ခွဲမှုကော်မတီအထွေထွေဌာန ညွှန်ကြားရေးမှူး မစ္စတာရင်ကျုံးတယ် တရုတ်နိုင်ငံရင်း နှီးမြုပ်နှံမှု လုပ်ငန်းကိုယ် စားလှယ်မစ္စတာ ခမ်းယုံဝူ တို့ ကအမှာစကားများပြောကြားခဲ့ကြ သည်။
  •        ဆက်လက်၍  တက်ဟုန်းပြည်နယ်ခွဲမှ ပြည်သူ့ ဆေးရုံကြီးအတွက်ငွေကျပ်သိန်း ၅၀ မြစေတီကျေးရွာ အခြေခံပညာ မူလတန်းကျောင်းအတွက် ငွေကျပ် သိန်း ၅၀ ထောက်ပံ့ ခဲ့သဖြင့်ပြည်နယ်ခွဲဒုတိယ အုပ်ချုပ်ရေး မှူးမစ္စတာရန်စီကျွမ်ငွေကျပ် သိန်း ၅၀ ထောက်ပံ့ ခဲ့သ ဖြင့်ပြည်နယ်ခွဲဒုတိယအုပ်ချုပ်ရေးမှူး မစ္စတာရန်စီကျွမ်း နှင့် ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် ဦးအောင်သိန်းတို့ ကပေးအပ်ခဲ့ကြရာဆေးရုံအုပ်ကြီးဒေါက်တာ သက်အောင် နှင့် မြစေတီကျေးရွာမှဦးအောင်ငြိမ်းနှင့် ဒေါ်နွေအိဖြူ တို့ ကလက်ခံ ယူခဲ့ ကြသည်။
  •          ထိုနောက်တက်ဟုန်းပြည်နယ်ခွဲကုန်သည်ကြီးများအသင်းမြန်မာနိုင်ငံ ကိုယ်စားလှယ် (ဗန်းမော်ရုံးခွဲ )   အားဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ကြရာ ပြည်နယ်ခွဲ ဒုတိယအုပ်ချုပ်ရေးမှူးမစ္စတာ ရန်စီကျွမ်း ။ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ်ဦးအောင်သိန်း ၊လုံချွမ်ခရိုင်ပါတီကော်မတီအတွင်းရေးမှူးလီလင်စန်း၊ ရွှေလီမြို့စမ်းသတ်ရေးဇုံ လုပ်ငန်းစီမံခန့် ခွဲမှု ကော်မတီအထွေထွေဌာနညွှန်ကြားရေးမှူး ရင်ကျုံးတယ် ၊တက်ဟုန်းပြည်နယ်ခွဲ မြန်မာနိုင်ငံ ကုန်သည်ကြီးများအသင်းမြန်မာနိုင်ငံကိုယ်စားလှယ် အမြဲတန်းတာဝန်ခံ မစ္စတာလီချီကွေ့ ၊နန်းမော်ကုန်သည် ကြီးများအသင်းဥက္ကဌ ဦးဝင်းဇော် ၊ခရိုင် ပုဂ္ဂလိကမော်တော်ယာဉ်လုပ်ငန်းအသင်းဥက္ကဌ ဦးတင်ဖေ ၊ကချင်ရိုးရာ စာပေနှင့်ယဉ်ကျေးမှုအဖွဲ့  ဥက္ကဌ ဦးဖေါ်လုလဝမ် တို့ က ဖဲကြိုးဖြတ်၍ဖွင့်လှစ်ပေးခဲ့ ကြသည်။
  • ဆက်လက်၍ပြည်နယ်ခွဲဒုတိယအုပ်ချုပ်ရေးမှူးနှင့်ပြည်သူလွှတ် တော်ကိုယ်စားလှယ်တို့ ကမြန်မာနိုင်ငံ ကိုယ်စားလှယ်( ဗန်းမော်ရုံးခွဲ)ွဲ ဆိုင်းဘုတ်ကို ဖွင့်လှစ်ပေး ခဲ့ကြ ပြီးအမွှေးနံ့သာရေများပက်ဖျန်းပေးခဲ့ ကြသည်။
  • တကိဟုန်းတိုင်းပြည်နယ်ခွဲနှင့်မြန်မာနိုင်ငံနှစ်နိုင်ငံချစ်ကြည်မှုရရှိစေပြီးစိုက်ပျိုးရေးလုပ်ငန်း၊ခရီးသွားလာရေးလုပ်ငန်း ၊ကုန်စည်ကူးသန်းရောင်းဝယ်လုပ်ငန်းများ ပူးပေါင်းဆောင်ရွက်နိုင်ရန်ရည်ရွယ်၍ ဗန်းမော်ရုံးခွဲ ဖွင့်လှစ်ခဲ့ကြောင်းမြန်မာနိုင်ငံကိုယ်စားလှယ် ( ဗန်းမော်ရုံးခွဲ)  တာဝန်ခံထံမှသိရှိရသည်။
  • ဗန်းမော်သုခမိန်

Comments

သတင်းခေါင်းစဉ်များ

အင်တာနက်ကို အကျိုးရှိရှိ လုံလုံခြုံခြုံ အသုံးပြုတတ် စေရန် ရည်ရွယ်၍ Telenorမြန်မာဆက်သွယ်ရေးကုမ္ပဏီမှ ပညာပေးဟောပြောပွဲ ပြုလုပ်

မိုးညှင်းပြည်သူ့ဆေးရုံတွင်အချုပ်သားဆေးကုသဆောင်တည်ဆောက်မည့် တွက်ချက်လျာထားချက် မြေပုံတို့ကို မတင်ပြနိုင်သေး

ပြည်နယ်လုံးဆိုင်ရာနှစ်သစ်ကူးပွဲတော်တွင်တကွင်းရှမ်းစာပေနှင့်ယဉ်ကျေးမှုမှကျင်းပပြုလုပ်သောပထမအကြိမ်ကံစမ်းမဲဖွင့်လှစ်

ဗန်းမော်မြို့တွင် စစ်ဘေးတိမ်းရှောင်စခန်းနေ နဝမတန်းကျောင်းသားတစ်ဦး ဓားခုတ်ခံရ၍ သေဆုံး

ဆင်ဘိုမြို့ယောဂီဝတ်အသင်းအဖွဲ့မှဝန်းသိုကျောင်းတိုက် ဆရာတော်ဘုရားကြီး၏ရုပ်ကလပ်ကိန်းဝပ်ရာ နိဗ္ဗာန်စံကျေင်းသို့ ပဌာန်း၊ပရိတ်တော်သံဝေဂတို့အား လာရောက်ရွတ်ဖတ်ပူဇော်

မော်ဟန်ကျေးရွာတွင်မှ ထောင်ကျဖူးသူ အမျိုးသမီးမှ မူးယစ်ဆေးရောင်းချသဖြင့် ပြန်လည်ဖမ်းဆီးမိ

ဗန်းမော်တွင် မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် သစ်ပင်နှင့် တောင်ကမ်းပါးယံမြေပြိုကျ၍ လမ်းပိတ်ဆို့မှု

မော်ဟန်-နမ္မချီကားလမ်းတွင် မူးယစ်ဆေးသယ်ဆောင်သူ(၂)ဦးအားဖမ်းဆီးမိ

Northern Green Bike အဖွဲ့ မြစ်ကြီးနားသို့ရောက်ရှိ