လိုင်စင်မဲ့ကားများကို မြို့အဝင်ဂိတ်များတွင် ပညာပေးကာလသာ ပြုလုပ် ထားဟုဆို

လိုင်စင်မဲ့ကားများကို မြို့အဝင်ဂိတ်များတွင် ပညာပေးကာလသာ ပြုလုပ် ထားဟုဆို
 
EPNမြစ်ကြီးနား နိုဝင်ဘာ ၂၉


  • မြစ်ကြီးနားမြို့ဝင်ဂိတ်များတွင် လိုင်စင်မဲ့ကားများကို တစ်မြို့နယ်မှ တစ်မြို့နယ်သို့ ဝင်ထွက်သွားလာမှု မပြုရန်ပညာပေးကာလကို ယခုထိပြုလုပ်ထားသည်ဟု ကချင်ပြည်နယ်အစိုးရအဖွဲ့၏ပြောရေးဆိုခွင့်ရှိသူ ကချင်ပြည်နယ် ဥပဒေချုပ် ဦးဒီဆင်ရမ် ကပြောသည်။
  • ယခင်က မြစ်ကြီးနားမြို့အဝင်ရှိ ၂၁မိုင်ပးပေါင်းစစ်ဆေးရေးဂိတ်နှင့် ဗလမင်းထင်တံတား အနီးရှိ ပူးပေါင်း စစ်ဆေးရေးဂိတ် နှစ်ခုတွင်  ၁၆.၈.၂၀၁၇မှ ၃၁.၁၀.၂၀၁၇ထ ပညာပေးကာလကို ပြုလုပ်ခဲ့ပြီး  ၃လသာသက်မှတ်ခဲ့သော်လည်း ယခုအချိန်ထိ ပညာပေးကာလ အဖြစ်ဆောင်ရွက်နေကြောင်း  ကချင်ပြည်နယ်အစိုးရအဖွဲ့ရုံးမှသိရသည်။
  • ``အခုလောလောဆည်တော့ ပညာပေးကာလပါပဲ ထပ်ပြီးတိုးမြှင့်ထားတယ် ဘယ်အချိန်ထိ ပညာပေး ကာလ ပဲလုပ်ထားမလည်း ဆိုတာကိုတော့ ပြောလို့မရသေးဘူး အရးပေါ်ကိစ္စ တွေရှိလာရင်တော့  သွားလို့ရ တယ်  ဒါပေမယ့် လိုင်စင်မဲ့ ကားတွေကို မစီးတာနဲ့ မဝယ်တာက တော့ အကောင်းဆုံးပါပဲ´´ ဟု ဦးဒီဆင်ရမ် ကပြောသည်။
  • ယခုနှစ်သြဂုတ်လမှစတင်၍ အောက်တိုဘာ၃၁ရက်အထိ လိုင်စင်မဲ့ကားများနယ်စပ်ဖြတ်ကျော်သွား လာ ခြင်း မပြုရန်ပညာပေးကာလ သတ်မှတ်ခဲ့ပြီး နိုဝင်ဘာ ၁ရက်နေ့တွင် စတင်အရေးယူမည်ဟု ကချင်ပြည် နယ်ဝန်ကြီးချုပ် ဒေါက်တာခက်အောင်မှ ပြောကြား ထားသောကြောင့် ပြည်သူများအကြား စိုးရိမ်မှုများ ရှိနေကြ ကြောင်း ရပ်ကွက်နေသူများထံမှ သိရသည်။
  • ``စစ်ရေးအရကြည့်ရင် လိုင်စင်မဲ့ ကားတွေနဲ့ တရားမဝင်လက်နက်သယ်ဆောင်တာတို့ မူးယစ်ဆေးဝါး သယ်ဆောင်တာတို့ရှိတယ် နိုင်ငံရေးအရ ကြည့်ရင်လည်း ပြည်သူတွေ ကလေးကျောင်း အကြိုအပို့တွေ လုပ်နေ တာကိုမြင်လို့ ပြည်သူတွေနဲ့  ပြသနာမြင့်တက်မှု့တွေ မဖြစ်ချင်လို့ လတ်တစ်လော မလုပ်သင့်သေးဘူးလို့ ထင် လို့ပါ´´ဟု နိုဝင်ဘာ ၂၆ရက်က ပြည်ထောင်စုဝန်ကြီးဒေါက်တာသန်းမြင့်မှ ကချင်ပြည်နယ် ကုန်သည် များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များအသင်းနှင့် တွေ့ဆုံပွဲတွင် ကချင်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာခက်အောင် က ပြောကြားခဲ့သည်။
  • ကချင်ပြည်နယ်နှင့် စစ်ကိုင်းတိုင်းအစပ်ရှိ နန့်စီးအောင်နယ်စပ်ဂိတ်တွင်  ၂၀၁၇အတွင်း အမှတ်၁၀၁၊ မိုးညှင်းယာဉ်ထိန်းရဲတပ်ဖွဲ့ရုံးမှ အရေးယူထားသည့် လိုင်စင်မဲ့ကား (၁၁) စီးရှိပြီး ကချင်ပြည်နယ်၏ နယ်စပ်ဂိတ် များတွင် လိုင်စင်မဲ့ကား များ ဝင်လာမှုကို အရေးယူဆောင်ရွက်နေကြောင်း သိရသည်။
                                                                     မီးမီး

