အမျိုးသမီးနှစ်ဦးထံမှ နေအိမ်အတွင်း စိုက်ပျိုးထားသော ဆေးခြောက်အပင်များဖမ်းဆီးရမိ

အမျိုးသမီးနှစ်ဦးထံမှ နေအိမ်အတွင်း စိုက်ပျိုးထားသော ဆေးခြောက်အပင်များဖမ်းဆီးရမိ
 
EPN
မြစ်ကြီးနား  နိုဝင်ဘာ ၂၉
  • မြစ်ကြီးနားမြို့နယ်တွင် နေအိမ်အတွင်း စိုက်ပျိုးထားရှိသော ဆေးခြောက်အပင်၅ပင်နှင့် ဆေးခြောက် များဖမ်းဆီးရမိခဲ့ကြောင်း အမှတ်၂ မူးယစ်တပ်ဖွဲ့စုရုံးမှ သိရသည်။
  • မြစ်ကြီးနားမြို့နယ် အတွင်းတွင် နိုဝင်ဘာ၂၈ရက် တစ်ရက်တည်း၌ နန်းကွေ့ကျေးရွာနှင့် ကျွန်းပင်သာ ရပ်ကွက်အတွင်းရှိ အမျိုးသမီးနှစ်ဦးထံမှ သတင်းအရ ဝင်ရောက်ရှာဖွေရာမှ ဖမ်းဆီးရမိခြင်းဖြစ်သည်။
  • ``ဆေးခြောက်တွေနဲ့အတူ အရင်မိတာကတော့ နန်းကွေ့ရွာက မအားနာကို မိတာပေါ့သူ့ရဲ့ထွက် ဆိုချက်အရ ဆက်စပ်တရားခံ ကျွန်းပင်သာရပ်ကွက်က မဆိုင်းတောင်ဆီက ထပ်မိတာပါ´´ဟု မြစ်ကြီးနားမြို့ မူးယစ်တပ်ဖွဲ့စု ၂မှ ရဲမှုးဌေးလွင်ကပြောသည်။
  • နန်းကွေ့ကျေးရွာ၊ရပ်ကွက်၅နေ မအားနာ၏ နေအိမ်အတွင်းမှ နေအိမ်မီးဖိုအတွင်း၌ ပီနံအိတ်ထဲ၌ ဆေးခြောက်၅၇၁ဂရမ်၊တန်ဖိုး (၁၉၉၈၅၀)ကျပ် သိမ်းဆည်းရမိပြီး ၎င်းနှင့်ဆက်စပ်တရားခံ မဆိုင်းတောင်၊ ကျွန်းပင်သာရပ်ကွက်၊အမှတ်၆၉၅(B)နေသူ၏ နေအိမ်အတွင်းမှ ခြံဝင်းအတွင်း စိုက်ပျိုးထားသော ဆေးခြောက် အပင် ၅ပင်နှင့် မီးဖိုဆောင် ပန်းကန်စင်ပေါ်မှ ဆေးခြောက်စုစုပေါင်း အလေးချိန် ၁၀.၁၅ ကီလိုဂရမ်၊တန်ဖိုး (၃၅၅၂၅၀၀)ကျပ် ကိုဖမ်းဆီးမိခဲ့ခြင်း ဖြစ်သည်။
  • အဆိုပါ တရားခံဟု ယူဆရသူ မအားနာကို မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ပုဒ်မ၁၅/၁၉ (က)အရ အမှုဖွင့် အရေးယူထားပြီး မဆိုင်းတောင်ကို ပုဒ်မ၁၅/၁၉နှင့်အတူ မူးယစ်ဆေးဝါး စိုက်ပျိုးသည့်ပုဒ်မ ၁၆(က)နှင့်အတူ ပုဒ်မ၂ခုဖြင့် အရေးယူထားကြောင်း မူးယစ်တပ်ဖွဲ့စု ၂၏ မှုခင်းမှတ်တမ်းများမှ သိရသည်။
                                                                 မီးမီး

Comments

သတင်းခေါင်းစဉ်များ

အင်တာနက်ကို အကျိုးရှိရှိ လုံလုံခြုံခြုံ အသုံးပြုတတ် စေရန် ရည်ရွယ်၍ Telenorမြန်မာဆက်သွယ်ရေးကုမ္ပဏီမှ ပညာပေးဟောပြောပွဲ ပြုလုပ်

မိုးညှင်းပြည်သူ့ဆေးရုံတွင်အချုပ်သားဆေးကုသဆောင်တည်ဆောက်မည့် တွက်ချက်လျာထားချက် မြေပုံတို့ကို မတင်ပြနိုင်သေး

ပြည်နယ်လုံးဆိုင်ရာနှစ်သစ်ကူးပွဲတော်တွင်တကွင်းရှမ်းစာပေနှင့်ယဉ်ကျေးမှုမှကျင်းပပြုလုပ်သောပထမအကြိမ်ကံစမ်းမဲဖွင့်လှစ်

ဗန်းမော်မြို့တွင် စစ်ဘေးတိမ်းရှောင်စခန်းနေ နဝမတန်းကျောင်းသားတစ်ဦး ဓားခုတ်ခံရ၍ သေဆုံး

ဆင်ဘိုမြို့ယောဂီဝတ်အသင်းအဖွဲ့မှဝန်းသိုကျောင်းတိုက် ဆရာတော်ဘုရားကြီး၏ရုပ်ကလပ်ကိန်းဝပ်ရာ နိဗ္ဗာန်စံကျေင်းသို့ ပဌာန်း၊ပရိတ်တော်သံဝေဂတို့အား လာရောက်ရွတ်ဖတ်ပူဇော်

မော်ဟန်ကျေးရွာတွင်မှ ထောင်ကျဖူးသူ အမျိုးသမီးမှ မူးယစ်ဆေးရောင်းချသဖြင့် ပြန်လည်ဖမ်းဆီးမိ

ဗန်းမော်တွင် မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် သစ်ပင်နှင့် တောင်ကမ်းပါးယံမြေပြိုကျ၍ လမ်းပိတ်ဆို့မှု

မော်ဟန်-နမ္မချီကားလမ်းတွင် မူးယစ်ဆေးသယ်ဆောင်သူ(၂)ဦးအားဖမ်းဆီးမိ

Northern Green Bike အဖွဲ့ မြစ်ကြီးနားသို့ရောက်ရှိ