တရုတ်နိုင်ငံသို့ ရောင်းစားခံရသူ အမျိုးသမီးတစ်ဦး ၂နှစ်ကျော်အကြာတွင် ပြန်လည်တွေ့ရှိ



တရုတ်နိုင်ငံသို့ ရောင်းစားခံရသူ အမျိုးသမီးတစ်ဦး ၂နှစ်ကျော်အကြာတွင် ပြန်လည်တွေ့ရှိ

EPN
မြစ်ကြီးနား၊ နိုဝင်ဘာ ၂၈

  • ကချင်ပြည်နယ် ဝိုင်းမော်မြို့အတွင်းရှိ နောင်စီပေါကျေးရွာတွင် နေထိုင်သော အမျိုးသမီးတစ်ဦးက တရုတ်နိုင်ငံ သို့ ရောင်းစားခံခဲ့ရပြီး နှစ်နှစ်ကျော်အကြာ၌ ပြန်လည်တွေ့ရှိခဲ့ကြောင်း သိရသည်။

  • အဆိုပါ အသက်၁၇နှစ် အမျိုးသမီးတစ်ဦးကို တရုတ်အမျိုးသားထံ လွန်ခဲ့သော နှစ်နှစ်ကျော်ခန့် က ရောင်းစားခံခဲ့ရပြီး ပြန်လည် တွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း၊ ၎င်းအား ပြန်လည်တွေ့ရှိချိန်တွင် အသက်၁၉ နှစ် အရွယ်ဖြစ်နေပြီဖြစ်ကြောင်း မြစ်ကြီးနားမြို့ အမှတ်၁၂ လူကုန်ကူးမှု တားဆီးနှိမ်နှင်းရေး ရဲတပ်ဖွဲ့ မှ သိရသည်။

  • ``ရောင်းစားခံရပြီး ၂နှစ်ကျော်ကြာတဲ့အချိန်မှာ သူဘယ်မှာရောက်ရှိနေကြောင်း သူ့အဖေရဲ့ဖုန်းကို ဆက်ခဲ့ရာကနေတစ်ဆင့် တရားခံ သားအမိနှစ်ယောက်ဆိုတာ သိခဲ့ရတယ် သမီးကိုတော့ မိထားတယ် ရင်ကျန်းမှာနေတဲ့ သူ့အမေကိုတော့ တရုတ်မြန်မာ နှစ်နိုင်ငံဆက်သွယ်ရေးရုံးကနေတစ်ဆင့် ဖမ်းဆီး ရမိဖို့ လုပ်နေပါတယ် ´´ဟု အမှတ်၁၂ လူကုန်ကူးမှု တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့ မှ ရဲအုပ်လှိုင်စိုးကပြောသည်။

  • ကချင်ပြည်နယ် ၊ဝိုင်းမော်မြို့နယ် နောင်စီပေါကျေးရွာနေ မ×××သည်၂၀၁၅ခုနှစ်တွင် တစ်ရွာတည်းနေ မဂျာကူမှ ၎င်း၏အမေ ရင်ကျန်းမြို့နေ ဒေါ်ဂျာဘောက်ထံ ဆက်သွယ်ပို့ဆောင်၍ တရုတ်နိုင်ငံ ဟေးနန်မြို့အနီး ချင်းကုန်းကျေးရွာရှိ တရုတ်အမျိုးသားထံ ယွမ်၈သောင်း (မြန်မာငွေ  သိန်း၁၇၀ခန့်) ဖြင့်ရောင်းစားခံခဲ့ရပြီး ၂၀၁၇ခုနှစ် ယခုလတွင် ၎င်း၏ ဖခင်နှင့်ဖုန်းအဆက်အသွယ် ရရှိပြီး လူကုန်ကူးမှု တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့ထံသို့ လာရောက်တိုင်ကြားရာမှ တရားခံ မဂျာကူကို ဖမ်းဆီး ရမိကြောင်း သိရသည်။

  • အဆိုပါ တရားခံဟု ယူဆရသူ မဂျာကူကို ဝိုင်းမော်မြို့နယ်၊မြို့မရဲစခန်းတွင် အမှုအမှတ်(ပ)၈၆/၂၀၁၇ ဖြင့်ရဲအုပ်လှိုင်စိုးမှ တရားလိုပြုလုပ်၍ အမှုရေးဖွင့် ထားပြီး ၎င်းနှင့်အတူ ကျူးလွန်သူ ဒေါ်ဂျာဘောက်အား ဖမ်းဆီးရမိရေး ဆောင်ရွက်နေကြောင်း သိရသည်။

  •  ၂၀၁၇ခုနှစ် ဇန်နဝါရီလမှ နိုဝင်ဘာလ ယခုအချိန်အထိ မြစ်ကြီးနားမြို့၌ လူကုန်ကူးခံရသူ ၁၉ဦး၊ ဗန်းမော်မြို့တွင် ၁ဦး၊လွယ်ဂျယ်မြို့တွင် ၈ဦးရှိကြောင်း မြစ်ကြီးနားမြို့ အမှတ်၁၂ လူကုန်ကူးမှု တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့ ၏ စာရင်းများအရ သိရသည်။

                                            မီးမီး


Comments

သတင်းခေါင်းစဉ်များ

အင်တာနက်ကို အကျိုးရှိရှိ လုံလုံခြုံခြုံ အသုံးပြုတတ် စေရန် ရည်ရွယ်၍ Telenorမြန်မာဆက်သွယ်ရေးကုမ္ပဏီမှ ပညာပေးဟောပြောပွဲ ပြုလုပ်

မိုးညှင်းပြည်သူ့ဆေးရုံတွင်အချုပ်သားဆေးကုသဆောင်တည်ဆောက်မည့် တွက်ချက်လျာထားချက် မြေပုံတို့ကို မတင်ပြနိုင်သေး

ပြည်နယ်လုံးဆိုင်ရာနှစ်သစ်ကူးပွဲတော်တွင်တကွင်းရှမ်းစာပေနှင့်ယဉ်ကျေးမှုမှကျင်းပပြုလုပ်သောပထမအကြိမ်ကံစမ်းမဲဖွင့်လှစ်

ဗန်းမော်မြို့တွင် စစ်ဘေးတိမ်းရှောင်စခန်းနေ နဝမတန်းကျောင်းသားတစ်ဦး ဓားခုတ်ခံရ၍ သေဆုံး

ဆင်ဘိုမြို့ယောဂီဝတ်အသင်းအဖွဲ့မှဝန်းသိုကျောင်းတိုက် ဆရာတော်ဘုရားကြီး၏ရုပ်ကလပ်ကိန်းဝပ်ရာ နိဗ္ဗာန်စံကျေင်းသို့ ပဌာန်း၊ပရိတ်တော်သံဝေဂတို့အား လာရောက်ရွတ်ဖတ်ပူဇော်

မော်ဟန်ကျေးရွာတွင်မှ ထောင်ကျဖူးသူ အမျိုးသမီးမှ မူးယစ်ဆေးရောင်းချသဖြင့် ပြန်လည်ဖမ်းဆီးမိ

ဗန်းမော်တွင် မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် သစ်ပင်နှင့် တောင်ကမ်းပါးယံမြေပြိုကျ၍ လမ်းပိတ်ဆို့မှု

မော်ဟန်-နမ္မချီကားလမ်းတွင် မူးယစ်ဆေးသယ်ဆောင်သူ(၂)ဦးအားဖမ်းဆီးမိ

Northern Green Bike အဖွဲ့ မြစ်ကြီးနားသို့ရောက်ရှိ