Comments

သတင်းခေါင်းစဉ်များ

အင်တာနက်ကို အကျိုးရှိရှိ လုံလုံခြုံခြုံ အသုံးပြုတတ် စေရန် ရည်ရွယ်၍ Telenorမြန်မာဆက်သွယ်ရေးကုမ္ပဏီမှ ပညာပေးဟောပြောပွဲ ပြုလုပ်

မိုးညှင်းပြည်သူ့ဆေးရုံတွင်အချုပ်သားဆေးကုသဆောင်တည်ဆောက်မည့် တွက်ချက်လျာထားချက် မြေပုံတို့ကို မတင်ပြနိုင်သေး

ပြည်နယ်လုံးဆိုင်ရာနှစ်သစ်ကူးပွဲတော်တွင်တကွင်းရှမ်းစာပေနှင့်ယဉ်ကျေးမှုမှကျင်းပပြုလုပ်သောပထမအကြိမ်ကံစမ်းမဲဖွင့်လှစ်

ဗန်းမော်မြို့တွင် စစ်ဘေးတိမ်းရှောင်စခန်းနေ နဝမတန်းကျောင်းသားတစ်ဦး ဓားခုတ်ခံရ၍ သေဆုံး

ဆင်ဘိုမြို့ယောဂီဝတ်အသင်းအဖွဲ့မှဝန်းသိုကျောင်းတိုက် ဆရာတော်ဘုရားကြီး၏ရုပ်ကလပ်ကိန်းဝပ်ရာ နိဗ္ဗာန်စံကျေင်းသို့ ပဌာန်း၊ပရိတ်တော်သံဝေဂတို့အား လာရောက်ရွတ်ဖတ်ပူဇော်

မော်ဟန်ကျေးရွာတွင်မှ ထောင်ကျဖူးသူ အမျိုးသမီးမှ မူးယစ်ဆေးရောင်းချသဖြင့် ပြန်လည်ဖမ်းဆီးမိ

ဗန်းမော်တွင် မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် သစ်ပင်နှင့် တောင်ကမ်းပါးယံမြေပြိုကျ၍ လမ်းပိတ်ဆို့မှု

မော်ဟန်-နမ္မချီကားလမ်းတွင် မူးယစ်ဆေးသယ်ဆောင်သူ(၂)ဦးအားဖမ်းဆီးမိ

Northern Green Bike အဖွဲ့ မြစ်ကြီးနားသို့ရောက်ရှိ